Wednesday, September 11, 2019

အမှန်တရားနှင့် Justice for Victoria

 လူကြီးတွေထက်စာရင် ကလေးတွေ အထူးသဖြင့် ဖြူစင်နုနယ်တဲ့ကလေးတွေမှာ
ဖြစ်ပျက်ခဲ့တဲ့အကြောင်းကိုအခြေခံပြီး Action တွေပြုမူတတ်ကြပါတယ် ။

ဥပမာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကွယ်ရာမှာ ခေါင်းကို နာအောင်ခေါက်လိုက်တယ်ဆိုပါတော့
အဲ့ဒီကလေးက နောက်တစ်ကြိမ် အဲ့လူကြီးနားမကပ်တော့သလို စကားမပြောတတ်သေးရင်တောင် သူ့ခေါင်းကို ပုတ်ပုတ်ပြပြီး လူကြီးကို လက်ညှိုးထိုးပြလေ့ရှိတယ်
သူ့ကို ခေါင်းခေါက်တာ ဒီလူကြီးဆိုတဲ့သဘော ။

ဒီနေ့ Victoria သမီးလေး သိပ်တော်ပါတယ် အဖြေက ရှင်းရှင်းလင်းလင်းကို ဘယ်သူဘယ်ဝါဆိုတာ ပေါ်ထွက်လာပြီမို့ ရှေ့ဆက်ပြီး တရားရေးရာဥပဒေအရ ဘယ်လို ဆုံးဖြတ်ချက်တွေပေးပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာ အမြဲစောင့်ကြည့်နေပါတယ် ။

အခု အချိန်မှာ အပြောချင်ဆုံးအရေးချင်ဆုံးက

" အမှန်တရားကို ဝိုင်းဝန်းဖုံးကွယ်ထားခဲ့သူအားလုံး ပါဝင်ပတ်သတ် ဖုံးဖိခဲ့သူအားလုံး တန်ပြန်သော အကျိုးသက်ရောက်ပါစေ "

အမှန်တရားဖက်က ရပ်တည်ပေးတဲ့ သူအားလုံး ကိုယ်ရောစိတ်ရော ကူညီဆောင်ရွက်ပေးနေသူအားလုံးကို အမှန်တကယ်ပဲ Congrats လုပ်ပါတယ်

----------------------------------------------

ကိုကိုအငယ်နဲ့ ကိုကိုအကြီးရေ
လူ့လောကကြီးက ထင်သလို လုပ်လို့မရဘူး မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပဲ အမှန်တရားဆိုတာ တစ်နည်းနည်းနဲ့ ပေါ်ထွက်လာလေ့ရှိတယ်ဆိုတာ မင်းတို့သိကြပါစေကွာ ။

သက်တန့်ချို
11-Sept-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment