Monday, January 9, 2012

နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ

နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ



နော်ဝေးနိုင်ငံရှိ ကြမ်းခြေပေါ်မှာ တန် ၂၀ အလေးချိန်ရှိတဲ့ ငါးအသေအုပ်ကြီး လာရောက်သောင်တင်နေမှု ဖြစ်ပွားခဲ့ပါတယ် ။ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်း တိုးလာပါတယ် ။ ရေခဲ တွေအရည်ပျော်လာတာနဲ့အမျှ ပင်လယ်သတ္တ၀ါတွေရှားပါးကုန်ကြပါတယ် ။ နော်ဝေးနိုင်ငံ ကမ်းခြေ မြောက် ပိုင်းမှာလည်း ထောင်ပေါင်းများစွာသော ငါးအသေတွေဟာ တကယ်ပဲ နိမိတ် ဆိုးတွေကို ဆောင်ယူလာခဲ့ခြင်းပေလော ။



Nordreisa ရဲ့ Kvaenes ရဲ့ကမ်းခြေမှာ အခုဆို တန်ပေါင်းများစွာသောငါးတွေဟာ ဘာကြောင့် ဒီလိုမျိုး လာရောက်သေဆုံးနေကြရတာပါလဲ ။ ၂၀၁၂ ခုနှစ် မှာ ကမ္ဘာပျက်မယ်လို့ယုံကြည်ထားကြတဲ့ မာယာ လူမျိုးတွေ ရဲ့ ယုံကြည်မှုတွေဟာ ကမ္ဘာကြီးရဲ့အဆုံးသတ်ကို တကယ်ပဲ ဆောင်ယူပေးခဲ့ပါပြီလား ။ ပုပ်စော် နံဟောင်နေ တဲ့ငါးအသေတွေကြားမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Jan-Petter Jorgensen ဟာ သူ့ရဲ့ခွေးကလေး မော်လီကို ယူဆောင်လို့ ငါးအသေတွေကို လိုက်လံကြည့်ရှုနေပုံဖြစ်ပါတယ် ။ ဘယ်လိုပဲတွေးတွေး ဒီလိုရေသတ္တ၀ါတွေ အစု လိုက်အပြုံလိုက် လာရောက်သေဆုံးနေကြခြင်းဟာ ကမ္ဘာကြီးတွက် ကောင်းတဲ့နိမိတ်တော့မဟုတ်ပါဘူး ။

သူထင်တာကတော့ “ လူတွေဟာ ဒီလိုအလားတူဖြစ်ရပ်မျိုးကိုတော့မြင်ဖူးကြမယ်မထင်ပါဘူး ငါးတွေအ များစု ဟာ အောက်ဆီဂျင်ပြတ်လပ်တဲ့ပတ်ဝန်းကျင်တစ်ခုနဲ့ကြုံတွေ့ရပြီး သေဆုံးကြရတာဖြစ်နိုင်ပါတယ် ပြီးတော့ သူတို့ဟာ ကမ်းစပ်မှာလာရောက်သေဆုံးကြရတာလား ? ”

တခြား ကျွမ်းကျင်ပညာရှင်တွေသုံးသပ်ပြတာကတော့ မြစ်တစ်ခုထဲမှေ၇ချိုတွေဟာ ပင်လယ်အော်ထဲကို စီးဝင်ခဲ့ တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပြီး မုန်တိုင်းဒါမှမဟုတ် ရေတိမ်ချောက်တစ်ခုခုမှာ ပိတ်မိခဲ့ လို့လည်းဖြစ်နိုင် တယ်လို့ပြောဆိုခဲ့ပါတယ် ။



Jens Christian Holst ဟာ Institute of Marine Research မှ ပညာရှင်တစ်ဦးဖြစ်ပြီး သူကတော့ ငါးတွေဟာ ရောဂါတစ်ခုခုကြောင့်သေဆုံးရတာလားဆိုတာကို အသားစ နမူနာယူပြီး စစ်ဆေးနေ ပါတယ်လို့ ဆိုပါတယ် ။



၂၀၁၂ နှစ်စမှာ နော်ဝေးမှာ ငါးတွေ အစုလိုက်သေဆုံးရခြင်းဟာ ထိတ်လန့်ဖွယ်ရာတစ်ခုတည်းမဟုတ်သေးပါဘူး ။ တနင်္ဂနွေနေ့ တုန်းက ငှက်အကောင် ၂၀၀ ခန့်ဟာ ကောင်းကင်ကနေ ထူးဆန်းစွာ မြေပြင်ကို ထိုး စိုက် သေဆုံးမှုဟာ Arkansas မြို့မှာဖြစ်ပွားခဲ့ပါသေးတယ် ။ ကျွမ်းကျင်သူတွေကတော့ငှက်တွေဟာ မီးခိုးငွေ့ ဒါမှမ ဟုတ် လျှပ်စီးကြောင်းတစ်ခုခုကြောင့် ယခုလို ရုတ်တရက်သေဆုံးရခြင်းဖြစ်တယ်လို့ ခန့်မှန်းပြော ဆိုကြ ပါတယ် ။

Source :http://www.dailymail.co.uk/news/article-2081346/Mystery-20-TONNES-fish-wash-Kvaenes-beach-Norway.html

သက်တန့်ချို
Jan-9-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဒီမှာနေတဲ့သူတောင်မသိသေးဘူး သက်တန့် ချိုကသိသွားပြန်ပြီ။ သတင်းတွေပြန်ရှာဖတ်ဦးမှ... :)

    ReplyDelete
  2.ိစိတ်ညစ်လိုက်တာ
    ကြောက်ဖို့လဲကောင်းလိုက်တာ
    နမိတ်တွေလားဘာတွေလားတောင်မသိတော့ပါဘူး ဆရာသက်တန့်ရယ်း(

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)January 9, 2012 at 5:31 PM

    ငါးတွေ အများကြီးဘဲ။ ရွှေနိုင်ငံမှာဆိုရင်တော့ အားလုံး ငါးပိတွေ ဖြစ်သွားလိမ့်မယ်။ အဲဒီမှာတော့ ဘယ်လို စီစဉ်ကြတယ် မသိ။း)

    ReplyDelete
  4. တစ်ကယ်ကြီး ဖြစ်လာမှာလားမသိဘူးနော်...ကြောက်စရာ ကြိး..:(

    ReplyDelete
  5. ငါးတွေ အစုလိုက် စူစိုက် လုပ်ကြတာ နေမှာ Doc ရေ

    ReplyDelete
  6. အိုကွယ်... နမိတ်တွေ ဘာတွေတော့ ယုံကြည်လှတယ်လည်း မဟုတ်ပါဘူး.. သေကြမယ် ဆိုရင်လည်း တပြုံတခေါင်းကြီး တူတူသေကြမှာပဲ ဘာကြောက်စရာရှိတုန်း.. ဟီးးးးးးး..ဒါမယ့် ခုလိုမြင်ရ တွေ့ရတာတော့ စိတ်မချမ်းသာဘူးဗျာ။။။။

    ReplyDelete
  7. hey Doc!,
    it's amazing...
    thnx 4 sharing....:)

    ReplyDelete