Friday, April 25, 2014

လင်မယားတွေကြားမှာ

လင်မယားတွေကြားမှာ

အနေဝေးနေတဲ့အခါ

- အမြဲမက်ဆေ့ပို့နေစရာမလိုပါဘူး လင်မယားပဲဟာကို
- အမြဲ သတိရနေစရာမလိုပါဘူး တစ်သက်လုံး အတူနေရမယ့်ဟာကို
- အမြဲ လွမ်းနေဖို့မလိုပါဘူး အတူတူအမြဲရှိနေတာပဲကို
- အမြဲ ချစ်တယ် ပြောနေဖို့မလိုပါဘူး ဒါတွေက ရည်းစားတွေပဲလုပ်တဲ့ဟာကို

အတူရှိနေတဲ့အခါ

- ထွေးပွေ့ထားဖို့မလိုပါဘူး လင်မယားဖြစ်နေပြီပဲကို
- အနားကပ်နေစရာမလိုပါဘူး တစ်သက်လုံးရှိနေရမှာပဲကို
- တွတ်တီးတွတ်တာ ပြောနေဖို့မလိုပါဘူး စကားများများပြောရင်ရန်ဖြစ်မှာပဲကို
- ဂရုတစိုက်နဲ့အလျော့ပေးဖို့မလိုအပ်ပါဘူး အမြဲ ခေါင်းငုံ့နေရဦးမယ်

“ အဲဒီလိုအတွေးတွေရှိတဲ့ လင်မယား တွေဟာ အချိန်ကြာလာတာနဲ့အမျှ အဝေးဆုံး သူစိမ်းတွေဖြစ်သွားတတ်ကြတယ် ”

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments: