Thursday, January 5, 2012

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

သက်တန့်ချို
5/1/2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အောင်မလေးကြောက်စရာကြိးပါလားဆရာသက်တန့်ရယ် ကျေးဇူးကျေးဇူး

    ခင်မင်လျှက်
    မဒိုးကန်

    ReplyDelete
  2. ခရစ္စတလ်January 5, 2012 at 2:04 PM

    အလုပ်ကိစ္စနဲ့ဆို ရှောင်မရတော့ ပြောနေရတာပါပဲ၊ သတိထားရမှာတော့ အမှန်ပဲ။ ကျေးဇူး :)

    ReplyDelete
  3. ပြောချင်တော့ဘူး စိတ်ကုန်ပါတယ် တကယ်

    ReplyDelete
  4. ကျားကျား သူငယ်ချင်းဆို၇င် ဖုန်းပြော၇င် အကြာကြီးပြောတာ အခုလိုဆို သူ.ကိုပြောထား၇အုန်းမယ်။ ကျေးဇူးပါနော်

    ReplyDelete
  5. ရှယ်ပေးလိုက်ပြီနော့. ကြောက်လို့

    ReplyDelete
  6. မိုဘိုင်းဖုန်းပြောရင်နာရီဝက်ကျော်လာတာနဲ့ နားတွေခေါင်းတွေပူလာတာသလိုဖြစ်လာတာကိုတော့သတိထားမိပါတယ်။ ဒါပေမဲ့ဒီလောက်အထိအပူချိန်မြင့်လိမ့်မယ်လို့ တော့ထင်မထားမိဘူး။ ကျေးဇူး နောက်ဆိုဆင်ခြင်ရတော့မယ် :)

    ReplyDelete
  7. စမ်းသပ်ပြီးပြီဆိုတော့ ထပ်မစမ်းတော့ပါဘူး ... ၆၅ မိနစ်လောက် ဖုန်းခေါ်ထားရမယ်ဆိုတော့ Bill Bill ... ဟဲဟဲ ... အခုလို Bill အတက်ခံပြီး စမ်းသပ်ပြထားကို ကျေးဇူးကမ္ဘာပါ ... :P

    ReplyDelete
  8. ဖုန်းခေါ်ကြတာကတော့ အနီးကပ်မဟုတ်တဲ့အတွက် radiation ကအဲလောက်ထိ(ဖုန်းနှစ်လုံးကြား ဥကျက်သည်ထိ)ပြင်းထန်နိုင်ပါသလားခင်ဗျ။ ပြီးတော့ နားကြပ်ကိုသုံးပြီးပြောရင်ရော radiation ကိုလျှော့ပါးစေနိုင်းမလား?

    ReplyDelete
  9. shareချင်ပါတယ်မလုပ်တတ်လို့

    ReplyDelete
  10. ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. လိုအပ်လို့မကြာခဏပြောနေရတဲ့သူတွေဘယ်လိုလုပ်သင့်တာကိုပြောပြသင့်ပါတယ်

    ReplyDelete