Thursday, September 4, 2014

လွှင့်ပစ်လိုက်ပါ






အမုန်းနဲ့နာကျင်မှုကို ကိုယ့်စိတ်တံခါးထဲမှာ သော့ခတ်သိမ်းထားမိလား
လွှင့်ပစ်လိုက်ပါ

အမုန်းနဲ့နာကျင်မှုက အမှိုက်နဲ့ဆင်တူတယ်
သယ်ဆောင်မထားပါနဲ့

ချစ်ခြင်းမေတ္တာနဲ့ ဂရုဏာတရားက ရွှေနဲ့ဆင်တူတယ်
များများစုဆောင်းပါ

ကိုယ့် နှလုံးသား အိမ်ခန်းမှာ အမှိုက်တွေနဲ့မပြည့်စေပါနဲ့
ရွှေနဲ့တူတဲ့ မေတ္တာတရားတွေသာ ပြည့်နေပါစေ

တစ်ခါတစ်လေ လွှင့်ပစ်သင့်တဲ့အရာတွေကို
လွှင့်မပစ်ရက်လို့ဖြစ်စေ
လွှင့်မပစ် နိုင်လို့ဖြစ်စေ
ကိုယ့်ကို ပိုပို ပူလောင် ညစ်နွမ်းစေတာကလွဲလို့ ဘာမှ ဖြစ်မလာနိုင်ဘူး

အမုန်း ၊ နာကျင်မှု ၊ သ၀န်တိုမှု ၊ မနာလိုမှု ၊ မကောင်းကြံစည်မှု ၊ မုဒိတာမပွားနိုင်ခြင်း စတဲ့
အမှိုက်နဲ့တူတဲ့ ညံ့သော စိတ်တွေကို သယ်ဆောင်ထားမိတယ်ဆိုရင်
အခုပဲ လွှတ်ချလိုက်ကြပါစို့ ။ 

သက်တန့်ချို
4 Sept 2014

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. နည်းကောင်းလေးမို့ သဘောကျတယ် မောင်သက်တန့်ရေ...
    စကားမစပ် အဆင်ပြေရင် တီတင့်ဘလော့ထဲကို အလည်လာခဲ့ပါအုံး
    မောင်သက်တန့်နာမည်ပါနေလို့ .. :P
    ဘလော့လင့်ခ်အသစ်လဲ မချိတ်ရသေးဘူးထင်ပါရဲ့
    www.auntytint.blogspot.com

    ReplyDelete
  2. တစ်ခါတစ်လေ လွှင့်ပစ်သင့်တဲ့အရာတွေကို
    လွှင့်မပစ်ရက်လို့ဖြစ်စေ
    လွှင့်မပစ် နိုင်လို့ဖြစ်စေ
    ကိုယ့်ကို ပိုပို ပူလောင် ညစ်နွမ်းစေတာကလွဲလို့ ဘာမှ ဖြစ်မလာနိုင်ဘူး … (y)

    ReplyDelete
  3. ဟုတ်တယ်။
    အဲဒါတွေကို လွှတ်ချပစ်သင့်တယ်။ အတော်လေးကို လေးတာ။

    ReplyDelete