Wednesday, February 26, 2020

ဂရုမစိုက်ပါနဲ့

အတင်းပြောလည်း ဂရုမစိုက်ပါနဲ့
ကိုယ် မရှိတဲ့အချိန် ဘယ်သူက လာကျွေးမှာ မို့လဲ

အခေါ်အပြောမလုပ်လည်းဂရုမစိုက်ပါနဲ့
ဘယ်သူကများ စိတ်ထားအမှန်နဲ့ ဆက်ဆံပေးခဲ့ဖူးလို့လဲ

လာလာ နှိမ်လည်းဂရုမစိုက်ပါနဲ့
ကိုယ်အမြင့်ရောက်အောင် ဘယ်သူက ဆွဲတင်ပေးမှာ မို့လဲ

ကိုယ့်ထမင်းကိုယ်ရှာစားရတာခြင်းအတူတူ
သူတစ်ပါးအရိပ်အခြေကြည့်ပြီး အလိုက်အထိုက်ဆက်ဆံရတာ
စိတ်ပျက်ဖို့အကောင်းဆုံးပါပဲ ။

သက်တန့်ချို
26-Feb 2020

No comments:

Post a Comment