Tuesday, January 10, 2012

လေယဉ်မှူးကိုတုန်လှုပ်စေခဲ့တဲ့ ပေ၇၀၀၀ အထက်မှ ပျံသန်းနေသောငါးမန်းကြီး

လေယဉ်မှူးကိုတုန်လှုပ်စေခဲ့တဲ့ ပေ၇၀၀၀ အထက်မှ ပျံသန်းနေသောငါးမန်းကြီး




သိပ်ပြီးတော့လည်း အံ့သြမသွားကြပါနဲ့ဦး အမှန်ကဒီလိုပါ ။ အိမ်တစ်ကနေပြီး လေသွင်းထားတဲ့ငါးမန်းရုပ်ကြီးဟာ လွတ်ထွက်သွားပြီး ပေ ၇၀၀၀ အမြင့်ကိုရောက်ရှိနေခဲ့တယ် ။ အဲဒါကို ခရီးသည်တင် ဂျက်လေယဉ် ကို မောင်းလာခဲ့တဲ့ လေယဉ်မှူးတစ်ဦးက ရုတ်တရက်မြင်လိုက်ရတဲ့အခါ လေထဲ ပျံဝဲနေတဲ့ငါးမန်းကြီးကြောင့် အလွန်အမင်းထိတ်လန့်ခဲ့ရတယ်လို့ဆိုပါတယ် ။ နယူးဇီလန်နိုင်ငံ မှ အပြည်အပြည်ဆိုင်ရာလေဆိပ် Christchurch မှ အမြင့် ပေ ၇၀၀၀ အထက်မှာ ဒီငါးမန်းရုပ်ကြီးပျံသန်းနေခဲ့ခြင်းဖြစ်ပါတယ် ။

ဒီဓါတ်ငွေ့တွေဖြည့်ထားတဲ့ ငါးမန်းရုပ်ကြီးကြောင့် လေယဉ်အင်ဂျင်ကတော့ မရပ်သွားခဲ့ပါဘူး ဒါပေမယ့် အညန်း ငယ်တော့ ထိခိုက်မှုရှိခဲ့ပါတယ်လို့ နယူးဇီလန် လေယဉ်မှုးအဖွဲ့မှ Glen Kenny ဆိုသူက ရှင်းပြခဲ့ပါတယ် ။ ဆက်လက်ပြီးတော့ “ ဟီလီယံဆိုတာ Inert gas အမျိုးအစားပါ ဒါနဲပတ်သတ်ပြီး ဘာထင်မြင်ချက်မှ မပေးချင် ပါဘူး ဒါပေမယ့် အကြီးဆုံး အန္တရာယ်ကတော့ လေယဉ်မှူးတွေအပေါ် စတင်သက်ရောက်စေခဲ့ပါပြီ ” လို့ပြော ဆိုခဲ့ပါတယ် ။

Source : http://www.metro.co.uk/weird/886379-flying-shark-spotted-7-000ft-in-the-sky-shocks-airline-pilot

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဒါမျိုးတွေလဲရှိတာပဲလား..အဟိ.........

    ReplyDelete
  2. ဒါမျိုးတွေလဲရှိတာပဲနော်

    ReplyDelete