Saturday, January 28, 2012

အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးမိခင်

အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးမိခင်



ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်မှာ သမီးတစ်ယောက် မွေးဖွားခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွားခဲ့ရခြင်းဖြစ်ပါတယ် ။



အသက် ၁၁ နှစ်အရွယ် ဒီဘယ်လ်ဂျီယမ်သူဟာ ကစားကွင်းမှာ တခြားသူတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာ ခံနေရ တုန်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒီအမျိုးသားကတော့ ဒီကောင် မလေးကို စစတွေ့ခြင်း အသက် ၁၅ နှစ်လောက်ရှိပြီလို့ ထင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ် ။ သူတို့ ချိန်းတွေ့ပြီး တစ်ပတ်လောက်အကြာမှာ ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိလာခဲ့တယ် ။



သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ဒါ ယောင်္ကျားတစ်ယောက်ရဲ့ တာဝန်ပဲ ဆိုပြီး ကောင် မလေး ကို လက်ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမယ့် လည်း ဒီအမျိုးသားဟာ အရွယ်မရောက်သေးသူနဲ့ ကာမ ဆက် ဆံခဲ့တဲ့အတွက် ထောင် ၆ နှစ် ထိ ကျခဲ့ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ် ။



ဒီ ၁၁ နှစ်အရွယ်မိန်းကလေးကတော့ ကျောင်းမတက်ချင်တော့ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူမဟာ အခု မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက်လို့ပြောခဲ့ပါတယ် ။ သူမနောက်ဆုံးပြောခဲ့တာကတော့ “ ကျွန်မ အရုပ်တွေနဲ့ နောက်ထပ် မကစားချင်တော့ပါဘူး ကျွန်မမှာ အရုပ်သစ်တစ်ရုပ် ရနေပြီလေ ” တဲ့ ။ အော် လော ကကြီးလည်း ဘာတွေဖြစ်နေပါလိမ့် ။









သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

31 comments:

  1. တာဝန်ယူရဲတဲ့သူ.အတွက်အရမ်းကိုလေးစားပါတယ်။ ဒါပေမယ့်နောက်တစ်ကြိမ်လောကကြီးမှာဒီလိုအဖြစ်မျိုးတွေမဖြစ်ပါစေနဲ.လို. “ဖြူစင်သန်.” ဆုတောင်းပေးပါတယ်။လူသားအယောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။

    ReplyDelete
  2. ခေတ်ပျက်ကြီး ဖြစ်နေပြီ ထင်ပါရဲ့..။

    ကောင်လေးကလည်း ၁၉ နှစ်လို့ မထင်ရ.. ကောင်မလေးကလည်း ၁၁ နှစ်လို့ မထင်ရဘူးနော်.. ပိုကြီးနေပုံပေါက်တယ်..

    ReplyDelete
  3. ၁၁နှစ်ပဲရှိသေးတယ်တဲ့လား..။
    သူ့ကိုကြည့်ရတာ ၁၈/ ၂၀ လောက်ကိုထင်ရတယ်နော်..။
    ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာသဘာဝပါပဲ၊ သူတို့က တစ်ကယ်ချစ်လို့ တစ်ကယ်ထပ်ထပ်ယူကြတာပဲ။
    အပြစ်ပြောစရာမရှိပါ..

    ReplyDelete
  4. What happened to the world????????

    ReplyDelete
  5. လူတစ်ယောက်ရဲ့မျိုးရိုးနဲ့ဖွဲ့စည်းပုံမတူဘူးလေ

    ReplyDelete
  6. အသက်များမှားပြောတာလား ............

    ReplyDelete
  7. မြန်မာနိုင်ငံလည်းအဲလိုတာဝန်သိတက်တဲ့အမျိုးတွေအများကြီးရှိရင်မြန်မာနိုင်ငံအမြန်တိုးတက်လိမ့်မယ်လို့ထင်တယ်

    ReplyDelete
  8. everybody has their desire.The condition that person warmly wanna it,it must be right for these person.So i don't have to tell human beings.

    ReplyDelete
    Replies
    1. သူဘဝနဲု့သူ ကျေနပ် ရင်ပြီးတာပဲ

      Delete
  9. တ ပါတ် တွေ့ ရုံ နဲ့ ကိုယ် ဝန် ရှိ တယ် လား

    ReplyDelete
  10. တ ပတ် တဲ့ လား

    ReplyDelete
  11. ကလေးတွေပဲရှိသေးတာစိတ်ပျက်စရာ။

    ReplyDelete
  12. စိတ်ပျက်စရာ။

    ReplyDelete
  13. ကောင်းတယ်။ဆက်လုပ်ကြ။အားပေးတယ်။

    ReplyDelete
  14. ကောင်းတယ်။ဆက်လုပ်ကြ။အားပေးတယ်။

    ReplyDelete
  15. စိတ်ကျေနပ်ရင်ပြီးတာပဲနေတက်ရင်အေးဆေးလေး

    ReplyDelete
  16. မဟုတ်လောက်ဘူး

    ReplyDelete
  17. လုပ် ချင် ရာ သာ လုပ် ကြ ပေ တော့ ဗျို့..............

    ReplyDelete
  18. လွှမ်းမိုးသုApril 19, 2013 at 8:16 AM

    မြန်မာမျိုးသမီးတွေကိုဒီလိုမဖြစ်ရအောင်ကူညီပေးကြပါ

    ReplyDelete
  19. သြော် ဘဝတွေ.......

    ReplyDelete
  20. ဒန့်ချွဲပင်ပုခက်လွှဲဆိုတာဒါမိုးနေမှာ

    ReplyDelete
  21. လိုက်မလုပ်ပါနဲ့

    ReplyDelete
  22. အသက်မှားတယ်ထင်တယ်

    ReplyDelete
  23. ကျော်ကျော်....အဲဒီလိုမိုးမဖြစ်သင့်ဘူးလို့ထင်တယ်..ကျွန်တော်တို့မြန်မာမိန်းကလေးတွေမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်

    ReplyDelete
  24. ဒန့် ကျွဲပင် သားလွဲတဲ့ခေတ် ဆုတ်ကဒ် ခေတ်ကိုဦးတည်နေပါပြီလို့ပြောချင် ပါတယ်

    ReplyDelete
  25. aungboboheinawyawtharMay 11, 2013 at 8:08 PM

    comond ပေးစေချင်လို့တင်ထားတာ ကိုယ် တို့က မမှားရအောင် ဂရုစိုက်ရမှာပေါ့။

    ReplyDelete
  26. အင်းဖြစ်နိုင် ပါတယ် ရာသီစောလာတဲ့မိန်း က လေးဆိုရင်

    ReplyDelete
  27. ဒီလိုမျိုးတွေ နောက်တခါမဖြစ်ပါစေနဲ့လိုပဲ ဆုတောင်းရမှာပေါ့

    ReplyDelete
  28. မဖြစ်နိုင်ပါဘူး ၁၁နှစ်ကလဲရုပ်ကြီးကရင့်လှပြီ မရုံပါဘူး။
    ခတ်ကကြောက်စရာကြီးနော်။

    ReplyDelete
  29. က လေး ကတော့အကြီး ကြီးပါ

    ReplyDelete