Wednesday, October 30, 2019
ဒရိုင်ဘာဂျော့ချ် နဲ့ မိသားစု
တစ်ခါတုန်းက ဂျော့ခ်ျ ဆိုတဲ့ကားဒရိုင်ဘာတစ်ယောက်ရှိတယ် သူဟာဆင်းရဲတာကြောင့် သူ့မိန်းမနဲ့ ကလေး ၃ ယောက်အတွက် ထမင်းနပ်မှန်အောင်ရုန်းကန်ရရှာတယ်
ဂျော့ခ်ျရဲ့မိသားစုက ဂျော့ခ်ျကို မိသားစုနဲ့အချိန်သိပ်မပေးနိုင်ဘူးဆိုပြီး အမြဲ ပဲ စောဒကတက်တယ် ဒါပေမယ့် သူ့အဖြေကတော့တစ်ခုတည်းပါပဲ " ငါ ဒါတွေအားလုံးမင်းတို့အတွက်လုပ်နေတ ငါ့မိသားစုကို ငါထောက်ပံ့ဖို့အတွက်ငါလုပ်နိုင်သမျှ လုပ်နေတာပါ " တဲ့
ရာထူးထပ်တိုးခံရပြီး နောက်အချိန်အပိုင်းအခြားမှာ ဂျော့ခ်ျဟာ မြင်ကွင်းသိပ်လှပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တယ် ။ သူတို့အိမ်သစ်ရဲ့ တနင်္ဂနွေ မနက်ခင်းမှာ ဂျော့ခ်ျဟာ သူ့မိန်းမနဲ့ကလေးကို ခေါ်ပြီးပြောတယ် " ငါအခု ဆုံးဖြတ်လိုက်ပြီ နောက်ထပ် စာလေ့လာတာတွေမလုပ်တော့ဘူး အလုပ်တွေချည်းပဲမလုပ်တော့ဘူး ငါချစ်တဲ့မိသားစုနဲ့ ငါအချိန်တွေအများကြီးပေးပြီးနေတော့မယ် " တဲ့ ။
အဲ့ဒီနေ့ညနေ ကုန်ဆုံးပြီး ... နောက်တစ်ရက်မနက်ခင်းမှာတော့ ဂျော့ခ်ျတစ်ယောက် နိုးထ လာနိုင်ခြင်းမရှိတော့ပါဘူး ။
-----------------------------------
အချိန်ရှိတုန်း
အချိန်ပေးလို့ရတုန်း
သက်တန့်ချို
30-Oct-2019
---------------------------------------------------
တစ်ခါတုန်းက ဂျော့ချ် ဆိုတဲ့ကားဒရိုင်ဘာတစ်ယောက်ရှိတယ် သူဟာဆင်းရဲတာကြောင့် သူ့မိန်းမနဲ့ ကလေး ၃ ယောက်အတွက် ထမင်းနပ်မှန်အောင်ရုန်းကန်ရရှာတယ်
ညနေပိုင်းချိန်တွေမှာဆိုရင် သင်တန်းတွေတက်တယ် ဗဟုသုတတွေရှာမှီးတယ် တစ်နေ့မှာ ဒီထက်ကောင်းတဲ့အလုပ်တစ်ခုခုကို သူရှာနိုင်မယ် ရနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့
ဂျော့ချ်ရဲ့မိသားစုက ဂျော့ချ်ကို မိသားစုနဲ့အချိန်သိပ်မပေးနိုင်ဘူးဆိုပြီး အမြဲ ပဲ စောဒကတက်တယ် ဒါပေမယ့် သူ့အဖြေကတော့တစ်ခုတည်းပါပဲ " ငါ ဒါတွေအားလုံးမင်းတို့အတွက်လုပ်နေတ ငါ့မိသားစုကို ငါထောက်ပံ့ဖို့အတွက်ငါလုပ်နိုင်သမျှ လုပ်နေတာပါ " တဲ့
