Monday, October 6, 2014

ကိုယ်ပိုင်အလင်းရောင်ထွန်းညှိနိုင်ဖို့





လောဘကြီးသူက အလိုကြီးအရနည်းတတ်တယ်

အယုံလွယ်တဲ့သူက သူတစ်ပါးလှည့်စားတာခံရတတ်တယ်

သနားကြင်နာလွယ်တတ်သူက သူတစ်ပါးလိမ်ညာတာခံရတတ်တယ်

အားနာတတ်သူက သူတစ်ပါးအနိုင်ကျင့်တာခံရတတ်တယ်

သူတစ်ပါးဆီက ရတဲ့အလင်းရောင်မှာ ကျေနပ်ပျော်မွေ့မနေပါနဲ့
ကိုယ်ကိုယ်တိုင် ထွန်းလင်းနိုင်အောင်ကြိုးစားပြီး
ကိုယ့်ဆီက အလင်းရောင်နဲ့
သူတစ်ပါးရဲ့မှောင်မိုက်ခြင်းတွေကိုအလင်းပေးနိုင်ပါစေ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 4, 2014

ဖြောင့်မှန်သော လမ်းကိုလျှောက်ပါ


လောကကြီးမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်

" ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် " တဲ့

ကိုယ်က သူတော်စင် သူတော်ကောင်းကြီးမဟုတ်တောင်
မသူတော်မဖြစ်အောင်တော့ ကြိုးစားရမယ်မဟုတ်လား

အရှိကို အရှိအတိုင်း ရိုးရှင်းစွာ နေထိုင်ခြင်းကလည်း
သင့်ကို လူတွေ လေးစားလာမယ့်အချက်တစ်ချက်ပါပဲ

ဆင်းရဲတာချမ်းသာတာ
အပေါင်းအသင်းနည်းတာ အပေါင်းအသင်းများတာ
ရာထူးကြီးတာ ရာထူးသေးတာ အရာအားလုံးဟာ
တဒင်္ဂ မတည်မြဲခြင်းတွေပါ

စစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာ တစ်ခုတည်းရှိပါတယ်
အဲ့ဒါကတော့ အရှိကို အရှိအတိုင်းလက်ခံနေထိုင်ပြီး
ဖြောင့်မှန်သော လမ်းကို လျှောက်လှမ်းခြင်းပါပဲ ။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 1, 2014

အဆိုးတွေကို အကောင်းတွေအဖြစ်ပြောင်းလဲယူပါ

ကိုယ့်ကိုကဲ့ရဲ့မှုတွေကို
ရှေ့ဆက်ဖို့ခွန်အားတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို မုန်းနေသူတွေရဲ့အကြည့်တွေကို
ရှေ့ဆက်ဖို့ အားဆေးတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို အထင်သေးတွေရဲ့အပြုအမူတွေကို
ရှေ့ဆက်ဖို့ လမ်းပြပေးတဲ့အလင်းရောင်တွေလို့မှတ်ယူကြည့်ပါ

တခါတလေ အဆိုးတွေကို အကောင်းတွေအဖြစ် ပြောင်းလဲ ယူတတ်ခြင်းကလည်း
အကြိမ်ကြိမ် ကျရှုံးပေမယ့် လုံးဝ လက်မလျော့တတ်ခြင်းနဲ့ဆင်တူပါတယ်

ကိုယ့်တန်ဖိုးကို ကိုယ့်ရင်ဘတ်မှာ ကိုယ်ကိုယ်တိုင်ကပ်နိုင်ကြပါစေ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 30, 2014

လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်



လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်

၁ ။ အလကားနေရင်း ကြွားဝါခြင်းတွေသိပ်မလုပ်နဲ့

၂ ။ နေရင်းထိုင်းရင်း ဘေးနားကလူတွေကို မစော်ကားနဲ့

၃ ။ ပါးစပ်ကနေ ပေါပေါပဲပဲ စကားလုံးတွေ သိပ်မထွက်စေနဲ့ ။

" ဘ၀ပေးကုသိုလ်ကံကောင်းလို့ဖြစ်စေ
ကိုယ်ကြိုးစားလို့ဖြစ်စေ အမြင့်တစ်နေရာကိုရောက်သွားခဲ့ရင်
ဘေးနားကလူတွေ အောက်ခြေကလူတွေကို
လူ လို့ မသတ်မှတ်တော့တဲ့ လူ့အခွံ့ဖြစ်သွားခြင်းကိုရှောင်ကြဉ်ပါ မိတ်ဆွေ "

သက်တန့်ချို

Friday, September 26, 2014

စိတ်နှလုံးသားတံခါး အဖွင့်မမှားမိစေနဲ့





ကိုယ်ပျော်ရွှင်တာ
ကိုယ်ဝမ်းနည်းတာ
ကိုယ်စိတ်ညစ်တာ
ကိုယ်ငိုရတာ သေချာတွေးကြည့်ရင်
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး

အားလုံးဟာကိုယ့်ကြောင့်ဖြစ်ရတာတွေချည်းပါပဲ

သင့်စိတ်တံခါးမှာ အရာရာကို ရွေးပြီးဖွင့်ပေးနိုင်တဲ့
နှလုံးသား ခလုတ်လေးတွေရှိတယ်

ပျော်ရွှင်ခြင်းကို သာလိုချင်ရင် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်ပါ
ဒီလိုမှမဟုတ်ပဲ တခြားသူတွေဆီက တဆင့်ကူးစက်တတ်တဲ့
ဝမ်းနည်းပူဆွေး စိတ်ညစ်စရာနဲ့ ပူလောင်မှု မျက်ရည်တွေကို သင်ခွင့်ပြုမိရင်
သင့်မှာပါ ၀မ်းနည်းစိတ်ညစ်စရာတွေဖြစ်လာမှာပေါ့

တကယ်တော့လောကကြီးမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး
ကိုယ့်ကို ၀မ်းနည်းအောင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မရှိပါဘူး

မပူုလောင်ချင်းဘူးဆိုရင် အပူမီးတွေကိုဝင်စေနိုင်တဲ့နှလုံးသားတံခါးပေါက်ကို
တစ်သက်လုံး ပိတ်ထားလိုက်ပါ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................