Monday, May 27, 2013

ဘဝ























ဘဝ

များများစားစားရှိစရာမလိုဘူးထင်ပ
ကိုယ်ထင်ရင်ကုတင်ရွှေနန်း
ကဲ . . ဆေးစက်တွေကို ကျဲချင်သလို ကျဲ ချလိုက်စမ်းကွဲ့
ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင်သာ သရုပ်ဆောင်ကြရအောင် . .

လှိုင်းလား လေ လား
ပင်လယ်လား သမုဒ္ဒရာလား
ဓါးတွေ ဖြန့်ခင်းထားသတဲ့လား
လျှောက် . .
လျှောက် . . . ရဲရဲသာ ဆက်လျှောက်ကြရအောင်ကွဲ့
ဘ၀ဆိုတာ ခြေခင်းလက်ခင်းသာတဲ့ ပန်းဥယျာဉ်တော့မဟုတ်ခဲ့

ပျော်စရာကြီးပါ
ရယ်မောတတ်သူတို့မှာ
ခါးသီးမှုမရှိ
နာကျင်မှုမရှိ
မျက်ရည်မရှိ
အားလုံး ထက်မသာရင်တောင် . .
အားလုံးထက် လူပီသရမယ် တဲ့ . .။

နေ့မှာမြင်တယ် ညမှာပျောက်တယ်
ဘ၀ဆိုတာ ဖျက်ကနဲလင်းခွင့်ရတဲ့ မီးစာတစ်ခုများလား
ထူးပြီးကျတဲ့မျက်ရည်တွေ အဓိပ္ပါယ်ရှိပါစေကွဲ့
အားမာန်အသစ်နဲ့သာ ရှေ့ဆက်
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်

နေတတ်ရင်တော့ ကျေနပ်စရာ
အခင်းအကျင်းနဲ့ ဒီဘ၀မှာ
ပျော်ပျော်သာ နေပါ
ဆင်းရဲချမ်းသာ ဂုဏ်ဓန
အားလုံး မြေကြီးထဲသွားရမှာပ
ဘာများ မက်မောနေရမလဲ

ဘဝ
ဆိုင်ရာပိုင်ရာ အမည်နာမတစ်ခုနဲ့
ဆိုင်ရာပိုင်ရာ
ကောင်းကင်တစ်ခု ..
ကမ္ဘာတစ်ခု ..
အိပ်မက်တစ်ခု ..
အားငယ်ဝမ်းနည်းမှုတွေစွန့်ပစ်လိုက်
ငါတို့ အလိုက်အထိုက် စီးမျောကြရအောင် ..။

( သက်တန့်ချို )
Photo : ဒီဇိုင်နာ နဂါး


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. တစ်ကယ်ပဲ ဘဝဆိုတာ ဆေးစက်ကျရာ ဇာတ်ရုပ် ထင်ပြီး ပီပြင်အောင်ကနေကြရတာနော်..။ နေတတ်အောင် ကြိုးစားရင်း ပဲ အလိုက် အထိုက် စီးမျောနေကြရတယ်နော်..။

    ReplyDelete