Thursday, September 23, 2010

တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်

တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်



Pingyi မြို့ Shangdong စီရင်စုမှ Tianyu ပြတိုက်ဖြစ်ပါတယ်

တနင်္လာနေ့တုန်းက တရုတ်ပြည် အရှေ့ပိုင်း Shandong စီရင်စုမှ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ကို ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီးအဖြစ် ဂရင်းနစ် မှတ်တမ်းတွေက အတည်ပြုလိုက်ကြောင်းပြောဆိုခဲ့ပါတယ် ။

Pingyi မြို့မှ" The Shangdong Tianyu Museum of Nature" ပြတိုက်ကို ၂၀၀၄ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီပြ တိုက်မှာ ဒိုင်နိုဆောရုပ်ကြွင်းတွေ နဲ့ တခြား ရှားပါးကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပြသထားခဲ့ပြီး ကမ္ဘာ့စံချိန် တင်မှတ်တမ်းဝင်ဖို့ ဂျွန်အစောပိုင်းမှာ apply လုပ်ခဲ့ပါတယ် ။ တနင်္လာနေ့မှာတော့ Comfirmation ပြန်ရခဲ့ တာဖြစ်ပါတယ် လို့ ပြတိုက်မှ လက်ထောက်တာဝန်ခံ Yin Shiyin ကပြောဆိုခဲ့ပါတယ် ။


" ဒီပြတိုက်မှာ ပြသဖို့အတွက် 28000 square meters ကျယ်ဝန်းပြီး ဒိုင်နိုဆော ရုပ်ကြွင်းအစိတ်အပိုင်းပေါင်း ၁၁၀၆ ခု ပါဝင်ပါတယ် တခြား ကျောက်ဖြစ် ရုပ်ကြွင်းပေါင်း တစ်ထောင်ကျော်ကိုလည်းပြသထားပါတယ် " လို့ လန်ဒန် အခြေစိုက် အေဂျင်စီမှ ပြောဆိုခဲ့ပါတယ် ။

ဒိုင်နိုဆောရုပ်ကြွင်းတွေဟာ အကောင်လုံးပြည့်ရုပ်ကြွင်းတွေဖြစ်ပြီး အဲဒီအထဲမှာ psittacosaurid ရုပ်ကြွင်း ၃၆၈ ခု dromaeosaurid ရုပ်ကြွင်း ၃၉၁ ခု Anchiornis ရုပ်ကြွင်း ၂၅၅ ခု ၊ Jeholosaurus ရုပ်ကြွင်း ၂၂ ခု နဲ့ အခြား ရှားပါး ဒိုင်နိုဆောရုပ်ကြွင်း ၇၀ ကိုပြသထားပါတယ်လို့ Institute of Vertebrate Paleontology and Paleoanthropology of the Chinese Academy of Sciences ကဒီ Certification စာတမ်းမှာ ဖော်ပြထား ပါတယ် ။
ဒါ့အပြင် Tianyu ပြတိုက်မှာ တခြားရှားပါး ငှက်တွေ ငါးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း ပြသ ထားပါသေးတယ် ။ ဒီစံချိန်သစ်မရခင်မှာတော့ ဒီပြတိုက်ဟာ တခြား ကမ္ဘာ့ စံချိန် ငါးခု တင်ခဲ့ပါသေးတယ် ။ အဲဒါ တွေကတော့ Longest Silicified Wood Fossil , Biggest Sinosauropteryx Fossil , Biggest Amethyst Cave စသည်တို့ဖြစ်တယ်လို့ Yin ကပြောဆိုခဲ့ပါတယ် ။

အသိအမှတ်ပြု အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ် ။ ဂရင်းနစ်မှတ်တမ်းရုံးချုပ်မှ တာဝန် ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ Yin ကဆက်လက်ပြောဆိုခဲ့ပါတယ် ။








သက်တန့်ချို
23 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment