Tuesday, January 10, 2012

အမျိုးသားတစ်ယောက်ရဲ့ ဆီးအိမ်ထဲကနေဖယ်ထုတ်ခဲ့ရတဲ့ ငါးရှဉ့်တစ်ကောင်

အမျိုးသားတစ်ယောက်ရဲ့ ဆီးအိမ်ထဲကနေဖယ်ထုတ်ခဲ့ရတဲ့ ငါးရှဉ့်တစ်ကောင်




အိုး . . ကြားလိုက်ရတဲ့သတင်းကလည်းအံ့သြစရာတွေချည်းပါပဲ ။ တရုတ်ပြည်ရဲ့ Beauty spa တစ်ခုမှနေပြီး သွားရောက် ကာ (ဘယ်လို spa လုပ်တယ်တော့မသိ ) spa လုပ်တဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ လိင်အဂါင်္ မှတဆင့် ငါးရှဉ့်တစ်ကောင်က ၀င်ရောက်ပြီး ဆီးအိမ်ထဲ ရောက်ခဲ့တဲ့အတွက် ခွဲစိတ်ဖယ် ရှားပေးခဲ့ ရတယ်လို့ဆိုပါတယ် ။

အော်အော် အဖြစ်က ဒီလိုပါတဲ့ ။ Zhang Nan ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ အသက်ရှင်နေ တဲ့ငါးရှဉ့်တွေနဲ့အတူ သူ့ရဲ့အရေပြားကို ကျားသဏ္ဍာန်ပိုပီသလာစေဖို့အတွက် ပိုမိုချော မွတ်တောက်ပြောင် လာစေ ဖို့အတွက် အတူတူ ရေချိုးခဲ့ပါသတဲ့ ။ တကယ်တော့ ဒီလို ငါးရှဉ့်တွေနဲ့ treatment လုပ်ခြင်းဟာ လန်ဒန်က spa တွေမှာလည်း ခေတ်စားလှပြီး ငါးတွေနဲ့ ကုသမှု ခံယူသလို သဘောတရားချင်းဆင်တူပါတယ် ။

သူတို့ယုံကြည်ကြတာက ငါးရှဉ့်တွေက သူတို့ကို ဆယ်နှစ်လောက်ပိုငယ်သွားစေတယ်ဆိုတဲ့ အတွေးပါပဲ ။ ပြီးတော့ ခန္ဓာကိုယ်က သေဆုံးနေတဲ့ တစ်ရှူးတွေကိုလည်း ဖယ်ရှားပေးပါသတဲ့ ။ ဒါပေမယ့် ရေချိုးကန်ထဲ မှာ Nan ဟာ လဲလျောင်းပြီးတဲ့အခါမှာတော့ သူဟာ စူးရှပြင်းထန်တဲ့ ဝေဒနာကို သူ့ရဲ့ လိင်အဂါင်္မှ တဆင့်ခံစားလိုက်ရပါတယ် ။ ဒါကြောင့် သူနားလည်လိုက်တာက သေးငယ်တဲ့ ငါးရှဉ့်တစ်ကောင်ဟာ လိင်အဂါင်္မှ တဆင့် ဆီးလမ်းကြောင်း ထိုမှတဆင့် ဆီးအိမ်ထဲ ၀င်ရောက်သွားခဲ့ပြီဆိုတာပါပဲ ။

“ ကျွန်တော် ရေချိုးကန်ထဲ ကနေလေးဖက်ထောက်ထွက်လာခဲ့ပြီးနောက် ဒီငါးရှဉ့်က ကျနော့်ခန္ဓာကိုယ်ကို ခြေမွ ဆုတ်ဖြဲ ထိုးဆွနေသလိုပါပဲ ပြီးတော့ ကျနော်နားလည်လိုက်တာက ဒီလို ရုတ်တရက်ကြီးနာလာရတာဟာ ငါးရှဉ့်သေးသေးတစ်ကောင်ကျနော့်ရဲ့ လိင်အဂါင်္ကနေတဆင့် ဆီးအိမ်ထဲ ၀င်သွားပြီဆိုတာပါပဲ ” လို့ Honghu , Hubei စီရင်စုမှ ၅၆ နှစ်အရွယ် ရှိသူ Nan က ပြောဆိုခဲ့ပါတယ် ။

“ ဒီဟာကို ကိုင်ပြီး အပြင်ထွက်အောင်ကျွန်တော်ကြိုးစားသေးတယ်ဗျ ဒါပေမယ့်ကျနော့် လိင်တံ အတွင်းမှာပဲ ဒီကောင်က ပျောက်သွားခဲ့တယ် ” အိုကေ ဒီလောက်ဆို သူ့ခံစားချက်တွေက ဘယ်လောက်ကြောက် မက် ဖွယ်ကောင်းကြောင်းသိကြရောပေါ့ ။

သူ့ကို ချက်ချင်းပဲ ဆေးရုံကိုပို့ပြီး ၃ နာရီ ကြာခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ် ။ ငါးရှဉ့်က ခြောက်လက်မရှည်လျှားပြီး ဆရာ ၀န်တွေ ရှာတွေ့ခဲ့တဲ့အချိန်မှာတော့ သေဆုံးနေခဲ့ပါပြီ ။

ခွဲစိတ်ဆရာဝန် Jin Wang ပြောဆိုခဲ့တာကတော့ “ ငါးရှဉ့်ရဲ့ချောမွတ်နေတဲ့ သဘာဝကြောင့် သာ အခုလို nan ရဲ့ လိင်အဂါင်္ကနေ အလွယ်တကူဝင်သွားခဲ့နိုင်တာပါ ” လို့ဖြစ်ပါတယ် ။

“ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်း diameter ဟာ တကယ်တော့ အတော်လေး ကျဉ်းပါတယ် ဒါပေမယ့် ငါးရှဉ့်က အရမ်းကိုချောမွတ်လွန်းနေပြီး ခန္ဓာကိုယ်မှာလည်း ချောဆီအသွင် လုပ်ဆောင်ပေးတဲ့အတွက် အခုလို Penis ထဲ အလွယ်တကူ ၀င်ခဲ့တာပါ ” လို့ သူက ဆက်ပြောခဲ့ပါတယ် ။

ကဲ ယုံချင်ယုံ မယုံချင်နေ Nan လိုမျိုး အလားတူ ဖြစ်ရပ်မျိုးဟာ အသက် ၁၄ နှစ်အရွယ် အိန္ဒိယ မှ လူငယ်လေးတစ်ဦးမှာလည်းဖြစ်ပွားခဲ့တဲ့အတွက်အရေးပါ် ခွဲစိတ်ကုသပေးခဲ့ရပါသေးတယ် ။ ဒီကောင်လေးပြော တာကတော့ သူဟာ ငါးကို ကိုင်ပြီး အိမ်သာထဲသွားခဲ့တယ် ပြီးတော့ ဆီးသွားနေစဉ်မှာ ငါးကလွတ်ထွက်ပြီး သူ့ ဆီးလမ်းကြောင်း ထဲ ၀င်သွားခဲ့ပါသတဲ့ ဟမ်းးးးးးးးးးးးးး ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပေတော့ဗျား))

ှSource : http://www.metro.co.uk/weird/875317-eel-removed-from-mans-bladder-after-entering-penis-during-beauty-spa

သက်တန့်ချို
10/1/2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. မကြားဝံ့မနာသာပါလားဆရာကိုသက်တန့်ရယ်း(
    ခင်မင်လေးစားလျှက်

    မဒိုးကန်

    ReplyDelete
  2. အံသြစရာတွေပါလားနော်....

    ReplyDelete
  3. ကျွတ်ဆင်ကြီးဗျို့

    ReplyDelete
  4. လှချင်ဦး၊ နုပျိုချင်ဦး...ကံကောင်းလို့အသက်ပါမဆုံးတာ... :)

    ReplyDelete
  5. လန့်ထှာ
    ကိုသက်တန့်ရေ

    ReplyDelete