Monday, February 3, 2020

Coronaviruses Update ( Feb 2)

နောက်ဆုံးဖတ်ရတဲ့ February ၃ ရက်နေ့ သတင်းတွေမှာတော့ ၂၀၀၃ ခုနှစ်တုန်းက SARS outbreak ထက် တရုတ်ပြည်မှာ လူသေဆုံးမှု မြင့်တက် နေပါတယ် ။ China's National Health Commission ရဲ့အဆိုအရ တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၃၆၁ ဦးရှိပြီး SARS တုန်းကတော့ ၃၄၉ ယောက်ရှိတယ်ဆိုပြီး နှိုင်းယှဉ်ပြထားပါတယ် ။ 

SARS တုန်းကတော့ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၇၇၄ ယောက်သေဆုံးခဲ့ပြီး ယနေ့အချိန်အချိန်တော့ ၀ူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်အပြင်ဖက်မှာတော့ သေဆုံးသူ (၁) ဦးရှိခဲ့ပါတယ် ။ 

United State မှာတော့ လူပေါင်း ၁၁ ယောက် Confirm ဖြစ်သွားပါပြီ 
Arizona: 1 case
California: 6 cases
Illinois: 2 cases
Massachusetts: 1 case
Washington: 1 case

အခုလက်ရှိအချိန်ထိ စုစုပေါင်းကူးစက်ခံရမှု ဟာ 17384 ရှိပြီဖြစ်ပြီး မြန်မာနဲ့အနီးဆုံး ထိုင်းနိုင်ငံမှာ ၁၉ ယောက်ကူးစက်ခံရပြီးဖြစ်ပါတယ် ။ 

တရုတ်ပြည်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမျိုးရေးဝါဒတွေ ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ သူစိမ်းကြောက်လန့်ခြင်းဆိုတဲ့ Xenophobia ဖြစ်စဉ်တွေဟာ အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်

Source : CNN





No comments:

Post a Comment