Friday, January 6, 2012

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ် (မျှဝေပေးကြပါ )

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ် (မျှဝေပေးကြပါ )





မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ ဓါတ်ရောင်ခြည် Radiation တွေက လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေမှုရှိတယ်ဆိုတာဟာ လတ်တလော စိတ်ဝင်စားမှုအကောင်း ဆုံးနဲ့ လေ့လာစမ်း သပ်မှုတွေပြု လုပ်နေကြတဲ့အရာတစ်ခုဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ တကမ္ဘာလုံး ( ၂၀၀၉ ခုနှစ် ဂျွန်လအထိဆိုရင် 4.3 billion တောင်ရှိပါတယ် ) များပြားလာတဲ့အတွက်ဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတွေဟာ သေးငယ်တဲ့ လှိုင်းနှုန်း Microwave မှာ Electromagnetic radiation တွေကို အသုံးပြုပါတယ် ။ တခြား ၀ါယာ လက် စနစ်တွေဖြစ်တဲ့ Data Communication networks တွေမှာလည်း ဒီလိုအလားတူ radiation တွေကို အသုံးပြုကြပါတယ် ။

WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိုဘိုင်းဖုန်း ကထွက်တဲ့ ဓါတ်ရောင်ခြည်ကို IARC scale ပေါ် မူတည်ပြီးတော့ Group 2B ( ကင်ဆာဖြစ်နိုင်ခြေရှိသော ) အဆင့်လို့ သတ်မှတ်ထားပါတယ် ။ ဘာကိုဆိုလိုသ လဲဆိုတော့ ကင်ဆာဖြစ်နိုင်ချေရှိခြင်း Carcinogenicity ဟာ မိုဘိုင်းဖုန်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း နဲ့များများ အသုံးပြုခြင်းတို့ဟာ ကင်ဆာ နဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတာပါပဲ ။ ဒါကြောင့်အချို့သော နိုင်ငံတွေမှာ ဓါတ်ရောင်ခြည် အကြံပေးအဖွဲ့တွေက မြို့နေလူထုထဲမှာ ဒီအန္တရာယ်ကိုလျော့ချဖို့အတွက် precautionary approach လို့ခေါ်တဲ့ မဖြစ်ခင်ကြိုတင်ကာကွယ်သတိထားနည်းလမ်းကို စတင်ကျင့်သုံးနေကြပြီဖြစ်ပါတယ် ။



များစွာသော လေ့လာစမ်းသပ်မှုတွေကနေပြီး မိုဘိုင်းဖုန်းတွေရဲ့ ဓါတ်ရောင်ခြည်တွေကနေ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ ဒီလိုလေ့လာစမ်း သပ်မှုတွေ ကို လည်း များစွာသော သိပ္ပံဆိုင်ရာ ကော်မတီတွေကနေပြီး ဖြစ်နိုင်ခြေရှိမှုအကုန်လုံး ကို ပြန် လည်လေ့ လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ လတ်တလော accessment တစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ European Commission Scientific Committee on Emerging and Newly Identified Health Risks ( SCENIHR ) ပဲဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းကနေထုတ်လွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေရဲ့ တချို့ကို လူတွေရဲ့ဦးခေါင်းကနေ စုပ်ယူပါတယ် ။ ရေဒီယိုဝေ့ဖ်တွေဟာ GSM ဟမ်းဆက်မှာဆိုရင် peak power - 2 watt ရှိပြီး US analogue phone တွေမှာတော့အမြင့်ဆုံး ထုတ်လွှတ်တဲ့ စွမ်းအင်ဟာ 3.6 watt တောင် ရှိပါတယ် ။ တခြား မိုဘိုင်းနည်းပညာတွေဖြစ်တဲ့ CDMA2000 နဲ့ D-AMPS တွေကတော့ ဒီထက်ပိုနည်းတဲ့ စွမ်းအင်ကို အသုံးပြုကြပြီး 1 watt အောက်မှာပဲရှိပါတယ် ။ အမြင့်ဆုံးဘယ်လောက်ထိ စွမ်းအင်ထုတ်သလဲဆိုတာကတော့ တိုင်းပြည်တစ်ပြည်မှာသုံးစွဲနေတဲ့ mobile phone standard အပေါ်မူတည်နေပါတယ် ။ USA မှာဆိုရင်တော့ FCC လို့ခေါ်တဲ့ Federal Communications Commission ကနေပြီး SAR သတ်မှတ်မှုကို 1.6 W/kg လို့ သတ် မှတ်ထားပြီး ဦးခေါင်းထဲက တစ်ရှူးတွေထဲမှာ ပျမ်းမျှ တစ်ရှူး ၁ ဂရမ်ကို လွှမ်းမိုး သက်ရောက်မှုရှိစေပါတယ် ။

SAR ဆိုတာကတော့ Specific Absorption Rate ဖြစ်ပြီး လူခန္ဓာကိုယ်ကနေ ဓါတ်ရောင်ခြည်ကို ဘယ်လောက် ထိ စုပ်ယူသလဲဆိုတာကို တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ် ။ ဥရောပရဲ့ FCC ကနေ သတ်မှတ်မှုကတော့ 2 W/kg ဖြစ်ပြီး တစ်ရှူးတွေရဲ့ ၁၀ ဂရမ်ကို လွှမ်းမိုးမှုရှိပါတယ် ။

အပူချိန်ပြောင်းလဲမှု ( Thermal Effects)

မိုကခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေရဲ့ ကောင်းကောင်းနားလည်နိုင်တဲ့အချက်ကတော့ dielectric heating ဖြစ်ပြီး Dielectirc material တွေဖြစ်တဲ့ သက်ရှိတစ်ရှူးတွေဟာ Electromagnetic field ထဲမှာဆိုရင် Polar molecules တွေ လည့်ပတ်နေခြင်းကြောင့် အပူပေးခြင်းခံနေရပါတယ် ။ ဆဲလ်ဖုန်းတစ်လုံးကိုသုံးနေတဲ့ လူတစ်ယောက် မှာဆိုရင် ဒီလို heating effect ကို ဦးခေါင်းရဲ့မျက်နှာပြင်မှာ တွေ့နိုင်ပြီး အပူချိန် တက်လာခြင်းကို ဖြစ်စေပါတယ် ။ ဦးနောက်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ဟာ local blood flow များလာ တာကြောင့် မလိုလားအပ်ပဲ အပူချိန်မြင့်မားလာခြင်းနဲ့ ရင်ဆိုင်နေရပါတယ် ။

Blood Brain Barrier Effects



Lund Univerisity မှ ဆွီဒင်လေ့လာသူများဖြစ်တဲ့ Salford, Brun, Persson , Edberhardt နဲ့ Malmgren ဆိုသူတို့က ကြွက်တွေရဲ့ ဦးနှောက်ထဲမှာ ဒီ မိုက်ခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေကိုလေ့လာမှုပြုလုပ်ခဲ့ကြပါတယ် ။ အဲဒီအခါ Blood - brain barrier ( ဦးနှောက်နှင့် သွေး ကြားသယ်ယူပို့ဆောင်ပေးသူ ) တွေကနေတဆင့် စိမ့်ဝင်ပျံ့နှံ့ပြီး albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ထွက်ရှိနေခြင်း (Leakage) ကို ရှာတွေ့ခဲ့ကြပါတယ် ။ ဒါကို ထပ်မံသက်သေပြဖို့အတွက် Allan Frey, Oscar and Hawkins ,Albert နဲ့ Kerns ဆိုသူတို့က Blood Brain Barrier ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။

မိုဘိုင်းဖုန်းနှင့် ကင်ဆာရောဂါ

၂၀၀၆ ခုနှစ်တုန်းက မိုဘိုင်းဖုန်းနဲ့ ကင်ဆာရောဂါရဲ့ ဆက်နွယ်မှုကို သက်သေပြဖို့အတွက် Danish Study ဆိုပြီးစမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။ တခြား လေ့လာမှုတွေကတော့ 13 nation INTERPHONE Project လို့အမည်တွင်ပြီး မိုဘိုင်းဖုန်းနဲ့ ဦးနှောက်ကျူမာတွေရဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့ကြပါတယ် ။ မိုဘိုင်းဖုန်း ဆက်သွယ်မှု ကြာမြင့်လာချိန်နဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေပြောင်းလဲလာမှုကြောင့် လူငယ်လူရွယ်တွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ဦးနှောက်ကင်ဆာရဲ့ဆိုးကျိုးတွေကို ထပ်မံလေ့လာကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

Genetoxic effects

2008 ခုနှစ် Meta-analysis က ဘာကိုဖော်ပြထားသလဲဆိုရင် အချို့သောအခြေအနေတွေမှာဆိုရင် RF Radiation တွေဟာ genotoxic ( မျိုးဗီဇ အဆိပ်အတောက်ဖြစ်စေခြင်း ) ကိုတွေ့ရပါတယ်တဲ့ ။ ၂၀၀၉ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ Meta-study မှာဆိုရင်လည်း ၁၀၁ ယောက်စမ်းသပ်ခဲ့ရာမှာ ၄၂ ယောက်က ပုံမှန်ဖြစ်ပြီး ၄၉ ယောက် မှာ Genotoxic effect ရှိတာကိုတွေ့ခဲ့ရပါတယ် ။ ဒါကြောင့် RF- EMF ( Electormagnetic fields) တွေဟာ မျိုဗီဇ genetic material တွေကို နည်းလမ်းတစ်ခုထက်ပိုပြီး ပြောင်းလဲစေနိုင်တယ်ဆိုတာကို သက်သေတွေရှိနေပါပြီလို့ လေ့လာစမ်းသပ်သူတွေက ပြောခဲ့ကြပါတယ် ။ ၁၉၉၅ ခုနှစ်မှာလည်း Jounal Bioelectomagnetics မှာ Henry Lai နဲ့ Narenda P.Singh တို့ဖော်ပြခဲ့တာကတော့ U.S government standard အတိုင်း အန္တရာယ်ကင်းအဆင့်လို့သတ်မှတ်ထားတဲ့ microwave radiation ကို ၂ နာရီကြာ ထိတွေ့ပြီးတဲ့အခါ DNA ပျက်ဆီးသွားတာကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီလိုအလားတူ DNA ကို ထိခိုက် မှုရှိကြောင်းကိုလည်း ဥရောပဖက်မှာလည်း သက်သေပြမှုတွေ စမ်းသပ်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သြစတေးလျ လေ့လာစမ်းသပ်မှုမှာတော့ လူရဲ့ သုတ်ကောင် Spermatozoa ကို radio-frequency 1.8 GHz နဲ့ Specific absorption rate SAR 0.4 to 27.5 W/kg အတွင်း စမ်းသပ်စေခဲ့ပါတယ် ။

အဖြေကတော့ သုတ်ကောင်တွေရဲ့ လှုပ်ရှားမှု နှုန်း Motality နဲ့ ရှင်သန်မှုနှုန်း Vitality ကို လျော့ ကျစေတာတွေ့ခဲ့ရပြီး Oxidative stress ကိုများစေတာလည်းတွေ့ခဲ့ရတယ် ။ ဒါကြောင့်အမျိုးသားတွေ အနေနဲ့ ဖုန်းကို မျိုးအဂါင်္နဲ့ နီးတဲ့ ခါးစပ်တွေနဲ့ ဘောင်းဘီ အိပ်ကပ်တွေထဲမထည့်ထားဖို့ အင်တာနက်စာမျက်နှာတွေမှာ ထွက်ပေါ် လာရခြင်းဖြစ်ပါတယ် ။ ပြီးတော့ 8-Oxo-2'-deoxyguanosiene markers တွေများလာပြီး ဒီအန်အေ ပိုင်းပြတ် မှုနှုန်း DNA fragmentation များလာတာကိုတွေ့ခဲ့ရပါသတဲ့ ။ မိုဘိုင်းဖုန်းနဲ့ ဆက်နွယ်နေ တဲ့အန္တရယ်တွေ ကို မီးမောင်းထိုးပြယုံပါပဲ ။

အကြံပေးချက်များ

၂၀၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပြုလုပ်ထားတဲ့ WHO International Agancy for Research on Cancer မှာ ကြေငြာထားတာကတော့ မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ EMF ( Electromagnetic fields ) တွေနဲ့ တခြားအရာတွေက လူတွေကို ကင်ဆာဖြစ်နိုင်ခြေ "possibly carcinogenic to humans" ရှိတယ် လို့ ဖော်ပြထားပါတယ် ။ ပြီးတော့ အကြံပေးချက်တချို့ကိုလည်းရေးသားထားပါသေးတယ်

- ဦးခေါင်းပိုင်းကို ဓါတ်ရောင်ခြည်တိုက်ရိုက်မသက်ရောက်အောင်လို့ Hands-free သုံးစွဲပါ ။
- ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ ဖုန်းကို ဝေးဝေးမှာထားပါ ။
- ပြင်ပ အင်တာနာ မပါပဲနဲ့ကားထဲမှာ တယ်လီဖုန်းအသုံးမပြုပါနဲ့ ။

ကဲ ဒီလောက်ဆိုရင်တော့ မိုဘုန်းဖုန်းကနေထွက်တဲ့ EMF နဲ့ Micro wave တွေရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်း လင်းသိကြပြီလို့ထင်ပါတယ် ။ အားလုံးပဲ နီးစပ်ရာကို မျှဝေပေးကြပါ ။ တတ်နိုင်သမျှ ကာကွယ်တဲ့ နည်း လမ်းတွေနဲ့ အန္တရာယ်တွေကို ရှောင်ရှားကြပါစို့ ။

သက်တန့်ချို
6/1/2012

Ref : http://en.wikipedia.org/wiki/Mobile_phone_radiation_and_health
^ "Market Data Summary (Q2 2009)". GSM Association. Retrieved 2010-01-30.
^ a b IARC classifies radiofrequency electromagnetic fields as possibly carcinogenic to humans. (PDF). World Health Organization press release N° 208 (International Agency for Research on Cancer). 2011-05-31. Retrieved 2011-06-02.
^ a b "Information: Wie gefährlich sind Handystrahlen wirklich?" (in German). Marktgemeinde Pressbaum. Retrieved 2008-01-23.
^ "Conclusions on mobile phones and radio frequency fields". European Commission Scientific Committee on Emerging and Newly Identified Health Risks (SCENIHR). Retrieved 2008-12-08.


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. ဖုန်းတွေကနေ ဘေးထွက်ဆိုးကျိုးတွေလဲ တော်တော်များသားပါလား ကိုသက်တန်ရယ်..။Facebook မှာ ရှယ်ဖို့ယူသွားပါတယ်..။ဗဟုသုတ အများကြီးရတဲ့အတွက်ကျေးဇူးပါဗျာ..။

    ReplyDelete
  2. Thank you for your knowledge!!I have to care for it...

    ReplyDelete