Friday, November 1, 2019

ကျီးကန်း ၊ ခွေးနဲ့ကြက်ဥ

ကြားဖူးတဲ့ပုံပြင်လေးက ဒီလိုပါ

တောထဲမှာ ကျီးကန်းတစ်ကောင်ရှိသတဲ့
အဲ့ဒီကျီးကန်းက သူရှာတွေ သမျှ အစားအစာတွေထဲမှာ ကြက်ဥ ကိုမကြိုက်ပါဘူး
ဒီတော့ ကျီးကန်းက အမြဲပဲ သူရှာတဲ့အစားအစာတွေထဲကကြက်ဥကို သူ့သစ်ပင်အောက်ခြေမှာ လာလာအိပ်နေတဲ့ ခွေးကိုကျွေးလေ့ရှိတယ်
ခွေးကလည်း ကျီးကန်းကို ကျေးဇူးတင်စကားဆိုပါတယ်
ဒီလိုနဲ့ အကျင့်ဖြစ်ဖြစ်လာတော့ ကြာလာတဲ့အခါ ခွေးရဲ့စိတ်ထဲမှာ ကျီးကန်းဟာ သူ့ကို ကြက်ဥ ပေးကိုပေးရမယ်လို့ထင်မှတ်လာသတဲ့ ။
ဒီလိုနဲ့ တစ်နေ့မှာ ...
ကျီးကန်းက သူ့အစားအစာတွေထဲက ကြက်ဥကို ငါးကိုကျွေးလိုက်တယ်
အဲဒီအခါ ခွေးဟာ ကျီးကန်းကိုမကျေနပ်တော့ပဲ မခေါ်မပြောပဲ နေပါတော့တယ်
တကယ်တော့ခွေးဟာ အစကတည်းက ကြက်ဥသည်ကျီးကန်းရှာဖွေထားတဲ့အတွက်ကျီးကန်းပိုင်တယ် သူ့မှာ ဘယ်သူ့ကို ပေးမလဲဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတာကို မေ့သွားတာဖြစ်ပါတယ် ။
ဒီလိုနဲ့ပဲ ခွေးနဲ့ကျီးကန်းဟာ မိတ်ပျက်ပြီး အခေါ်အပြောမလုပ်ကြတော့ပါဘူး ။
^^^^^^^^^^^^^^^^^^^^^^^^^
သင့်အပေါ်ကောင်းနေတဲ့လူတွေ တစ်နေ့မှာ ပျက်ကွက်ခဲ့ရင် မငြူစူပါနဲ့
သင့်အပေါ်ကောင်းပေးဖို့ သူတို့မှာ တာဝန်မရှိပါဘူး ။

သင့်အပေါ် စေတနာထားတဲ့လူတွေ တစ်နေ့မှာ ပျက်ကွက်ခဲ့ရင် မကျေမနပ်မဖြစ်ပါနဲ့
သင့်အပေါ် စေတနာထားဖို့ သူတို့မှာတာဝန်မရှိပါဘူး ။

ကိုယ့်အပေါ်ကိုကောင်းခြင်းဆိုးခြင်းတွေကို အကျင့်မဖြစ်မိပါစေနဲ့
သင့်အပေါ်ကောင်းဖို့ ဆိုးဖို့ဆိုတာ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး ။

ဘယ်အချိန် ခွဲရမလဲမသိတဲ့ လူ့ဘ၀တိုတိုလေးမှာ
ကျေးဇူးတရားကို သိတတ်ပြီးအမှတ်ရနေမှသာ လူပီသပါလိမ့်မယ် ။

သက်တန့်ချို
1st-Nov 2019
------------------------------------------------------------
ၾကားဖူးတဲ့ပုံျပင္ေလးက ဒီလိုပါ

ေတာထဲမွာ က်ီးကန္းတစ္ေကာင္ရွိသတဲ့
အဲ့ဒီက်ီးကန္းက သူရွာေတြ သမွ် အစားအစာေတြထဲမွာ ၾကက္ဥ ကိုမႀကိဳက္ပါဘူး
ဒီေတာ့ က်ီးကန္းက အၿမဲပဲ သူရွာတဲ့အစားအစာေတြထဲကၾကက္ဥကို သူ႔သစ္ပင္ေအာက္ေျခမွာ လာလာအိပ္ေနတဲ့ ေခြးကိုေကြၽးေလ့ရွိတယ္
ေခြးကလည္း က်ီးကန္းကို ေက်းဇူးတင္စကားဆိုပါတယ္
ဒီလိုနဲ႔ အက်င့္ျဖစ္ျဖစ္လာေတာ့ ၾကာလာတဲ့အခါ ေခြးရဲ႕စိတ္ထဲမွာ က်ီးကန္းဟာ သူ႔ကို ၾကက္ဥ ေပးကိုေပးရမယ္လို႔ထင္မွတ္လာသတဲ့ ။
ဒီလိုနဲ႔ တစ္ေန႔မွာ ...
က်ီးကန္းက သူ႔အစားအစာေတြထဲက ၾကက္ဥကို ငါးကိုေကြၽးလိုက္တယ္
အဲဒီအခါ ေခြးဟာ က်ီးကန္းကိုမေက်နပ္ေတာ့ပဲ မေခၚမေျပာပဲ ေနပါေတာ့တယ္
တကယ္ေတာ့ေခြးဟာ အစကတည္းက ၾကက္ဥသည္က်ီးကန္းရွာေဖြထားတဲ့အတြက္က်ီးကန္းပိုင္တယ္ သူ႔မွာ ဘယ္သူ႔ကို ေပးမလဲဆိုတဲ့ ဆုံးျဖတ္ပိုင္ခြင့္ရွိတာကို ေမ့သြားတာျဖစ္ပါတယ္ ။
ဒီလိုနဲ႔ပဲ ေခြးနဲ႔က်ီးကန္းဟာ မိတ္ပ်က္ၿပီး အေခၚအေျပာမလုပ္ၾကေတာ့ပါဘူး ။
^^^^^^^^^^^^^^^^^^^^^^^^^
သင့္အေပၚေကာင္းေနတဲ့လူေတြ တစ္ေန႔မွာ ပ်က္ကြက္ခဲ့ရင္ မျငဴစူပါနဲ႔
သင့္အေပၚေကာင္းေပးဖို႔ သူတို႔မွာ တာဝန္မရွိပါဘူး ။

သင့္အေပၚ ေစတနာထားတဲ့လူေတြ တစ္ေန႔မွာ ပ်က္ကြက္ခဲ့ရင္ မေက်မနပ္မျဖစ္ပါနဲ႔
သင့္အေပၚ ေစတနာထားဖို႔ သူတို႔မွာတာဝန္မရွိပါဘူး ။

ကိုယ့္အေပၚကိုေကာင္းျခင္းဆိုးျခင္းေတြကို အက်င့္မျဖစ္မိပါေစနဲ႔
သင့္အေပၚေကာင္းဖို႔ ဆိုးဖို႔ဆိုတာ ဘယ္သူ႔မွာမွ တာဝန္မရွိပါဘူး ။

ဘယ္အခ်ိန္ ခြဲရမလဲမသိတဲ့ လူ႔ဘ၀တိုတိုေလးမွာ
ေက်းဇူးတရားကို သိတတ္ၿပီးအမွတ္ရေနမွသာ လူပီသပါလိမ့္မယ္ ။

သက္တန႔္ခ်ိဳ
1st-Nov 2019


No comments:

Post a Comment