Thursday, February 28, 2013

နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )










နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )

ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။

၂ ။ ဒေါ်စုက မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ် ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ ။

၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေမဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ် ။ ဆွေးနွေးညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။

သက်တန့်ချို
Photo Credit : Original Photographer

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဖတ်ဖြစ်တယ် ကိုသက်တန့်ရေ

    ပြောစရာတွေများတော့ မပြောတော့ပဲ လုပ်သရာရှိတာကိုပဲ လုပ်တော့မယ်ဗျား)

    ခင်တဲ့

    မောင်ဘကြိုင်

    ReplyDelete
  2. ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားမပြတ်တောက်ရေး မြန်မာနိုင်ငံကကူညီမည်လို. ဖတ်လိုက်ရတယ်။ အခု ရန်ကုန်မှာ တနေ.ကို မီး ၃ကြိမ် အနဲဆုံးပျက်နေတာဟာ ထိုင်းကိုကူညီနေလို.လားဟင်။

    ကျေးဇူးကြီးပါတယ်.....

    ReplyDelete
  3. အိုးးးးးးးးးးး
    လူတွေများ စိတ်ပျက်ဖို့ကောင်းလိုက်တာ
    လူတွေ လူတွေ...အားကြီးဆိုးလွန်းတယ်...
    မိမိုးနတ်တို့ကတော့ ခပ်ရှင်းရှင်းးးးပဲ
    အမေစုကိုလဲ ချစ်တယ်...
    သမ္မတကြီးကိုလဲ လက်ခံနိုင်ပါတယ်...
    နို့ ၂ယောက်စလုံးက တိုင်းပြည်ကောင်းစားဖို့ပဲ
    လုပ်နေကြတာမဟုတ်လားးးးးးးးးးးးးး
    ရခိုင်အရေးတုန်းကလဲ အမေ့ကိုပြောလိုက်ကြ
    ဆိုလိုက်ကြတာ...ရစရာကိုမရှိ...ခုထိတောင်
    စော်ကားမော်ကားပြောကြတာ အတောကမသတ်နိုင်သေးးးးးးး
    သမ္မတကြီးကိုဆိုလဲ ပြောလိုက်ကြတာ ထစ်ခနဲရှိပဲ...
    တကယ်တမ်း အားလုံးကောင်းတဲ့ ပြည့်စုံတဲ့သူဆိုတာ
    ဘယ်မှာများရှိလို့လဲ....သူများအပြစ်ပြောချင်ရင်
    ကိုယ်ကိုယ်တိုင်ရော ပြည့်စုံရဲ့လား...ကိုယ်ကရော
    အားလုံးအတွက် ဘာတွေများ စွမ်းစွမ်းတမံလုပ်ပေး
    နိုင်ခဲ့လို့လဲ ...အဲ့ဒါတွေကိုအရင် ပြန်ပြီးမေးခွန်းထုတ်
    သုံးသပ်ကြည့်သင့်တယ် ကိုယ့်ကိုယ်ကိုလေ :(

    ReplyDelete
  4. ဟုတ်တာပေါ့

    ReplyDelete
  5. ဟုတ်တယ် အပြစ် ပြောတဲ့သူတွေ ကို ဘာလုပ်ပေးပီးပီ လဲ တစ်ခွန်းပဲမေးလိုက်...သူတို့တော်ပါတယ်

    ReplyDelete
  6. စာရေးဆရာတော့ကြည့်ရတာဒေါ်စုထိဓါးကြည့်ဆိုသလိုဖြစ်နေပါရော့လား

    ReplyDelete