Friday, July 14, 2017

ဘယ်တော့မှ အရှုံးမပေးပါနဲ့


လောကဓံကို သည်းမခံနိုင်တာကြောင့်
လောကကြီးကို အရှုံးမပေးလိုက်ပါနဲ့
လောကဓံအကြောင်းကို သင်ယူပြီး
ရင်ဆိုင်နိုင်အောင်သာကြိုးစားပါ

အဆိုးတွေကြုံရတာများနေပြီမို့
ကိုယ်ကျင့်တရားကို လက်လျော့လိုက်ဖို့စဉ်းစားနေပြီလား
အကျင့်သိက္ခာရဲ့ တန်ဖိုးကိုပြန်သတိရပြီး
ဖြောင့်မတ်စွာလျောက်လှမ်းပါ

" ကိုယ့်ဘေးအိမ်က ဆူညံသံတွေကြောင့်
ဘေးအိမ်နဲ့ ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်အိမ်တံခါးကို လုံအောင်ပိတ်ထားလိုက်ယုံပါပဲ "

" ကိုယ့်ကိုမကောင်းပြောတဲ့ အတင်းစကားတွေကြောင့်
တလောကလုံးနဲ့ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်လမ်းကိုယ် ကောင်းအောင်လျောက်လှမ်းပြလိုက်ပါ "

#သက်တန့်ချို
14.7.2017 #ttcllifequote 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment