Monday, November 12, 2012

မိဘဟူသည်



မိဘဟူသည်

- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်သမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

သက်တန့်ချို
ပုံအားခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။
    ဖတ်ရှု.အားပေးသွားပါတယ်။ခင်တဲ.တီလေး

    ReplyDelete
  2. သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။
    မောင်သက်တန်.ဖတ်ရှု.အားပေးသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  3. ဝင်းပပလှိုင်November 17, 2012 at 6:02 AM

    အရမ်းကောင်းပါတယ်သက်တန့်ရေတိုင်းပြည်နဲ့ပတ်သတ်ပြီးဆောင်းပါးလေးတွေရေးပါဦးနော်။

    ReplyDelete
  4. အ၇မ်းကောင်းပါတယ်
    မိုးငယ်

    ReplyDelete
  5. အားရကျေနမ်ပါတယ်။အဓိတ်ပယ်ရှိသောစာသားများစက်
    လက်ရေးနိုင်ပါစေ

    ReplyDelete