Saturday, April 25, 2020

သူတစ်ပါးရဲ့အမြင်နဲ့မရှင်သန်ပါနဲ့

ဘယ်သူ့အမြင်မှ မယုံကြည်နဲ့
ကိုယ့်မျက်စိက အမှန်တရားကို မြင်နေရတာပဲ

ဘယ်သူ့စကားမှ မယုံကြည်နဲ့
ကိုယ့်နားနှစ်ဖက်က အမှန်တရားကို ကြားနေရတာပဲ

ဘယ်သူ့အတွေးအခေါ်မှ မယုံကြည်နဲ့
ကိုယ့်အသိဉာဏ်နဲ့ အမှန်တရားကို တွေးတတ်တာပဲ

သူတစ်ပါး အမြင်နဲ့အသက်ရှင်ရတာ
ရှက်ဖို့ကောင်းတယ် ။

သူတစ်ပါးစကားကို လိုက်ခံစားတတ်တာ
ရှက်ဖို့ကောင်းတယ် ။

သူတစ်ပါးအတွေးအခေါ်ကိုမှီခိုတတ်တာ
ရှက်ဖို့ကောင်းတယ် ။

သက်တန့်ချို
25-April 2020

No comments:

Post a Comment