Thursday, September 5, 2019

မျှော်လင့်မနေပါနဲ့

 ကိုယ့်ဘာသာကြိုးစားပါ
ဘယ်သူမှ ကူညီပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာပြန်ထပါ
ဘယ်သူမှ လာထူပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာအားတင်းပါ
ဘယ်သူမှ အားပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာရအောင်ကျော်ဖြတ်ပါ
ဘယ်သူမှ စာနာနားလည်ပေးဖို့မျှော်လင့်မနေပါနဲ့

လောကကြီးက တစ်ခါတစ်ခါ " သားရဲတွင်း " နဲ့တူတယ်

တစ်ယောက်ယောက်ကို မျှော်လင့်မိတာနဲ့
အလိုလို ...အားနည်းလာမှာ သေချာတယ် ။

သက်တန့်ချို
5-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment