Wednesday, January 11, 2012

အမျိုးသားနှစ်ဦးရဲ့ ဝှေးစေ့တွေကို ကိုတ်ဖြတ်ပြီးသတ်ခဲ့တဲ့ငါးကြီး

အမျိုးသားနှစ်ဦးရဲ့ ဝှေးစေ့တွေကို ကိုတ်ဖြတ်ပြီးသတ်ခဲ့တဲ့ငါးကြီး




ဒီသတင်းကတော့အတော်ကြောက်ဖို့ကောင်းတယ်လို့ သတ်မှတ်ရမှာပါပဲ ။ လွန်စွာကြီးမား တဲ့ငါးကြီးတစ်ကောင် ဟာ မြစ်တစ်ခုထဲမှာ ရေကူးနေတဲ့အမျိုးသားနှစ်ယောက်ရဲ့ ဝှေးစေ့တွေကို ကိုတ်ဖြတ်ခဲ့တဲ့ပြီးသွေးထွက်လွန် ပြီးသေဆုံးစေခဲ့ပါတယ် ။ ဒါကြောင့် Jeremy Wade ဆိုသူဟာ ဒီလို ထူးဆန်းပြီး ကြောက် မက်ဖွယ်ကောင်း တဲ့သတ္တ၀ါကို ရှာတွေ့ဖို့အတွက် အဲဒီကိုသွားရောက်ခဲ့ပါတယ် ။



ရက်သတ္တပတ်များစွာ ရှာဖွေပြီးနောက် ဒီလို လူသတ်တရားခံဟာ ကြောက်မက်ဖွယ် Pacu ငါးကြီး တစ်ကောင်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ် ။ သန်စွမ်းတဲ့သွားကြီးတွေဟာ ကြောက်မက်ဖွယ်ကောင်းသလို ထိတ်လန့် ဖွယ် ရာအတိဖြစ်ပါတယ် ။ ငါးဖမ်းတံ နဲ့ ပေါင်လေးဆယ်ရှိတဲ့ ဒီငါးကြီးသူဟာ ဖမ်းဆီးပြီးနောက် သူ့ရဲ့ ငါးဖမ်းလှေသေးသေးလေးပေါ်တင်လာခဲ့တယ် ။ Mr Wade ဟာ သူရှာတွေ့ခဲ့တဲ့ငါးကြီးကိုကြည့်ပြီး ထိတ် လန့်တုန်လှုပ်ခဲ့ရပါတယ် ။

“ ကျွန်တော်သူ့ပါးစပ်ကို ကြည့်လိုက်တဲ့အခါ လူတွေလိုပဲဗျ သွားတွေက တကယ့်ကိုကြောက်ဖို့ကောင်းပြီး တစ်ခုခုကိုခြေမွ ဖျက်ဆီးဖို့ လုံလောက်အောင်သန်စွမ်း လွန်းတယ် မေးရိုးကြွက်သားတွေ ကလည်းသန်မာ လိုက်တာလွန်ရော Molar သွားကတော့ လူနဲ့အတူတူပဲဗျ ခန္ဓာကိုယ်ကတော့ တကယ့်ကို ဂဏန်းကောင်လို မာကြော ပါတယ် ” လို့ သူကပြောဆိုခဲ့ပါတယ် ။



Pacu ငါးတွေဟာ အမေဇုန် မှာတွေ့ရလေ့ရှိပြီး သူတို့ရဲ့သွားတွေဟာ သစ်စေ့တွေရဲ့အခွံတွေကိုတောင် ပြတ်အောင်ကြေမွအောင် ခြေမွနိုင်စွမ်းရှိပါတယ် ။ Mr Wade ရဲ့ စွန့်စားမှုရှာပုံတော်ခရီး Series of River Monsters ကို ITV ကနေ တိုက်ရိုက်အသံလွင့်ထုတ်လွင့်ပြသခဲ့ပါတယ် ။

ကိုယ့်လူတို့ရေ ချောင်းတွေ မြစ်တွေထဲ ရေချိုးရင်ကြည့်ကူးကြဗျ နော့ :))

သက်တန့်ချို

ှSource : http://www.metro.co.uk/weird/886011-testicle-eating-fish-that-killed-two-men-caught-by-british-angler

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. ကိုကိုမောင်(ပန်းရနံ့)January 11, 2012 at 3:45 PM

    အမျိုးသမီးတွေအဖို့ ကြောက်စရာမလိုဘူးဆိုတဲ့ သဘောပေါ့။း)

    ReplyDelete
  2. အံမယ် ..... ဒီငါး ကွမ်းစားတယ် ထင်တယ် ကွမ်းချိုးလေးတွေတောင် ကပ်လို့ ။ Doc လည်း သတိထား၊ ချောင်း မြင်တိုင်း ရေဆင်းမကူးနေနဲ့ ။ ဟဲဟဲ။

    ReplyDelete
  3. ဟဟ ဟုတ်မယ်ဗျို့ နို့ပေမယ့် အမျိုးသမီးတွေလည်း အတွတ်ခံရနိုင်တာပါပဲ ဟီးး :P

    ReplyDelete
  4. ဟဟ ဟုတ်မယ်ဗျို့ နို့ပေမယ့် အမျိုးသမီးတွေလည်း အတွတ်ခံရနိုင်တာပါပဲ ဟီးး :P

    ReplyDelete
  5. အမျိုးသားတွေကပိုတွတ်လို့ ကောင်းလို့ နေမှာပါ... :P

    ReplyDelete
  6. ကျောတောင် နဲနဲချမ်းသွားတယ်...

    ReplyDelete
  7. တွတ်စရာရှားလို့.. ဘယ်လို ငါးပါလိမ့်..ဟီးးးးးးး

    ReplyDelete
  8. ဒီငါးက အရင်ဘဝက ယောင်္ကျားလေးတွေကို စိတ်နာထားပုံရတယ်

    ReplyDelete
  9. ဒီငါးက အ၇င်ဘဝက ယောင်္ကျားလေးတွေကို စိတ်နာထားပုံရတယ်

    ReplyDelete
  10. ကြိုက်တတ်လို.နေမှာပါရှင်

    ReplyDelete
  11. >>ကိုကိုမောင်(ပန်းရနံ့)ကလည်းဗျာ မိန်းကလေးလည်း သူဟာနဲ့သူတော့ပါတာပေါ့...

    ReplyDelete