Wednesday, August 27, 2014

ဘာအတွက်ကြောင့်မှစိတ်မညစ်ပါနဲ့


ဘာအတွက်ကြောင့်မှစိတ်မညစ်ပါနဲ့
ပြဿနာတွေက ခံနိုင်ရှိမရှိ စမ်းသပ်ကြတာပါ

ဘာအတွက်ကြောင့်မှ စိတ်မညစ်ပါနဲ့
အခက်အခဲတွေက ကြံ့ခိုင်မာကြောမှုရှိမရှိ စမ်းသပ်ကြတာပါ

ဘာအတွက်ကြောင့်မှ စိတ်မညစ်ပါနဲ့
အဆိုးဆုံးတွေ ကြုံတွေ့နိုင်သလို
အကောင်းဆုံးတွေလည်း ကြုံတွေ့နိုင်တာမို့

Do or Die ပါပဲ လောကကြီးမှာ
စိတ်ဓါတ်ပျော့ညံ့တဲ့လူက ၂ ခါရှုံးရတယ်
ကြောက်တတ်တဲ့လူက အကြိမ်ကြိမ် ရှုံးရတယ်
အရှုံးပေးတတ်တဲ့လူက တစ်သက်လုံး ရှုံးနေလိမ့်မယ်

ဘယ်အရာကိုမှ သင်အရှုံးမပေးချင်ဘူးဆိုရင်
ဘယ်လို ပြဿနာအခက်အခဲနဲ့ကြုံတွေ့ရပါစေ
ကိုယ့်စိတ်ကို မယိုင်သွားစေနဲ့
မလဲသွားစေနဲ့
မကျသွားစေနဲ့ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment