ဘရုစလီဟာ ဒဏ္ဍာရီထဲက ကိုယ်ခံပညာသူရဲကောင်းဖြစ်ပါတယ် ။ “ ဘရုစ် ဟာ တစ်နေ့ကို ကျွန်တော်နဲ့အတူ ၃ မိုင်ပြေးတယ် တကယ့်ကို နေရာကောင်းတွေပါပဲ ကျွန်တော်တို့ဟာ သုံးမိုင်ကို နှစ်ဆယ့်တစ်မိနစ် (သို့မဟုတ် ) နှစ်ဆယ့်နှစ်မိအတွင်းပြေးခဲ့ကြတယ်။ တစ်မိုင်ကို ၈ မိနစ်အောက်အတွင်းမှာပေါ့ ။ (မှတ်ချက် - ဘရုစလီရဲ့ ၁၉၆၈ ခုနှစ်က ကိုယ်ပိုင်မှတ်စုမှာတော့ တစ်မိုင်ကို ၆ မိနစ်ခွဲနဲ့ ပြေးခဲ့တယ်လို့ မှတ်သားထားပါတယ် )
တစ်မနက်ခင်းမှာ သူ ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ ငါးမိုင်ပြေးကြရအောင် ” တဲ့ ။ ကျွန်တော် သူ့ကိုပြန်ပြော ခဲ့တယ် ။ “ ဘရုစ် ငါ ငါးမိုင်တော့မပြေးနိုင်ပါဘူး ငါ က မင်းထက်လည်းအသက် နည်းနည်းကြီးတယ်လေ ငါ အဲဒီလောက်တော့ မပြေးနိုင်ဘူး ” သူက ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ အတူပြေးပြီး ၃ မိုင်ရောက်တဲ့အခါ ငါတို့အ ရှိန်ကိုပြောင်းလိုက်မယ်လေ နောက်ထပ် ၂ မိုင်ပဲကျန်တော့မှာ မင်းလုပ်နိုင်မှာပါ ”
ကျွန်တော်ပြန်ပြောခဲ့တယ် ။ “ ကောင်းပြီ လေ ငါတို့ ပြေးကြတာပေါ့ ” ဒီလိုနဲ့ ကျွန်တော်တို့ဟာ အတူပြေး ခဲ့ကြတယ် ။ ၃ မိုင်အထိရောက်လာပြီး ၄ မိုင်အတွင်းကို ကျွန်တော်တို့ရောက်လာပါပြီ ကျွန်တော် ၃ မိုင်ကျော်ပြီးတော့ လေးမိုင်အတွင်းမှာ သုံး ၊ လေး မိနစ်လောက်အထိတော့ အဆင်ပြေပါဘူးတယ် ကျွန်တော် တကယ့်ကို ရပ်လိုက်ချင်ပါပြီ ရင်တွေက တဒိန်းဒိန်းခုန်နေပြီး အလွန်ကိုမောနေပါပြီ ကျွန်တော် ဆက်ပြီးမသွားနိုင်တော့ဘူး သူ့ကို ကျွန်တော်ပြောလိုက်တယ် “ ဘရုစ် ငါဒီထက်ပိုဆက်ပြေးရင် ” “ ငါတို့ပြေးနေ တာပဲလေ ” “ ငါဒီထက်ပိုထက်ပိုဆက်ပြေးရရင်ငါ နှလုံးအမောဖောက်ပြီး သေသွားလိမ့်မယ် ”
ဘရုစ်ကပြောတယ် “ အဲဒါဆိုလည်း သေလိုက်ပါ ” ဒါဟာ ကျွန်တော့်ကို မခံချင်စိတ်ဖြစ်စေပြီး ကျွန်တော် ငါးမိုင် အထိဆက်ပြေးခဲ့တယ် ။
အဲဒီနောက်မှာ ကျွန်တော် အိမ်ပြန်ရေချိုးပြီး သူ့ကို အဲဒီအကြောင်းပြောချင်နေခဲ့တယ် ။ “ မင်းဘာလို့ အဲဒီလိုပြော ရတာလဲ ” သူ ကပြန်ဖြေခဲ့တယ် ။
“ ဘာကြောင့်လည်းဆိုတော့ မင်းတကယ်သေသွားနိုင်လို့ပဲ ။ အကယ်၍များ မင်းဟာ မင်းလုပ်နိုင်တဲ့အရာ (ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ဘယ်လိုအရာပဲဖြစ်ပါစေ ) အပေါ် Limit ဆိုတဲ့ ကန့်သတ်မှုတစ်ခုထားထားမယ်ဆိုရင် အဲဒါဟာ မင်းရဲ့ ကျန်ရှိနေတဲ့ ဘ၀အစိတ်အပိုင်းအပေါ် ဖုံးလွှမ်းသွားလိမ့်မယ် မင်းရဲ့ဘ၀တလျှောက်လုံးနဲ့ မင်းရဲ့ အကျင့်ပိုင်းဆိုင်ရာအထိပေါ့ ။ ဘ၀မှာ Limit ဆိုတဲ့ ကန့်သတ်မှုဆိုတာမရှိဘူး ။ တရှိန်ထိုးမြင့်တက်နေတဲ့ မျဉ်းဖြောင့်တစ်ကြောင်းလိုပဲ ဘ၀ဆိုတာ မရပ်မနားတက်နေရတဲ့ ကုန်းမြင့်တစ်ခုလိုပဲ မင်းသွားနိုင်တာထက် မင်းကျော်လွန်ပြီးသွားရမယ် အကယ်၍များ အဲဒီကန့်သတ်မှုတွေက မင်းကို သတ်လိုက်မယ်ဆိုရင်မင်းသေပြီပဲ လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ် ”
သက်တန့်ချို
3rd April 2012
A man must constantly exceed his level အားဆီလျော်သလိုဘာသာပြန်သည် ။
မူရင်း - This inspiring story is about Bruce Lee, a legendary martial art master.“Bruce had me up to three miles a day, really at a good pace. We’d run the three miles in twenty-one or twenty-two minutes. Just under eight minutes a mile [Note: when running on his own in 1968, Lee would get his time down to six-and-a half minutes per mile].
So this morning he said to me “We’re going to go five.” I said, “Bruce, I can’t go five. I’m a helluva lot older than you are, and I can’t do five.” He said, “When we get to three, we’ll shift gears and it’s only two more and you’ll do it.”
I said “Okay, hell, I’ll go for it.” So we get to three, we go into the fourth mile and I’m okay for three or four minutes, and then I really begin to give out. I’m tired, my heart’s pounding, I can’t go any more and so I say to him, “Bruce if I run any more,” –and we’re still running-” if I run any more I’m liable to have a heart attack and die.”
He said, “Then die.” It made me so mad that I went the full five miles.
Afterward I went to the shower and then I wanted to talk to him about it. I said, you know, “Why did you say that?”He said, “Because you might as well be dead. Seriously, if you always put limits on what you can do, physical or anything else, it’ll spread over into the rest of your life. It’ll spread into your work, into your morality, into your entire being. There are no limits. There are plateaus, but you must not stay there, you must go beyond them. If it kills you, it kills you. A man must constantly exceed his level.”
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မှတ်သားသွားပါတယ်ရှင်
ReplyDeleteအရမ်းကို မှတ်သားဖွယ်ရာနဲ့ စဉ်းစားစရာ
ReplyDeleteအယူအဆ လေးပါပဲ
ဘရုစ့်လီကို လည်း လေးစားပါတယ်
ကောင်းလိုက်တဲ့စကား။
ReplyDelete