Thursday, April 10, 2014

MH370 ထူးဆန်းစွာပျောက်ဆုံးမှု အဖြေထွက်ပြီလား ( သို့မဟုတ် ) Diego Garcia လေဆိပ်မှာ ရှိနိုင်တဲ့ MH370


MH370 ထူးဆန်းစွာပျောက်ဆုံးမှု အဖြေထွက်ပြီလား ( သို့မဟုတ် ) Diego Garcia လေဆိပ်မှာ ရှိနိုင်တဲ့ MH370 



မှတ်ချက် ။   ။ ယူကျူ့မှာ video ဖိုင်အနေနဲ့ကြည့်ချင်ရင် http://www.youtube.com/watch?v=Pp8ZiK23nLc မှာကြည့်နိုင်ပါတယ် ။ 

တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့သီအိုရီတစ်ခုပါပဲ ။ တစ်ခုခု တော့ သေသေချာချာဖြစ်ပျက်ခဲ့တာသေချာပါတယ် ။ Diego Garcia လေဆိပ်ဟာ စစ်သားတွေ အဲဒီနေရာကနေထွက်ခွာဖို့ကို Cancel လုပ်ခဲ့တယ် ဒါပေမယ့်လေယာဉ်ကို ရှာမတွေ့သေးဘူး ။ Black box ကနေထွက်ပေါ်လာတဲ့ Ping တွေကို ဘက်ထရီ မကုန်ခင် နှစ်ကြိမ်မျှ မိခဲ့တယ်လို့ဆိုတယ် ။ 

ယုံချင်ယုံမယုံချင်နေ အောက်မှာ ပြထားတဲ့လင့်တွေကတော့ Diego Garcia မှာ MH370 ရှိနိုင်တယ်ဆိုတဲ့သက်သေတွေဖြစ်တယ်လို့ဆိုပါတယ် ။ 

၁ ။ မော်လ်ဒိုက် ကျွန်းမှာနေတဲ့ ပြည်သူတွေက Low flying jet ( ခပ်နိမ့်နိမ့် ပျံသန်းသွားတဲ့ ဂျက်လေယာဉ် ) တစ်စီးကို တွေ့လိုက်ရတယ်ဆိုတဲ့သတင်း 


၂ ။ ပုံစံတူ တည်ဆောက်ထားသော ဘိုးရင်း ၇၇၇ Storage history



၃ ။ Busted !! အစ္စရေးမှ MH370 လေယာဉ်ပုံစံတူ ( Twin Airplane ) အား Tel-Aviv! တွင်ဖမ်းမိခြင်း 


၎ ။ Tel Aviv တွင် သိမ်းထားသော 777 အားပြင်သစ်မှလွှဲပြောင်းပေးခြင်း




၅ ။ Tel Aviav ရှိ MH370 အမွှာလေယာဉ်ထွက်ပေါ်လာမှုအတွက် အစ္စရေးနှင့် ဆော်နိုတို့၏ အခန်းကဏ္ဍ


၆ ။ Diego Garcia အကြောင်း မိနစ် ၆၀ စာ report လုပ်ထားတဲ့ CBS


၇ ။ အီရန် ၂ ယောက်မှ ခိုးယူထားသော ပါ့စပို့ ကိုင်ဆောင်ပြီးလေယာဉ်ပေါ်လိုက်ပါသွားမှု 


၈ ။ သံတမန်ရေးရာရိုက်ခတ်မှုကြောင့်ကမ္ဘာတ၀ှမ်းရှိ သံရုံးများ ပိတ်ထားသော အစ္စရေး 


၉ ။ အစိုးရက သိသာထင်ရှားစွာ ဖုံးကွယ်ထားသော မလေးရှားလေယာဉ် MH370 : သက်သေအားလုံးညွှန်ပြချက်အရ တရားဝင်ပြောကြားချက်များနှင့်ဆန့်ကျင်ဖက်ဖြစ်နေ 


၁၀ ။ အမေရိက စစ်အခြေစိုက်စခန်း - MH370 ပိုင်းလော့၏ အကူလေ့ကျင့်ရေးပျံသန်းစက်မှ ထွက်ပေါ်လာချက် 


၁၁ ။ မလေးရှားလေယာဉ်မှူး၏ မိသားစု မှ လေယာဉ်မထွက်ခွာခင် အိမ်မှပြောင်းရွှေ့သွားခြင်း 


၁၂ ။ မော်လ်ဒိုက်နှင့် Diego Garcia အား ဂူဂဲလ်မြေပုံတွင်မြင်တွေ့ရခြင်း 


===================

ဒါကတော့ People Insider ကနေတင်ဆက်ထားတဲ့သတင်းဖြစ်ပါတယ် ။နောက်ဆုံး Official သတင်းတွေကတော့ Ping ၂ ခု ဆက်တိုက် ဖမ်းယူရခဲ့တယ် ။ ဖြစ်နိုင်ခြေရှိတာကတော့ Black box ရယ် Voice recorder ရယ် ၂ ခုကနေဖြစ်နိုင်တယ် ။ ဒါပေမယ့် ကြိမ်နှုန်း Frequency က 33.331 kHz ဖြစ်နေတဲ့အတွက် ဘယ် Ping က ဘယ်ကနေလာသလဲဆိုတာ ခွဲရခက်နေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ် ။ 

အခုထိတော့ Black box ဖြစ်စေ Voice recorder ဖြစ်စေ Debris ဖြစ်စေ ဘာမှရှာမတွေ့သေးပါဘူး ။ ဘက်ထရီသက်တမ်းတွေ့လည်းကုန်သွားပြီဖြစ်တဲ့အတွက် Signal တွေကလည်မှေးမှိန်နေပါပြီ မကြာခင်ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ် ။ 

နောက်ဆုံးဘာမှ တိတိကျကျ ရှာမတွေ့လေလေ အထက်မှာဖော်ပြထားတဲ့အချက်တွေကိုကိုးကားပြီး လေယာဉ်ကို တစ်နေရာမှာ ဖွက်ထားခြင်းဆိုတဲ့ သီအိုရီဖက်ကို အားလုံး ဦးတည်လာနေကြပြီဖြစ်ပါတယ် ။ 

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment