Tuesday, June 5, 2012

World Environment Day - 05-June

World Environment Day - 05-June





ဒီနေ့ဟာ ကမ္ဘာမြေကြီးရဲ့ “ ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့ ” ဖြစ်ပါတယ် ။

Date : 05.06.2012

> ခေတ်မှီနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ကမ္ဘာကြီးဟာ တဖြည်းဖြည်း ဓါတု ပစ္စည်းတွေ နဲ့ အဆိပ်သင့်ဖျားနာနေခဲ့ရတယ် ။

> များပြားလာတဲ့ စက်မှု လုပ်ငန်းတွေနဲ့ မော်တော်ယဉ်တွေ စက်ရုံတွေက ထုတ်လွှတ်တဲ့ Carbon Monoxide တွေကြောင့် စိမ်းလမ်းတဲ့ကမ္ဘာမြေဟာ ညစ်နွမ်းသထက်နွမ်းလာခဲ့ရပြီ ။

> ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ပြီး ကမ္ဘာမြေကြီးပေါ် အမှိုက်တွေ ပြန်လည်စွန့်ပစ်ကြတယ် စိမ်းလန်း စိုပြည်နေ တဲ့ သစ်တောတွေကို ခုတ်ထွင်ပြီးလိုရာအသုံးပြုခဲ့ကြတဲ့အတွက် ကမ္ဘာ့အပူ ချိန် ဟာ မြင့် သက်မြင့်လာခဲ့ရတယ် ။

> အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ ရေတွေကို အဟန့်အတန်းလုပ်လို့ လျှပ်စစ်ဓါတ်အားထုတ်ယူကြတယ် ၊ တောင် ကိုတွေ့ရင်ဖြိုပြီးလမ်းဖောက် ၊ မြစ်ကိုတွေ့ရင်တံတားတွေဆောက် ဒီလိုနဲ့ကမ္ဘာ့ သယံဇာတတွေပျောက် သထက်ပျောက် လာခဲ့ရပြီ ။

> မုန်တိုင်းတွေ ၊ ငလျှင်ဒါဏ်တွေနဲ့ Disaster တွေအားလုံးဟာ ကျွန်တော်တို့ သွယ်ဝှိုက်ပြီး ဖန်တီး လို့ဖြစ်ပေါ် လာခဲ့ကြတဲ့အကျိုးဆက်တွေဖြစ်တယ် ။

ဖျားနာနေတဲ့အဆိပ်သင့်နေတဲ့ နေမကောင်းဖြစ်နေတဲ့ကမ္ဘာကြီးကို ကျွန်တော်တို့ ဘာတွေပြန် လုပ်ပေးနိုင်ကြ သလဲ ??

ကမ္ဘာသူကမ္ဘာသားတွေပေါင်းစုလို့ “ World Environment Day ” ဖြစ်ပေါ်လာရတယ် ။

“ အမှိုက်တွေ့ရင်ကောက် အသိစိတ်တွေရောက်လို့
ဖျားနာနေသောကမ္ဘာကြီးအားပြန်ကုစား--

မှန်ရာကို ထုဆစ်ပုံဖော်လို့ -- သစ်တောတွေ လည်းစိမ်းလမ်းစေ
စမ်းတွေလည်း စီးဆင်းစေ ---မိုးထိမြင့်တဲ့ တောင်ကမ်းပါးယံတွေနဲ့
တို့ကမ္ဘာမြေအလှ-- လူသားတို့အားနဲ့ဆင်ယင်

ပတ်ဝန်းကျင်တစ်ခွင် ထိမ်းသိမ်းဖို့ပြင်ဆင်
တမင်ပြုပြင်စရာမလိုတဲ့ စည်းကမ်းတွေသယ်ပိုး
တိုးလာတဲ့ အပူရှိန်တွေလည်းလျော့စေချင်--
အို --ချစ်သော ကမ္ဘာမြေပြင် ။ ”

၁ ။ တစ်ယောက်အားနဲ့မစွမ်းသာ စုပေါင်းကူညီပါ
၂ ။ အမှိုက်ကောက်တာ ရှက်စရာမဟုတ် အမှိုက်ပစ်တာ ရှက်စရာပါ
၃ ။ သစ်တောတစ်ခွင်စိမ်းလန်းဖို့ အစဉ်ထာဝစဉ်ထိမ်းသိမ်းစို့
၎ ။ ဥတုရာသီတောကိုမှီ
၅ ။ ကမ္ဘာမြေပြင်စိမ်းလမ်းဖို့ သစ်ပင်များစွာ စိုက်ပျိုးစို့ ။

သက်တန့်ချို
5 June 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ကဗျာလေးကို အရမ်း တန်ဖိုးထားမိပါသည်။ တို့တွေအားလုံးစုပေါင်းပြီး
    ကမ္ဘာကြီးကို ကာကွယ်ကြပါစို့......

    ReplyDelete