Saturday, January 7, 2012

ဘာကြောင့် ဒေါသထွက်နေကြရတာလဲ ?

ဘာကြောင့် ဒေါသထွက်နေကြရတာလဲ ?




တခါတုန်းက ပေါ့ မီးရထားကြီးတစ်စင်းဟာ ထွက်လုဆဲဆဲ နဲ့ အချက်ပေးသံတွေ နဲ့ဆူညံလို့ ဘူတာရုံကြီး ဟာလည်း သက်ဝင်လှုပ်ရှားလို့နေတယ် ။ အဲဒီအချိန်မှာ လူကြီးလူကောင်းဆန်ဆန် ၀တ်စားထားတဲ့ အဘိုးအို တစ်ဦးဟာ ရထားထွက်တော့မှာကြောင့် ခပ်သုတ်သုတ်လေး ရထားပေါ်တက်ဖို့ ပြင်လိုက်တယ် ။ ဒါပေမယ့် သူ့နောက် ကနေ တစုံတဦးက လှမ်းဆွဲထားလိုက်တာကြောင့် သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့ပိုက်ဆံ အိတ်ကို ကိုင်ပြီး အကီင်္ျကိုလှမ်းဆွဲထားတဲ့ ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းလူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ် ။

ဒါနဲ့ အဘိုးအိုက လူငယ်ကိုမေးလိုက်တယ် ။

“ ဘာလို့အနောက်ကနေ အကျီင်္ကိုဆွဲတာလည်းကွဲ့ ဒါနဲ့လက်ထဲက ပိုက်ဆံအိတ် က ငါ့ဟာမဟုတ်လား မင်းက ခါးပိုက်နှိုက်လား ”

“ မဟုတ်ရပါဘူး အဘိုးရယ် ကျွန်တော် အဘိုးပိုက် ဆံအိတ်ကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာပါ အဘိုးက ရထားပေါ် တက်တော့မှာမို့ အင်္ကျီကိုလှမ်းဆွဲလိုက်တာပါ ”

အဲဒီလို အဘိုးအိုနဲ့ လူငယ် နှစ်ယောက် စကားပြောနေတာကို ဘေးနားက လူအုပ်ကြီးက နားစွန်နားဖျား ကြား သွားပြီး လူအုပ်ထဲကတစ်ယောက်က လှမ်းပြောတယ် ။

“ ဟေ့ ခါးပိုက်နှိုက်တဲ့ကွ ခါးပိုက်နှိုက်တဲ့ ချကွာ ၀ိုင်းဆော်ကွာ ကြာတယ် ချ ချ ”

အဲဒီလိုနဲ့ လူအုပ်ကြီးကလည်း ဆူညံ့လာပြီး လူငယ်လေးကို ၀ိုင်းပြီး ရိုက်နှက်ကြဖို့ ဒေါသတကြီး ၀ိုင်းအုံလာ ကြလေ ရဲ့ ။ ဒါနဲ့ အဘိုးအိုက လူတွေကို ပြောလိုက်တယ် ။

“ နေကြ ပါဦးကွယ် ဘာလို့ ခင်ဗျားတို့က ဒေါသထွက်နေကြတာလဲဟင် ”

“ ဟာ အဘိုးရဲ့ သူက ခါးပိုက်နှိုက်လေ လူတွေကို လိုက်ဒုက္ခပေးလိမ့်မယ် ကြာပါတယ် ချကွာ ၀ိုင်းဆော်ကွာ အဘိုး လည်း ဒီလူ့ကို ကျွန်တော်တို့နဲ့အပ်ခဲ့ပါ ”

အဲဒီလိုလည်းပြောရော ခပ်နွမ်းနွမ်းလူငယ်လေးက ကြောက်လန့်သွားပြီး

“ အဘိုးရယ် ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ပါဘူးဗျာ တကယ်ပါ အဘိုးကျွန်တော့်ကို မထားခဲ့ပါနဲ့နော် ”

လို့ တောင်းပန်ပါတယ် ။ ဒီတော့အဘိုးအိုက လူငယ်ကို ဂရုဏာသက်စွာ ကြည့်ပြီး အောက် ပါအတိုင်းပြော လိုက်ပါတယ် ။

“ ဒီမှာ ကလေးရဲ့ ဒီလူတွေကို မင်းသိလား ဒီလူတွေက တို့တိုင်းပြည်ထဲမှာနေတဲ့လူတွေပဲ သူတို့ မျက်နှာ ကိုကြည့်လိုက်စမ်း အရမ်းကို ဒေါသထွက်နေကြတယ်တွေ့လား ဒီလူအုပ်ကြီးက တကယ်တော့ မင်းကို ဒေါသ ထွက်နေကြတာမဟုတ်ပါဘူး ။ တချို့ မိန်းမနဲ့ အဆင်မပြေလို့ မြိုသိပ်ထားကြရတယ် တချို့က အထက် လူကြီးရဲ့ ဆူပူကြိမ်းမောင်းတာခံရလို့ မြိုသိပ်ထားကြရတယ် တချို့ကစီးပွားရေး အခြေအနေမကောင်းလို့ ကြိတ် မှိတ်နေ ကြရတယ် တချို့က တော့ သူတို့သားသမီးတွေက သူတို့စကား နားမထောင်လို့ တချို့ကတော့ အိမ်နီးနား ချင်းတွေ ချမ်းသာနေတာကို မနာလိုဖြစ်နေကြလို့ တချို့ ကတော့ ဘောလုံးပွဲလောင်းတာ ရှုံးသွားလို့ ဒီလိုနဲ့ သူတို့ဟာ ကြိတ်မှိတ်မြိုသိပ်တာတွေများနေကြတယ် အဲဒီမြိုသိပ်တာတွေ ကိုမင်းအပေါ် မှာ လောင်း သွန် ချပြီး ဒေါသတွေပေါက်ကွဲနေကြတာပဲ ငါ သာမင်းကို မကာကွယ်ပေးဘူးဆိုရင်တော့ သူတို့ဟာ မင်းရဲ့ ဦးခေါင်း ခွံကို ရိုက်ခွဲမှာ အမှန်ပါပဲ ”

