Friday, March 31, 2017

သိပ်ပြီး ဘ၀င်မြင့်မနေပါနဲ့

သိပ်ပြီး ဘ၀င်မြင့်မနေပါနဲ့
တို့အားလုံး တစ်နေ့
အရှုံးဆိုတာ ကြုံဖူးကြမှာပါ

သိပ်ပြီး မာနကြီးမနေပါနဲ့
တို့အားလုံး တစ်နေ့
အိုမင်းယိုယွင်းလာကြဦးမှာပါ

သိပ်ပြီး ဂုဏ်မက်မနေပါနဲ့
တို့အားလုံ တစ်နေ့
ဂုဏ်ဒြပ်တွေဖယ်ခွာပြီး တစ်ဦးတည်းထွက်ခွာကြရမှာပါ

မာန်မာန နဲ့စည်းစိမ်ချမ်းသာဆိုတာ
မင်းဘ၀ကို လွှမ်းခြုံတဲ့ အပေါ်ယံတန်ဆာတွေပါ

တို့အားလုံး ကိုယ်စီ ခရီးထွက်ကြတဲ့အခါ
တို့နဲ့အတူလိုက်ပါကြမှာက ... လူတိုင်းကိုယ်စီပြုခဲ့တဲ့
ကုသိုလ်.. အကုသိုလ် တရားတွေပါ ။

သက်တန့်ချို
31.3.2017

No comments:

Post a Comment