ဂျော့ချ်ဟာ သူဖြေထားတဲ့ စာမေးပွဲအောင်သွားတဲ့အခါ လစာကောင်းကောင်းနဲ့အလုပ်တစ်ခုကို လက်ခံရရှိခဲ့တယ် သူအရင်ရတဲ့ ဝင်ငွေထက်သိသိသာသာပိုများတဲ့ ငွေပမာဏပါပဲ ဒါကြောင့် အခုဆိုရင် ဂျော့ချ်ဟာ သူ့မိသားစုကို အဖိုးတန် အဝတ်အစားတွေ အသုံအဆောင်တွေနဲ့ နိုင်ငံခြားတိုင်းပြည်အလတ်အပတ်ခရီးတွေတောင်ပို့နေနိုင်ပြီဖြစ်တယ် ။ အိပ်မက်တစ်ခု ဖြစ်လာသလိုပါပဲ ။ ဒါပေမယ့် မိသားစုကတော့ ဂျော့ချ်ဆီကနေ လိုချင်တဲ့ ဂရုစိုက်မှု နဲ့ နွေးထွေးကြင်နာ အချိန်ပေးနိုင်မှုမရသေးပါဘူး မိသားစုကို အချိန်မပေးနိုင်ဘူး ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေကြောင့် ဂျော့ချ်ဟာ ထပ်ပြီး အလုပ်ကို ကြိုးစားတယ် ဒီအခါ တစ်ပတ်လုံးမှာ မိသားစုကို မြင်တွေ့ရဖို့တောင်ခဲယဉ်းလာခဲ့တယ် ။
အချိန်တွေကုန်လွန်သွားခဲ့တယ် ဂျော့ချ်ရဲ့အလုပ်ကြိုးစားမှုကြောင့် ရာထူးတိုးခံရပါတယ် ဒီအခါ သူဟာ သူ့မိန်းမကို အနားပေးဖို့စဉ်းစားပြီး အိမ်အကူတစ်ယောက်ခေါ်လိုက်ပါတယ် ။ ပြီးတော့လက်ရှိအိမ်ဟာ မိသားစုအတွက်ကျဉ်းလွန်းတယ်လို့ယူဆတဲ့အတွက် သူတို့ နဲ့အဆင်ပြေမယ့် အိမ်တစ်လုံး ဝယ်ယူဖို့ဆုံးဖြတ်လိုက်တယ် ။ ဒါကြောင့်သူအလုပ်ကို ဒီထက်ပိုကြိုးစားရတယ် စာတွေပိုလေ့လာခဲ့တယ် ဒီအခါ နောက်ထပ်ရာထူးတိုးခြင်းခံရပြန်တယ် ။ တစ်ခါတစ်ရံမှာ တနင်္ဂနွေနေ့တွေမှာတောင် သူ့မိန်းမနဲ့ကလေးတွေအတွက်အချိန်မပေးနိုင်တော့ပဲ အလုပ်ကိစ္စ ဧည့်သည်တွေနဲ့သာ အချိန်ကုန်နေလေ့ရှိတယ် ။ ဒီအခါ မိသားစုက ထပ်ပြီး စောဒကတက်ပြန်တယ် သူတို့နဲ့ အတူ အချိန်မပေးနိုင်ဘူး သူတို့ကို ဂရုမစိုက်ဘူး ပေါ့ ဂျော့ချ်ရဲ့အဖြေကတော့ တစ်ခုတည်းပါပဲ " ငါ ဒါတွေအားလုံးလုပ်နေတာ မင်းတို့အားလုံးအတွက်ပါ " တဲ့
ရာထူးထပ်တိုးခံရပြီး နောက်အချိန်အပိုင်းအခြားမှာ ဂျော့ချ်ဟာ မြင်ကွင်းသိပ်လှပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တယ် ။ သူတို့အိမ်သစ်ရဲ့ တနင်္ဂနွေ မနက်ခင်းမှာ ဂျော့ချ်ဟာ သူ့မိန်းမနဲ့ကလေးကို ခေါ်ပြီးပြောတယ် " ငါအခု ဆုံးဖြတ်လိုက်ပြီ နောက်ထပ် စာလေ့လာတာတွေမလုပ်တော့ဘူး အလုပ်တွေချည်းပဲမလုပ်တော့ဘူး ငါချစ်တဲ့မိသားစုနဲ့ ငါအချိန်တွေအများကြီးပေးပြီးနေတော့မယ် " တဲ့ ။
အဲ့ဒီနေ့ညနေ ကုန်ဆုံးပြီး ... နောက်တစ်ရက်မနက်ခင်းမှာတော့ ဂျော့ချ်တစ်ယောက် နိုးထ လာနိုင်ခြင်းမရှိတော့ပါဘူး ။
-----------------------------------
အချိန်ရှိတုန်း
အချိန်ပေးလို့ရတုန်း
သင်ချစ်တဲ့လူတွေကို ဂရုစိုက်ပါ အချိန်ပေးပါ အချိန်တွေအတူကုန်ဆုံးလိုက်ပါ
ချမ်းသာမှုနဲ့ ကြွယ်၀မှုနောက်ကိုလိုက်ရင်း ....
