Tuesday, June 5, 2012
သွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ
သွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ
Facebook ပေါ်တက်ရမှာ ထိတ်လန့်ကြောက်ရွံ့စရာ
သွေးညှီနံ့တွေ တ၀ုန်းဝုန်း---သေခဲ့ကြ ကြေခဲ့ကြ
လူတွေက လူတွေကို သတ် --လူတွေက လူတွေကိုပြန်သတ်
ဒီလိုနဲ့---လူသတ်ပွဲ ၂၀၁၂ အကြောင်း သတင်းစုံလင်စွာနဲ့ ။
တစ်မီးမပြီးသေး--နောက်တစ်မီး ပေး--ရန်တွေက အေးအေးမလာပဲ
ဘေးထွက်ဆိုးကျိုးများသော “ သွေးလူးပွဲ ” အချို့
အပျက်ပျက်နဲ့နှာခေါင်းသွေးတွေထွံက်--တကယ့်ဂယက် က လူတွေရဲ့နှလုံးသားထဲမှာ
မုန်းတီးခြင်းတရားဟာ ဖီးမီးလို တစိမ့်စိမ့်လောင်မြိုက်နေခဲ့ကြရ ။
အားလုံးမြေကြီးထဲသွားကြမယ် --တစ်ယောက်ကတစ်ယောက်ကို လည်ပင်းဖက်ခေါ်
အဖော်အလှော်တွေနဲ့အပေါင်းတွေအသင်းတွေနဲ့ စော်ကားမှုတွေနဲ့တုံ့ပြန်မှုတွေနဲ့
Action = Response လွပ်လပ်သော ဒီမိုကရေစီပျိုငယ် တို့ပြည်ဝယ်
ခုတ်ချင်တိုင်းခုတ်ကျ သတ်ချင်တိုင်းသတ်ကျ -- ခါးသီးသောဘ၀တွေများစွာ ။
ဒီလိုနဲ့ နေတွေဝင်ကြ--ဒီလိုနဲ့မိုးတွေချုပ်ကြ---အာရုဏ်က ဘယ်တော့မှမလင်းခဲ့ဘူး
သတင်းတွေ အတင်းတွေ အဖျင်းတွေ ---ကွယ်ပျောက်ခဲ့ရသော အလင်းတွေ
ဆို့နင့်နေကျမျက်ရည်တွေ ---- တော်ပြီ --ရပ်ပါတော့
ငါတို့ပြည်--ငါတို့မြေ---ဆီမီးအရောင် နဲ့ဘာသာအရောင်အ၀ါ
နေလိုထွန်းလင်း ဗုဒ္ဓရဲ့အေးချမ်းသောမြေ--
သွေးတွေ--သွေးတွေ
တို့မြေကို--ထပ်မကျ --ကျပါစေနဲ့ ။
သက်တန့်ချို
( စိတ်တွေအရမ်းပူနေတယ် စိတ်တွေ အရမ်းပျက်နေတယ် ဖြစ်ပျက်နေသော အဖြစ်အပျက်အားလုံးအတွက်
ခင်ဗျားတို့ ကျွန်တော်တို့ ၂၀၁၂ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးတိုင်း တွင် တာဝန်ရှိပါသည် ။)
တောက် !!! အခုချိန်ထိ --ဟင် ဘာတွေဖြစ်နေကြတာလဲဟင် ဆိုပြီးမေးတဲ့သူကရှိသေးတယ် နည်းနည်းပါပါးလည်း နားလေးစွင့်မျက်စိလေးဖွင့်ကြည့်ကြပါဦး ကိုယ့်လူတို့ရယ် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Post Comments (Atom)
ဟုတ်ပါ့ဗျာ။ တိုးတက်ရေးလမ်းဖောက်ကာစမှာ ဒါမျိုးတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် တကယ်ကို မဖြစ်သင့်၊ မလုပ်သင့်တဲ့ ကိစ္စတွေပါ။ သွေးညှီနံ့တွေကို ရှူရှိုက်နေရခြင်းမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။
ReplyDeleteကိုသက်တန့်ရေ..
ReplyDeleteအမှန်ပေါ့ဗျာ..
ခင်မင်တဲ့
အလွမ်း
သွေးလူးပွဲ အကျိုးကြောင်ဆက်စပ်မှုမရှိဖူး
ReplyDeleteခုတ်ရာရှရာတခြားဖြစ်နေတယ်နော်
ပြသာနာကိုဖြေရှင်းရမယ့်သူတွေငြိမ်မနေကြပါနဲ့ဗျို့
အိပ်ပျော်နေလို့နေမှာပါတော်း))
ReplyDeleteခင်မင်လျှက်
မဒိုးကန်
ဘာပြောရမလဲမသိတော့ပါဘူးဆရာရယ်...
ReplyDeleteသွေးညှီနံ့တွေ---သွေးညှီနံ့တွေ ---နဲ့ ၂၀၁၂ သတင်းတွေ
ReplyDeleteFacebook ပေါ်တက်ရမှာ ထိတ်လန့်ကြောက်ရွံ့စရာ