Friday, January 31, 2020

Wuhan Coronaviruses Update 1/31

တရုတ်ပြည်မှာ Confirmed cases ဟာ တစ်ရက်တည်းမှာ ၂၀၀၀ ထိခုန်တက်သွားတယ် ဒါကြောင့် တရုတ်ပြည်ရဲ့ စုစုပေါင်း ကူးစက်ခံရမှုဦးရေဟာ ၉၆၀၀ ရှိသွားပြီဖြစ်ကြောင်း CNN မှာ ဖော်ပြထားပါတယ်

မနေ့က ဇန်နဝါရီ ၃၀ မှာ Wuhan ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အတည်ပြုခံရသူဦးရေမှာ ၉၆၉၂ ယောက်ရှိတယ်လို့ China's National Health Commission က ကြေငြာခဲ့ပါတယ် ။

တရုတ်ပြည်မှာ အခုဆိုရင် လူပေါင်း ၂၁၃ ဦး သေဆုံးပြီးဖြစ်ပြီး new deaths ၄၂ ဦးကိုတော့ Hubei province မှာ ဖြစ်ပွားခဲ့တာတွေ့ရပါတယ် ။ ရောဂါဖြစ်ပွားပြီး Total recovered ရသူကတော့ ၁၄၃ ယောက်ပဲရှိပါသေးတယ် ။

အကြံပေးချင်တာကတော့ မြန်မာနိုင်ငံမှာ Confirmed case မတွေ့သေးဘူးဆိုတာထက် ‌Confirmed ဖြစ်နေရင်တောင် ထိုင်းကိုပို့ပြီးစစ်ရမှာလို့သိထားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီးနေတာအကောင်းဆုံးပါပဲ ။

မှာ ချင်တာ အဓိက (၃) ချက်ပဲရှိပါတယ် ။

၁ ။ လူထူထပ်တဲ့နေရာတွေကိုတပ်နိုင်သမျှရှောင်ပါ ။ အပြင်သွားမယ်ဆို နှာခေါင်းစည်းတပ်ထားပါ ။
၂ ။ ဖျားနာ ချောင်းဆိုးတဲ့လူတွေနား တတ်နိုင်သမျှ မကပ်ပါနဲ့ ဝေးဝေးနေပါ ။
၃ ။ အပြင်ကပြန်လာပြီးတိုင်းဖြစ်စေ ၊ အရာ၀ထ္ထုတွေကိုင်တွယ်ထားပြီးတိုင်းဖြစ်စေ လက်ဆေးပါ ။

No comments:

Post a Comment