ဘ၀ရဲ့နေဝင်ချိန်ကြုံလာရတဲ့အခါ
သင့်မှာ ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ခံစားနိုင်စွမ်းရှိမှာမဟုတ်တော့ပါဘူး
နောင်တတရားဆိုတာ အလွန်နောက်ကျမှ ရောက်လာလေ့ရှိပါတယ် ။
inspirationalstories.eu မှ ဘာသာပြန်ပါတယ် ။
သက်တန့်ချို
30-Oct-2019
ဘ၀မှာ အရာရာ အဆင်ပြေဖို့မလိုပါဘူး
ဘ၀မှာ အရာရာ အဆင်ပြေဖို့မလိုပါဘူး
အဆင်မပြေတာတွေကို ပြေလည်အောင်ကြိုးစားဖို့သာ လိုပါတယ်
ဘ၀မှာ အောင်မြင် ချမ်းသာနေဖို့ မလိုပါဘူး
ရိုးရိုးသားသားနဲ့ ပျော်ရွှင်ရတဲ့နေ့ရက်တွေပိုင်ဆိုင်ဖို့သာလိုပါတယ်
ဘ၀မှာ မြင့်မြတ်ခန့်ညားနေဖို့မလိုပါဘူး
အောက်တန်းကျပြီး မယုတ်မာ တတ်ဖို့သာ လိုပါတယ်
" ရန်သူဖြစ်နေရင်တောင်
မျက်နှာချင်းဆိုင်ပြီးရင်ဆိုင်ပါ
နောက်ကျောဓါးနဲ့ထိုးတယ်ဆိုတာ
သူရဲဘောကြောင်သူတို့အလုပ်ပါပဲ "
သက်တန့်ချို
30-Oct 2019
------------------------------------------
" ရန်သူဖြစ်နေရင်တောင်
သက်တန့်ချို
30-Oct 2019
Tuesday, October 29, 2019
လူချင်းတူပေမယ့် အသက်ရှုပုံခြင်းကွာခြားတယ်
မြန်မာနိုင်ငံဆရာဝန်အသင်း ၊ မြန်မာနိုင်ငံမျက်စိဆရာဝန်များအဖွဲ့ မှ ကြီးမှူး ကျင်းပပြုလုပ်သော (၃၁) ကြိမ်မြောက် မြန်မာမျက်စိဆေးပညာ ညီလာခံ ( 31st  Myanmar Ophthalmological Conference ) ကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Hotel တွင် (၂၉-၁၀-၂၀၁၉) ရက်နေ့မှ (၃၁-၁၀-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိပါသည် ။
အဆိုပါ  (၃၁) ကြိမ်မြောက် မြန်မာမျက်စိဆေးပညာ ညီလာခံ ပွဲအခမ်းအနားကြီးတွင် AA Medical Products Ltd. , Pacific-AA Group မှ ဆေးပြခန်းဖွင့်လှစ်ပြသခဲ့ပြီး တက်ရောက်လာသော ဆရာဝန်များအား အရည်အသွေးမြင့် ဆေးဝါးများအကြောင်း ရှင်းလင်းပြသခဲ့ပါသည် ။
Website တွင်ဖတ်ရန် - https://aa.com.mm/events-activities/277-31-myanmar-ophthalmological-conference
#AAMedicalProductsLtd
#PacificAAGroup
#31stOphthalmologicalConference
လူချင်းတူပေမယ့် အသက်ရှုပုံခြင်းကွာခြားတယ်
ယုတ်မာတဲ့လူက
သူတစ်ပါးစိတ်သောကကို အရသာခံတယ်
ကောက်ကျစ်တဲ့လူက
သူတစ်ပါးဒုက္ခရောက်မှ နေပျော်တယ်
စိတ်ဓါတ်ညံ့ဖျင်းသူက
သူတစ်ပါး အောင်မြင်မှုကို မနာလိုဖြစ်တယ်
ရိုးသားတဲ့သူက‌
အောင်မြင်ခြင်း ကျရုံးခြင်းထက်
ပျော်ရွှင်ခြင်းကို ပိုမက်မောတယ် ။
သက်တန့်ချို
29-Oct-2019
--------------------------
ယုတ်မာတဲ့လူက
ကောက်ကျစ်တဲ့လူက
စိတ်ဓါတ်ညံ့ဖျင်းသူက
ရိုးသားတဲ့သူက‌
သက်တန့်ချို
29-Oct-2019
Saturday, October 26, 2019
အားမနာပါနဲ့
အားမနာပါနဲ့
ကိုယ့်သိက္ခာနဲ့မာနကို ထိခိုက်စေမယ့်ကိစ္စကြုံလာခဲ့ရင်
အားမနာပါနဲ့
ကိုယ့်ရိုးသားမှုကိုမှေးမှိန်စေမယ့်ကိစ္စကြုံလာခဲ့ရင်
အားမနာပါနဲ့
ကိုယ့်ရဲ့အရှိတရားကို စော်ကားလာမယ့်ကိစ္စကြုံလာခဲ့ရင်
ဘ၀ဆိုတာ
သူတစ်ပါးထင်မြင်ချက်အတိုင်း
လျှောက်လှမ်းရတာမှမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ် ။
သက်တန့်ချို
26-Oct-2019
-----------------------------
အားမနာပါနဲ့
အားမနာပါနဲ့
အားမနာပါနဲ့
ဘ၀ဆိုတာ
သက်တန့်ချို
26-Oct-2019
Friday, October 25, 2019
လူတွေအကြောင်းသိချင်ရင်
လူတွေအကြောင်းသိချင်ရင်
ဒုက္ခနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြည့်လိုက်ပါ
ကူညီမယ့်သူနဲ့ ချောက်ချမယ့်သူဆိုပြီးကွဲသွားပါလိမ့်မယ်
"နာကျင်မှုရဲ့ အတိမ်အနက်ကို ခံစားဖို့ဆိုတာ
ကိုယ်ကိုယ်တိုင် ဒါဏ်ရာရမှ ဖြစ်နိုင်တာမျိုးပါ"
ဘ၀ဆိုတာ တိုလွန်းပါတယ်
သင့်ကိုတန်ဖိုးမထားသူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။
သက်တန့်ချို
25-Oct-2019
-----------------------------------
သက်တန့်ချို
25-Oct-2019