Wednesday, March 22, 2017

မရှက်ပါနဲ့



မသိတာကို မေးဖို့မရှက်ပါနဲ့
ကိုယ်မသိလို့ အမှားလုပ်မိမှာထက်
မေးလိုက်တာက ပိုကောင်းတဲ့နည်းလမ်းဖြစ်တယ်

ကောင်းတဲ့အမူအကျင့်ကို အတုယူဖို့မရှက်ပါနဲ့
မကောင်းတဲ့အကျင့်စရိုက်တွေစွဲကပ်လာမှာထက်
သူတပါးရဲ့ကောင်းတဲ့အကျင့်ကို အတုခိုးတာကောင်းပါတယ်

ကိုယ့်အမှားကိုယ် တောင်းပန်ရမှာ မရှက်ပါနဲ့
ကိုယ်မှန်နေသလို နေနေတာထက်
ကိုယ့်ကိုယ်တိုင်သိနေတဲ့ကိုယ့်အမှားကို ၀န်ခံတောင်းပန်လိုက်တာကလိပ်ပြာသန့်ပါတယ်

လူ့ဘ၀ကို ဖြတ်သန်းတဲ့အခါ ရှက်သင့်တာနဲ့မရှက်သင့်တာ ခွဲခြားတတ်ဖို့လိုပါတယ်

သက်တန့်ချို
22.3.2017

No comments:

Post a Comment