Friday, March 30, 2012

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိုးရွာမှ ဂီတသံတွေထွက်လာတဲ့အိမ်ကလေး

မိုးရွာမှ ဂီတသံတွေထွက်လာတဲ့အိမ်ကလေး



အိုး...လှလိုက်တဲ့ အနုပညာဆန်မှုလေး ။ ဒီအိမ်ကလေးက မိုးရွာမှ ဂီတသံတွေတီးခတ်ထွက်ပေါ်လာသတဲ့ ။

ဂျာမနီနိုင်ငံ Dresden မှာတည်ရှိပြီး သူ့ကို Neustadt Kunsthofpassage လို့ခေါ်ပါတယ် မိုးစရွာပြီဆိုတာနဲ့ သံစဉ် ကလေးတွေ ထွက်ပေါ်လာပါပြီ ။

ကဲ စိတ်ကူးလေးက မဆန်းသစ်ဘူးလား ။

သက်တန့်ချို
From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ



အမေ့မှာ မျက်လုံးတစ်လုံပဲရှီတယ် ။ ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာ ပါ ပဲ အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက် တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။

ကျောင်းတွေပိတ်ပြီးပထမဆုံကျောင်းပြန်ဖွင့်တဲ့ရက်တစ်ရက်မှာပေါ့ ။ အမေက ကျောင်းကို လာပြီး ကျွန်တော့်ကို သားလေး လို့ နှုတ်ဆက်တယ် ။ ကျွန်တော်ရှက်လိုက်တာ ဗျာ --- ။

ဘာလို့ အမေကျွန်တော့်ကို အဲဒီလိုဆက်ဆံရတာလဲ ။ ကျွန်တော်အမေ့ကို မေ့ထားချင်တယ် အမေ့ကို ကျွန်တော် မုန်းတီးစွာကြည့်ပြီးထွက်ပြေးခဲ့တယ် ။ နောက်ရက်ကျောင်းကိုရောက်တော့ သူငယ်ချင်းကပြောတယ် “ ဟီး မင်းအမေက မျက်လုံးတစ်ဖက်ပဲရှိတယ်နော် ”

ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တယ် ။ အဲဒီလိုပဲ အမေ့ကို လည်းလောက ကြီးထဲ ကနေ ပျောက် ကွယ်သွားစေချင်တယ် ။ တစ်နေ့ ကျွန်တော် အမေ့ရှေ့ရပ်ပြီးအမေ့ကိုပြောခဲ့တယ် ။

“ အမေကျွန်တော့်ကို ဒီလိုလူတွေရယ်စရာဖြစ်အောင်လုပ်နေရင် - - -အမေဘာလို့ မသေနိုင်သေးတာလဲ ”

အမေ က ကျွန်တော့်ကို ဘာမှမတုန့်ပြန်ခဲ့ဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော် ဘာပြောမိသလဲ ဆို တာမ သိတော့ သလို အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အတွေးတွေကိုမရပ်တန့်နိုင်ခဲ့ဘူး ။ ဘာကြောင့် လည်း ဆိုတော့ ကျွန်တော့်မှာဒေါသတွေပြည့်နှက်နေခဲ့တယ် ။ အမေဘယ်လိုခံစားသွားရသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ဘူး ။

ကျွန်တော်အိမ်ထဲကနေ အပြင်ထွက်ချင်ခဲ့တယ် အမေနဲ့လည်း ဆက်ပြောစရာဘာမှမရှိတော့ပါဘူး ။ ဒါကြောင့် နောက် ရက်တွေမှာ ကျွန်တော်စာကိုပြင်းထန်စွာကြိုးစားခဲ့ပြီး နိုင်ငံခြားမှာ ပညာတော် သင်သွား ရအောင် ကြိုးစားခဲ့တယ် ။

အဲဒီနောက် ကျွန်တော်အိမ်ထောင်ကျခဲ့တယ် ။ ကျွန်တော့်ဘာသာ အိမ်တစ်လုံးဝယ်ခဲ့တယ် ။ သားသ မီးတွေ လည်းရလာခဲ့တယ် ။ ကျွန်တော့် ဘ၀လေးမှာ သားတွေဇနီးတွေနဲ့ ကျွန်တော် ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာပေါ့ အမေက ကျွန်တော့်ဆီကို လာလည်ခဲ့တယ် ။ သူကျွန်တော့်ကို မတွေ့တာ သူ့မြေးတွေ ကိုမတွေ့ တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ ။

အမေ တံခါးရှေ့မှာ ရပ်နေတော့ ကျွန်တော့်ကလေးတွေက အမေ့ကိုကြည့်ပြီး အော်ရယ်နေခဲ့တယ် ။ ကျွန်တော် အမေ့ကို မဖိတ်ခေါ်ပဲ ဘာကြောင့် လာရသလဲဆိုပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ် ။ ကျွန်တော် အမေ့ကို ကြည့်ပြီး “ ကျွန်တော့်အိမ်ကို ခင်ဗျား လာရဲသေးသလား ကလေးတွေကိုခြောက်လှန့်မလို့လား ထွက်သွား စမ်းပါ ဗျာ ” လို့ပြောလိုက်တယ် ။

အမေက တိတ်ဆိတ်စွာပဲ ပြန်ဖြေတယ် ။ “ အို . . သားရယ် အမေ အိမ်လိပ်စာမှားပြီးလာမိတာပါကွယ် ” အဲဒီ လိုပြောပြီးအမေပြန်ထွက်သွားခဲ့တယ် ။

တစ်နေ့မှာ ကျောင်းသားဟောင်း အဖွဲ့ကနေ ကျွန်တော့်အိမ်ကို စာတစ်စောင်ရောက်လာခဲ့တယ် ။ ဒါကြောင့် ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်မယ်ဆိုပြီး ဇနီးသည်ကို လိမ်ခဲ့တယ် ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးတဲ့အခါ ကျွန်တော် သိလိုစိတ်ပြင်းပြလာတဲ့အတွက် အရင်အိမ်အဟောင်းတဲသာသာလေးဆီကိုပြန်သွားခဲ့တယ် ။

အိမ်နီးနားချင်းတွေကပြောကြတယ် အမေဆုံးသွားပြီတဲ့ ။ ကျွန်တော်မျက်ရည်တစ်စက်မကျမိဘူး ။ သူတို့က အမေ ကျွန်တော့်ဆီပေးခဲ့တဲ့စာတစ်စောင်ကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့တယ် ။

“ ချစ်လှစွာသော သားလေး - - -

အမေသားကို အချိန်တိုင်း သတိရနေပါတယ်ကွယ် အမေ သားအိမ်ဆီလာပြီး သားကလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး ။

သား ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာတယ်ဆိုတာ သိရလို့ အမေ အရမ်းဝမ်းသာပါတယ် ။ ဒါပေမယ့် အမေအိမ်ရာထဲ လဲနေတဲ့အချိန်မို့ သားကိုလာမတွေ့နိုင်တော့ဘူးကွယ် ။ သား ကြီးပြင်းလာ တဲ့ကာလ တလျှောက် လုံးအမေကသားအတွက် အရှက်ရစရာတစ်ခုဖြစ်စေခဲ့တအတွက် အမေ အရမ်းဝမ်းနည်းရပါတယ် စိတ်လည်း မကောင်းဖြစ်မိပါတယ် ။

သားမှတ်မိသေးလား သားငယ်ငယ်တုန်းကပေါ့ သား ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး မျက်လုံး တစ်လုံးဆုံး ရှုံးခဲ့ရ တယ် ။ အမေတစ်ယောက်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သားကြီးပြင်းလာရမှာ အမေမကြည့်ရက်ဘူးသားရယ် ဒါကြောင့် အမေ့မျက်လုံးတစ်လုံးကို သားဆီကိုပေးခဲ့တယ် ။

သားဟာ ကမ္ဘာသစ်တစ်ခုကို အမေ့ကိုယ်စားမြင်ပေးနေတဲ့အတွက် အမေ အရမ်းကို ဂုဏ်ယူမိတယ်သား ဒီနေ ရာလေးမှာ အဲဒီမျက်လုံးတွေနဲ့ပေါ့ - - -။

သားကို အရမ်းချစ်တဲ့

အမေ

##################################

သက်တန့်ချို
March -29-2012

My mom only had one eye အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 27, 2012

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်



၂၀၁၂ ခုနှစ်ရဲ့ ၃ လပိုင်းအတွင်းမှာ အလုပ်ကိစ္စနဲ့ ခရီးတွေခဏခဏ ထွက်နေရပါတယ် ။ ပူပြင်းလှတဲ့နွေရာသီမို့ အပူရှိန်ဟာ ပြင်းသထက်ပြင်းထန်လာနေပါတယ် ။ ယခုတစ်ခေါက်လည်း မွန်တို့ ဌာနေ မော်လမြိုင်မြို့ကို ခရီး တစ်ခေါက်ရောက် ခဲ့ပြန်ပါပြီ ။ သံလွင်မြစ်ကူးတံတားက မနက် ၄ နာရီမှဖွင့်တဲ့အတွက်ကားပေါ်မှာ တစ်နာ ရီလောက်တော့ ကားရပ်ပြီးစောင့်ခဲ့ရပါသေးတယ် ။ လှပတဲ့ သံလွင်မြစ်ကူးတံတားကို ဖြတ်ကျော် သွားတဲ့အ ခါမှာတော့ ရှုမငြီးဖွယ်ရာ မွန်တို့ဌာနေ မော်လမြိုင်မြို့က ဆီးလို့ ကြိုနေပါတော့တယ် ။ ခရီးသွားတဲ့အခါ အခက်အခဲ လည်း သိပ်မရှိလှပဲ တည်းခိုတဲ့ သံလွင်မြစ်ကမ်းပေါ်က ငွေမိုးဟိုတယ်ကလည်း အဆင်ပြေလှပါတယ် ။ ရောက်ရောက်ခြင်း ပထမရက်မှာပဲ တောင်ရိုးတန်းပေါ်က ဆိုင်ကယ်နဲ့သွားရတဲ့ နာမည်ကြီး ထန်းရည်ဆိုင် တစ်ခု ကို ရောက်ခဲ့ပါသေးတယ် ။

ထန်းရည်ချို ၊ ငါးအူမြင်းခြောက်ကြော် ၊ ပဲခြမ်းကြော်နဲ့ကြက်သွန်သုပ် ၊ လက်ဖက်သုပ်တို့က လေတဖြူးဖြူးနဲ့ စားလို့သောက်လို့ကောင်းတာကတော့အမှန်ပါပဲ ။



အဲဒီ နောက်မှာတော့ ညနေပိုင်းမှာ မော်လမြိုင်မြို့ က နာမည်ကြီးလို့ ပြောနေတဲ့ အသားလိပ် ၊ ကြာဇံကြော် ၀က်ခေါင်း သုပ်ဆိုင်ကို ရောက်ခဲ့ပါတယ် ။ ပုံမှာမြင်ရတဲ့အတိုင်း ၀က်ခေါင်းသုပ်တစ်ပွဲနဲ့ ၀က်အသား လိပ်ကြော် တစ်လိပ် အားပေးခဲ့တယ် ။ စားလို့ကတော့ အရမ်းကောင်းတာပါပဲ နာမည်ကြီးလောက်ပါပေတယ် ။



ဒီလိုနဲ့ အဲဒီညနေမှာဟိုတယ်ရှေ့က မြစ်ပတ်လမ်းမှာရှိတဲ့ ထိုင်ခံလေးမှာ ထိုင်ပြီး Sea view တွေကို ဓါတ်ပုံရိုက် ဖြစ်ခဲ့ ပါတယ် ။ လှပလွန်းတဲ့ ညနေ နေ၀င်ချိန်မို့ စာရေးလို့ ကောင်းမယ့်နေရာတစ်ခုပဲလို့တွေးမိသေးတယ် ။









နောက်တစ်နေ့မှာတော့ အလုပ်ကိစ္စလေးတွေရှိတဲ့အတွက် ဘယ်ကိုမှ မသွားဖြစ်ခဲ့ဘူး ။ ညနေပိုင်းအချိန်မှာတော့ သံလွင်မြစ် မှာ အရမ်းလှတဲ့ ဇင်ရော်ငှက်တွေအစာကျွေးတဲ့ဆီကိုရောက်သွားခဲ့ရတယ် ။ များပြားလှတဲ့ ဇင်ရော် ငှက်တွေ ကို ကမ်းခြေလိုနေရာမျိုးမှာပဲရှိမယ်ထင်ခဲ့တာ အခုလို သံလွင်မြစ်ကမ်းဘေးမှာ အစာကျွေး သူတွေနဲ့အ များကြီးတွေ့လိုက်ရလို့ ဗွီဒီယိုဖိုင်တောင်ရိုက်ခဲ့သေးတယ် ။ ဖိုင်ဆိုက်ကြီးလွန်းလို့ မတင်ဖြစ်တော့ပါဘူး ။ ဒါကြောင့်ဓါတ်ပုံတွေပဲ တင်ပေးလိုက်ပါတယ် ။





နောက်တစ်နေ့ တနင်္ဂနွေမနက်မှာတော့လိုက်ပို့မယ့်သူလည်းရှိတာကြောင့် ကျိုက်မရောဘုရားကြီးဘက်ကို သွားဖြစ်ခဲ့ တယ် ။ လမ်းမှာ ထန်းတောတွေနဲ့လှပလွန်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေအကြိုက်တွေ့မဲ့ ကျိုက် မရော နယ်ပယ်တစ်ခုဖြစ်ပါတယ် ။



မိနစ်၃၀ ကျော်ကျော်လောက် ကားမောင်းပြီးတဲ့အခါမှာတော့ ကျိုက်မရောဘုရားကိုရောက်ခဲ့ရပါပြီ ။ ဘုရားကို ၀င်ဝင် ခြင်း လူတစ်ရပ်ကျော်မြင့်တဲ့ ရှင်စောပုဘုရင်မ မောင်းတော်ကြီးကို တွေ့ခဲ့ရတယ် ။



ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးကို သွန်းလောင်းထုဆစ်ထားတဲ့ပုံသဏ္ဍာန်မှာ မြန်မာနိုင်ငံမှာ အလွန်ရှား တဲ့ ကိုယ်နေ ဟန်ထားဖြစ်ပါတယ် ။ လက်နှစ်ဖက်ကို ထောက်ပြီးပြန်ကြွတော့မယ့်ပုံသဏ္ဍာန်ဖြစ်ပါတယ် ။













ဘုရားမှာ ပန်းကပ်လှူနေတဲ့ပုံပါး)





ရှင်စောပုဘုရင်မကြီးပုံတူ





ထူးဆန်းလှသော အဖီးတစ်ရာပါသော ငှက်ပျောခိုင်





ဘုရားရှေ့မှာ ဒီလိုထူးထူးဆန်းဆန်းရုပ်ထုတွေရှိလို့ရိုက်ခဲ့တယ် သမိုင်းကြောင်းတော့ရှိမှာပါ



ဒါကတော့ အမတေ ဥတဲ့ ကျောက်ဥတွေပါ (နဂါးဥလို့လည်းခေါ်ကြတယ် အမတေရှိရာ အမတေစု ဆိုသလို အခု ဆို အမတေတွေအများကြီး အဲဒီဘုရားဝင်းအတွင်းက ဘုန်းကြီးကျောင်းမှာ စုမိနေပါပြီ



နွားနို့ထဲအမတေဥကို လပြည့်လကွယ် ထည့်ပြီးဘုရားကပ်ရင် နွားနို့က ပုံမှာပါတဲ့အတိုင်းပွက်လာပါတယ်



ဘုရားကြီးဝင်းအတွင်း ဘုန်းကြီးကျောင်းပေါ်မှ ဘုရားစင်



ဘုရားရှေ့ကားပါကင်တွင်အမှတ်တရ



ကျွန်တော့်အားလိုက်ပို့သော ရုံးအဖွဲ့သားများနှင့်အမှတ်တရ

ဒီလိုနဲ့ တနင်္ဂနွေ ညမှာ တည်းတဲ့ဟိုတယ်မှာပဲ ပွဲလုပ်ပြီး တနင်္လာနေ့မနက် ၆း၃၀ ကားနဲ့ ရန်ကုန်ပြန်ခဲ့ပါတယ် ။ ပထမဆုံး အကြိမ် ရောက်ရှိသွားတဲ့ မော်လမြိုင်ခရီးစဉ်ကတော့ အမှတ်တရများစွာနဲ့ ပြည့်နှက်လို့နေခဲ့ရပါတယ် ။

သက်တန့်ချို
March 27-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 21, 2012

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု



Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက ဂျွန်လမှာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးပြီး ငါးလအကြာမှာတော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီလို ထူးဆန်းပြီး အဖြေရှာမ ရတဲ့ အီးမေလ်းတွေကို သူ့အကောင့်မှ တဆင့်လက်ခံရရှိခဲ့တယ် ။



ဘယ်လောက်တောင်တိကျသလဲဆိုရင် သူငယ်ချင်းတွေနဲ့အတွင်းရေးတွေပါ ပါဝင်ပြီး သေဆုံးစဉ်က ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာတွေပါပါဝင်သတဲ့ ။

Tim Hart ဆိုသူဟာ Jack နဲပ ၁၇ နှစ်လောက်လက်တွဲခဲ့တဲ့အရ့င်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ် သူဟာ တစ်နေ့ သူ့အီးမေလ်းဖွင့်လိုက်စဉ်မှာ တွေ့လိုက်တာက စာသားနေရာမှာ “ I'm watching ” (ငါမင်း ကို စောင့် ကြည့်နေတယ် ) လို့ရေးထားပြီး ပေးပို့သူနေရာမှာ သူ့သူငယ်ချင်းအကောင့် Sender : Jack Froese ဖြစ်နေခဲ့ တယ် ။ အီးမေလ်းမှာရေးထားတာကတော့ “Did you hear me? I'm at your house. Clean your f*****g attic!!!” တဲ့ (ငါမင်းအိမ်ရောက်နေတဲ့ မင်းငါ့ကိုတွေ့လား မင်းအိမ်ရဲ့ထပ်ခိုးကို ရှင်းထားပါ ) တဲ့ ။



သူ့သူငယ်ချင်းတွေက BBC သတင်းဌာနကိုပြောခဲ့တယ် “ ကျွန်တော်စာဖတ်နေစဉ်မှာပဲ အဖြူရောင် ၀ိဥာဉ် ကိုတွေ့ခဲ့ရတယ် ”

“ ဒါဟာ အရမ်းထူးဆန်းပါတယ် တချို့အကြောင်းအရာတွေက ကျွန်တော်နဲ့ Jack နဲ့ဆက်နွယ်မှု နဲ့ ပတ် သတ်တာတွေပါနေတယ် ”

Jack မသေဆုံးခင်ကတည်းက Tim ရဲ့ အိမ်ထပ်ခိုးမှာ သူတို့အတူ ကွန်ပြူတာနဲ့ချက်တင်ထိုင်ခဲ့ကြတယ် အဲဒီတုန်း ကလည်း Jack က သူ့သူငယ်ချင်းကို ထပ်ခိုးကို ရှင်းပါဦးလို့ပြောခဲ့သေးတယ် ။

ဂျက်နဲ့တစ်ဝမ်းကွဲ Jimmy McGraw ဟာလည်း ဒီလို ထူးဆန်းတဲ့အီးမေလ်းကို ရခဲ့တယ် ။ အီးမေးလ်ထဲမှာ ဂျက်သေ ဆုံးပြီးနောက် သူဒူးခေါင်းဒါဏ်ရာရခဲ့တာတွေကိုလည်းဖော်ပြထားပါသတဲ့ ။ ရေးထားတာကတော့ “ “Hey Jim, How ya doing? I knew you were gonna break your ankle, tried to warn you. Gotta be careful.” တဲ့ ။ (ဟေး .. ဂျင် မင်းဘာလုပ်နေလဲ ငါသိပါတယ် မင်း ဒူးခေါင်းဒါဏ်ရာရနေတယ်မဟုတ်လား ငါမင်းကို သတိပေးခဲ့ပါသေးတယ် သတိထားနော်သူငယ်ချင်း ) တဲ့ ။



ဂျင်က ဆက်ပြောတယ် “ ကျွန်တော်ဂျက်စာပို့တာကိုပြောချင်ပါတယ် ဒါပေမယ့် သူက သေ ဆုံးပြီးသား လူမဟုတ် လား အခုတော့သူကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ် ”

ဂျက်သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဂျက်ရဲ့ ပါ့စ၀ပ်ကို ဘယ်သူမှမသိပါဘူး ပြီးတော့ သူ့အကောင့်ကို တစ်ဦးဦး က Hack လုပ်ပြီးသုံးနေတာလည်းမဖြစ်နိုင်ပါဘူးသူတို့မယုံပါဘူးတဲ့ ။ တကယ်တော့သူတို့ဟာ ဒီလိုထူး ဆန်း တဲ့ အီးမေးလ်တွေကို လက်ဆောင်တစ်ခုအနေနဲ့လက်ခံရရှိခဲ့ခြင်းပါ ။



ဂျက်ရဲ့မိခင် Patty က BBC ကိုပြောခဲ့တာကတော့ “ ကျွန်မထင်တာကတော့သူတို့အဖွဲ့ဟာ အရမ်းလည်းပျော် တတ် တယ် သူတို့က လူတွေကို ပျော်အောင်လုပ်တယ် လူတွေ သတိရနေအောင်လုပ်တယ် ဒါပေမယ့် ကျွန်မ အတွက်တော့ လူတွေသူ့အကြောင်း ပြောနေတာပိုကောင်းမယ်ထင်ပါတယ် ”

မူရင်း - http://www.mirror.co.uk/news/world-news/dead-man-sends-emails-from-beyond-763728

သက်တန့်ချို
March 21-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................