Thursday, January 12, 2012

အပျိုစင်ဘ၀ကို ၂ကြိမ်ပြန်ဆုံးရှုံးခဲ့ရသော ၂၇ နှစ်အရွယ်မိန်းကလေး

အပျိုစင်ဘ၀ကို ၂ကြိမ်ပြန်ဆုံးရှုံးခဲ့ရသော ၂၇ နှစ်အရွယ်မိန်းကလေး



Hazel Jones ဟာ သူမ ပျိုဖော်ဝင်စ အချိန်တုန်းက ဘာကြောင့်များ ဒီလို အလွန်အမင်းသာ အိမ်အောင့်ခြင်း နဲ့ သွေးအများကြီးဆင်းရသလဲဆိုတာကို စိုးရိမ်ပူပန်မှုတွေနဲ့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့် သူမ အသက် ၁၈ နှစ်အရွယ်မှာတော့ တိကျတဲ့စစ်ဆေးမှုအဖြေတစ်ခုက ထွက်ရှိလို့လာခဲ့ပါတယ် ။ အဲဒါကတော့ သူမ မှာ မိန်းမကိုယ် ( Vagina ) နှစ်ခု ပါရှိနေခြင်းကြောင့်ဖြစ်ပါတယ် ။



High Wycombe မှ အသက်၂၇ နှစ်အရွယ် ရွှေရောင်ဆံနွယ်ပိုင်ရှင် ဒီမိန်းကလေးမှာ သားအိမ်နှစ်ခု နဲ့ သား အိမ်ခေါင်းနှစ်ခု စတဲ့ uterus didelphys ဆိုတဲ့အခြေအနေတွေပိုင်ဆိုင်ခဲ့ရသူလေးဖြစ်ပါတယ် ။

အခုတော့သူမ အဆင်ပြေနေပါပြီ ဒါပေမယ့် အပျိုစင်ဘ၀ကို နှစ်ကြိမ်တိုင်ဆုံးရှုံးရမယ့် အခြေ အနေတော့ ရှိပါတယ်လို့ ITV ကို သူမက ပြောခဲ့ပါတယ် ။ “ ကျွန်မ ဒီအဖြစ်မှန်ကို ရှာတွေ့ခဲ့တာနဲ့ လူတွေကို အသိပေးခဲ့ ပါတယ် ” လို့ သူမက TV hosts Holly Willoughby နဲ့ Phillip Schofield ကိုပြောဆိုခဲ့ပါတယ် ။ “ ဒါဟာ အရမ်းကို အံ့သြဖို့ကောင်းလွန်းပါတယ် တခြားသာမန်လူတွေနဲ့မတူ တမူကွဲပြားခြားနားတဲ့ အနေအထားပါပဲ ” လို့ သူမ က ဆက်ပြောခဲ့ပါတယ် ။

“ အကယ်၍ တခြားအမျိုးသမီးတွေက ဒါကိုကြည့်ချင်တယ်ဆိုရင်လည်း ကျွန်မက ပြဖို့အသင့်ပါပဲ ဒါက ကျွန်မ အဖို့တော့ စိတ်ဆိုးဖွယ်ရာ ရှက်ကိုးရှက်ကန်းဖြစ်ရမယ့်အရာမဟုတ်ပါဘူး ” လို့ လည်းထပ်ပြောခဲ့ပါသေးတယ် ။ Hazle ဟာ သူမနဲ့ ရေရှည်လက်တွဲဖော် အမျိုးသားက သူမ ရဲ့မိန်းမကိုယ်ဟာ ကွဲပြားခြားနား ချက်တွေ ရှိနေတယ်လို့ ပြောခဲ့တာကြောင့် ဆရာဝန်ဆီ သွားရောက်ခဲ့ရခြင်းဖြစ်ပါတယ် ။

Hazel ရဲ့ ဆရာဝန် Dawn Harper ကတော့ “ သားအိမ်ဟာ သားဥပြွန် နှစ်ခုနဲပ စတင်ဖွံ့ဖြိုးကြီး ထွားလာ ရပါတယ် ပြီးနောက်ပေါင်းစပ်ပြီး အမြှောင်းလေးက အောက်ကို ပိုင်းချလိုက်ပြီး သားအိမ်တစ်ခုဖြစ်လာရတာပါ ” လို့ရှင်းပြခဲ့ပါတယ် ။ “ လူနာ ၃၀၀၀ လောက်မှာ ဆိုရင် ဒီလို အမြှောင်းလေးဟာ သားအိမ်ထဲမှာ ကျန်ရှိနေ တတ် ပါတယ် ဒါပေမယ့် သားအိမ် နှစ်ခုဖြစ်ရလောက်အောင် အခြေအနေကတော့အ လွန်ကို ရှားပါးလွန်းပါတယ် ”



ဟာဇယ် ဟာ အရင်တုန်းက သူမ မိန်းမကိုယ်ဟာ အမြဲ မသက်မသာ တစ်ခုခုထူးဆန်းသလို ခံစားနေရတယ် အ ခုတော့ ဘယ်လို ဆိုးကျိုးမှမရှိတော့ပါဘူးလို့ ဆိုပါတယ် ။ သူမဟာ အမာရွတ်အနည်းငယ်ကျန်ခဲ့ယုံကလွဲလို့ ခွဲစိတ်ကု သမှု ခံယူခဲ့ပြီးပြီဖြစ်ပါတယ် ။ “ ကျွန်မ ငယ်ငယ်တုန်းက ဆီးအိမ်ယောင်တယ်လို့ ထင်မိသေးတယ် ငယ်ငယ်တုန်း က အဲဒီဆီးပိုးလည်းခဏခဏ ၀င်ပါတယ် ” လို့ ပြောပါတယ် ။ သူမဟာ တခါတုန်းကတော့ သူမ သူငယ် ချင်းကို ဘယ်လို အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးရမလဲလို့ မေးခဲ့ပါသေးတယ် ဒါပေမယ့် ကြာလာတော့ သူမ သူငယ်ချင်းက သူမဟာ အဲဒီ ပစ္စည်းတွေကို များများစားစား ဘာလုပ်ပစ်သလဲဆိုတာ သံသယ ရှိလာတဲ့ အတွက် သူမအနေနဲ့ အလွန်အမင်းရှက်ရွံ့လာပြီးဆ က်မမေးဖြစ်ခဲ့ပါဘူး ။ “ ကျွန်မဟာ ကြောက်လန့်ဖွယ်ရာ နာကျင်မှုတွေကို ခံစားခဲ့ရတယ် သွေးဆင်းလည်းအလွန်များခဲ့ပါတယ် အခုတော့သားအိမ်နှစ်ခုကြောင့် ဒီလို သွေး ဆင်းများရတယ်ဆိုတာ သိသွားပါပြီ ကိုယ်ဝန်ဆောင်ရင်လည်း ကျွန်မအနေနဲ့အထူးသတိထားရပါမယ် တခြား သားအိမ်တစ်ခုမှာပါ ကိုယ်ဝန်ရှိမရှိဆိုတာကိုပေါ့ ” လို့သူမက ပြောခဲ့ပါတယ် ။

Dr Harper ကတော့ ဟာဇယ်ရဲ့ သားအိမ်တွေက သေးလွန်းတဲ့အတွက် သူမ ကိုယ်ဝန်ဆောင်တဲ့အခါ တင်ပ ဆုံဖွားဖြစ်ဖို့များတယ်လို့ဆိုပါတယ် ပြီးတော့ ဗိုက်ခွဲပြီးမွေးဖွားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ် ။ သားအိမ်ခေါင်း ကင်ဆာစစ်မယ်ဆိုရင်း Double smear test ( သားအိမ်ခေါင်း ၂ ခုလုံးကိုစစ်ခြင်း ) ကို သုံးရမယ်လို့ဆိုပါတယ် ။ ဟာဇက်နောက်ဆုံးပြောခဲ့တာကတော့ “ လိင်ကိစ္စနဲ့ပတ်သတ်လို့ကတော့ အရမ်းကို ကောင်းမွန်တဲ့ Great sex life ကိုပိုင်ဆိုင်ထားပါတယ် ” တဲ့ ။

သက်တန့်ချို

source : http://www.dailymail.co.uk/health/article-2085255/Hazel-Jones-I-lost-virginity-twice-reveals-woman-27--I-TWO-vaginas.html

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. သြော်ကွယ်... ဆန်းလည်း ဆန်းပါပေ့..
    ဘာပဲပြောပြော..သူ့ဘာသာ ကောင်းကွက်ရှာပြီး
    ကျေနပ်နိုင်တယ်ဆိုတော့ တော်သေးတာပေါ့လေ..

    ReplyDelete
  2. ထူးဆန်းလိုက်တာ....

    ReplyDelete