ကဲ ကျွန်တော်တို့ ဒီနေရာလေးမှာ တချက်လောက်တွေးကြည့်ကြရအောင် ။ ခက်ခဲကြမ်းတမ်းပါတယ်ဆိုတဲ့ ဘ၀ဆိုတဲ့ အရာကို ကျွန်တော်တို့တွေဖြတ်သန်းပြီး မြိုသိပ်တာတွေများနေကြတယ် ။ ကျွန်တော်တို့ ဟာ အမြဲပဲ ကိုယ်အဆင်မပြေတာတွေကို တပါးသူအပေါ် သွန်ချပစ်ဖို့ လောင်းချပစ်ဖို့ ပေါက်ကွဲ ပစ်ကြဖို့ ၀န် မလေး တတ်ကြဘူး ။ ကျွန်တော်တို့ စိတ်နှလုံးသားတွေဟာ တကယ်ပဲ သန့်စင်ကြပါရဲ့လား ။ မပြူမူအပ်တဲ့ အရာတွေ ဟာ စဉ်းစား ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကသာ ကုစားပေးနိုင်ကြပါလိမ့်မယ် ။ ယခုကစလို့ ကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကို တခြားသူတွေအပေါ် ပုံချဖို့မကြိုးစားပဲ ကိုယ့်ဘာသာ ကိုယ် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ကိုယ်ပဲ ဖြေရှင်းဖို့ ကြိုးစားကြပါစို့လား ။ တခုခုဆို အများသဘောအတိုင်းဆိုတဲ့အရိုးစွဲ အယူဝါဒကို စွန့်လွှတ်လို့ မှားသည်မှန်သည်ကို တိတိကျကျ ဝေဖန်ပိုင်းဖြတ်ရင်း စိတ်နှလုံးသားတွေ သန့်စင်စွာ နေကြပါစို့ ။

သက်တန့်ချို
7/1/2012

(နားလည်သလို ဘာသာပြန်သည် လိုအပ်သလို ဖြည့်စွက်သည်)

Source : http://www.inspireme.worldofwisdom.asia/2011/11/what-exactly-are-you-angry-about.html

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. မှန်တာပေါ့..

    ReplyDelete
  2. အဲ့ဒီ့ပုံစံမျိုး..အပြင်မှာတကယ်ဖြစ်ရင်
    ခါးပိုက်နှိုက်အထင်ခံရသူခမျာ
    မတွေးရဲစရာပဲနော်အစ်ကို..
    ဒီပို့စ်ဖတ်ပြီးမှ..ကိုယ့်ကိုယ်ကိုယ်
    ပြန်မေးမိတော့...
    အဖြေက..
    “အများကြီးလိုနေသေးတယ်”တဲ့း))



    ချမ်းမြေ့ပါစေရှင်
    လေးစားလျှက်

    မိစံ

    ReplyDelete
  3. ကျေးဇူးပါ အကို.... ညီမလေးမှာလဲ အဲလိုအကျင့် ရှိခဲ့ဘူးတယ် အိမ်မှာ မိဘတွေနဲ့ နေခဲ့တုန်းကလေ..ခုတော့ ဒေါသဆိုတာကို မြိုသိပ်ခြင်းနဲ့ပဲ အဆုံးသတ်နေတက်နေပါပြီ...

    ReplyDelete
  4. ဘာပဲပြောပြော ကိုယ်တိုင်လည်း လူထဲက လူသားပဲမို့ တစ်ခါတလေတော့လည်း မလိုအပ်တဲ့ ဒေါသတွေ ပေါက်ထွက်လာဖူးသားဗျ..။။။

    ReplyDelete
  5. မဆိုးပါဘူး ဆေးရုံက nurses တွေရဲ့လိုအပ်ချက်က အပြင်လူတွေလဲ အထောက်အကူပြုသား

    ReplyDelete
  6. မဆိုးပါဘူး ဆေးရုံက nurses တွေရဲ့လိုအပ်ချက်က အပြင်လူတွေလဲ အထောက်အကူပြုသား

    ReplyDelete
  7. မဆိုးပါဘူး ဆေးရုံက nurses တွေရဲ့လိုအပ်ချက်က အပြင်လူတွေလဲ အထောက်အကူပြုသား

    ReplyDelete
  8. လက်တွေ့လည်းကြုံခဲ့ရ၏
    မှန်ပါ၏

    ReplyDelete