Tuesday, October 13, 2020

Lianhua Qingwen (LH) capsule နဲ့ COVID-19 အကြောင်း





Lianhua Qingwen (LH) capsule နဲ့ COVID-19 အကြောင်း

LH လို့အတိုကောက်ခေါ်တဲ့ Lianhua Qingwen ဆေးတောင့်တွေဟာ တရုတ်ပြည်ရဲ့ Herbal product ဖြစ်ပြီး ဘေဂျင်းရဲ့ ကိုရိုနာကို တရုတ်တိုင်းရင်းဆေးအရ ကာကွယ်ထိမ်းချုပ်ရေး program မှာ ပါဝင်ခဲ့ပါတယ် ။ ဆိုလိုတာက ဒီဆေးတောင့်ကို လူကြီးလူနာတွေကို ကုသမှုပေးတဲ့အခါမှာ အသုံးပြုခဲ့ကြပြီး Under medical observation ( ဆေးပညာအရလေ့လာစောင့်ကြည့်အသုံးပြုဆဲ ) ဖြစ်တယ်လို့ဆိုတယ် ။

LH ဆေးတောင့်က အခုမှပေါ်လာတာတော့မဟုတ်ဘူး သူ့မှာ 13 herbs ပါတယ် lonicera japonica, forsythia suspense နဲ့ rhodiola rosea လိုမျိုးအပင်တွေပါ ။ ၂၀၀၃ ခုနှစ်တုန်းက တရုတ်ပြည်မှာ SARS Epidemic ဖြစ်တုန်းကထဲက LH က စျေးကွက်ထဲရောက်ခဲ့တာပါ ။

ဖိလစ်ပိုင်နိုင်ငံမှာတော့ LH ဆေးတောင့်ကို တရုတ်တိုင်းရင်းဆေးအဖြစ် ခွင့်ပြုတယ် ဒါပေမယ့် COVID-19 ကုသမှုအတွက်တော့ မဟုတ်ဘူးလို့ အတိအကျဆိုထားပါတယ် ။

ဖိလစ်ပိုင် FDAရဲ့အဆိုအရဆိုရင် LH ဆေးတောင့်ကို ရိုးရာတိုင်းရေးအဖြစ် အဆုတ်ကို အပူ အဆိပ်များဝင်ရောက်ခြင်းဖယ်ထုတ်ရန်နဲ့အဖျား ၊ အအေးမိ ၊ ကြွက်သားညောင်းညာ ၊ နှာမွှန်နှာရည်ယိုခြင်းအတွက်အသုံးပြုနိုင်တယ်လို့ဆိုတယ် " but not for COVID-19 treatment " ပါတဲ့ ။

June လ ၁ ရက်နေ့က nutraingredients-asia မှာ တင်ထားတဲ့ Article ကိုကြည့်မယ်ဆိုရင်
" COVID-19: TCM Lianhua Qingwen speeds up recovery but no effect in preventing conversion to severe cases – two-week RCT "

TCM Lianhua Qingwen ဆေးတောင့်က COVID19 လူနာတွေကို ပြန်လည် recovery ရစေမှုမြန်စေတယ်ဒါပေမယ့်ရောဂါပိုမပြင်းထန်လာအောင် တားဆီးတဲ့နေရာမှာတော့ no effect လို့ဆိုပါတယ် ဒါက ၂ ပတ်ကြာစမ်းသပ်ထားတဲ့ Clinical trial မှာ ဆိုထားတာပါ ။ ဆေးသောက်သူတွေရဲ့ ၂၂.၅% မှာ မူမမှန်တဲ့အသည်းလုပ်ဆောင်ချက်တွေဖြစ်ပေါ်လာတယ် Alanine Aminotransferase လို့ခေါ်တဲ့ အသည်းအင်ဇိုင်းမြင့်တက်လာတယ်လို့ဆိုတယ် ။

လက်ရှိကမ္ဘာပေါ်မှာ COVID-19 အတွက် Vaccine အတိအကျမပေါ်သေးပါဘူး ။ စမ်းသပ်ဆဲနောက်ဆုံးအဆင့်တွေနဲ့လေ့လာမှု တွေအထပ်ထပ်လုပ်နေတုန်းပါပဲ ။ မြန်မာနိုင်ငံရဲ့ FDA ကတော့ အွန်လိုင်းမှာ   ရောင်းချနေတဲ့  ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက်ဆိုတဲ့   တရုတ်နိုင်ငံထုတ် တိုင်းရင်းဆေးဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူ သုံးစွဲတာ မလုပ်ဆောင်ဖို့ ပြောကြားထားတယ်ဆိုတာ သိရပါတယ် ။

FDA က တားနေတာကရှင်းပါတယ် တရုတ်တိုင်းရင်းဆေးအစစ် Lianhua Qingwen အစစ်ဆိုရင်  ဆိုးဆိုးရွားရွားပြဿနာမရှိနိုင်ပေမယ့် အတုတွေသာဖြစ်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ အခုခေတ်ကြီးမှာ ဆေးဝါးအတုတွေအများအပြားရှိနေတဲ့အချိန် အွန်လိုင်းကနေ ရောင်းနေတာတွေက အစစ်မဟုတ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ ဆိုတာ မေးခွန်းထုတ်ရမှာပါ ။ FDA ဟာ သူ့အလုပ်သူလုပ်တာမို့မှန်ပါတယ် ။ မြန်မာနိုင်ငံကိုသွင်းဖို့ဆိုရင်  FDA စစ်ဆေးမှုခံယူရမှာဖြစ်ပြီး  အဆင့်အဆင့်တာဝန်ရှိသူတွေ စစ်ဆေးခွင့်ပြုချက်ယူပြီးမှ  သုံးစွဲခွင့်ရမှာဖြစ်ပါတယ် ။

ပြောချင်တာကအခုမှ စမှာပါ .. LH ဆေးတောင့်ကို တော်တော်များများလိုက်ဖတ်ကြည့်ရသလောက်အခုမှ ထပေါ်တဲ့ဆေးတော့မဟုတ်ပါဘူး ။ တရုတ်တိုင်းရင်းဆေး Cateogry မှာ အဆုတ်အပူနာ အ ဖျားကျ အသက်ရှုလမ်းကြောင်းရောဂါများအတွက်သုံးနေတာတော့ကြာပါပြီ ။ တရုတ်ပြည်မှာ သုံးတာတော့ သူ့ပြည်သူပြည်သားတွေ အစစ်သုံးရင် သုံးရမှာပေါ့ အဲ .. အမျိုးမျိုးသောလမ်းကြောင်းတွေနဲ့တခြားနိုင်ငံတွေကိုရောက်လာတဲ့အခါမှာ ဒီဆေးဟာ အစစ်ဖြစ်ပါတယ် ဘေးအန္တရာယ်ကင်းပါတယ်လို့ အာမခံဖို့ကျတော့ခက်သွားပါပြီ ။ ဘယ်သူ အာမခံမှာလဲ ။ ဒီအတိုင်းပဲ ဟို သတင်းဒီသတင်းဖတ် ဟိုလူဒီလူပြောတာ ကြားပြီး မှာသောက်ကြတာများပါတယ် ။

ဒီဆေးဟာ တကယ်ပဲ Speedy recovery ရစေတယ် ရောဂါဖြစ်ပွားချိန်တိုစေတယ် ဆိုရင် တစ်ကမ္ဘာလုံးလည်း သုံးလို့ရအောင် ဒီထက်ပိုတဲ့ လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ် ။ Evidence based medicine ဆိုတဲ့အတိုင်းခိုင်မာတဲ့သက်သေ တွေသာ ရှိခဲ့ရင် နိုင်ငံတိုင်းရဲ့ FDA တွေကလည်းခွင့်ပြုမှာ မလွဲပါဘူး ။ လိုက်ဖတ်ကြည့်ရသလောက်သူ့ရဲ့အဓိကအချက်တွေက အဖျားကျတာမြန်တယ် မောပန်းနွမ်းနယ်တာသက်သာပြီးချောင်းဆိုးသက်သာစေတဲ့ တိုင်းရင်းဆေးတစ်မျိုးပါ COVID မှာ အသုံးတည့်မတည့်ဆိုတာကတော့ နောက်ထပ်လေ့လာမှုတွေစမ်းသပ်မှုတွေလိုပါဦးမယ် ။

နောက်ဆုံးအနေနဲ့ဖိလစ်ပိုင်က Dr.Tan-Gatue နဲ့အမေးအဖြေတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။ အစအဆုံးတော့ ဘာသာပြန်မနေတော့ပါဘူး အချို့သော အမေးအဖြေလေးတွေပဲဖတ်ကြည့်ပါ

မေး - တရုတ်တိုင်းရင်းဆေးတိုင်းမှာ တိုင်းရင်းဆေး ဖော်မြူလာအတိုင်းထုတ်ရတာလား
ဖြေ -  အဲ့လိုမဟုတ်ပါဘူး တရုတ်တိုင်းရင်းဆေးဆိုင်းဟာ TCM စည်းမျဉ်းကိုလိုက်နာရပါတယ် ဒါပေမယ့် ပါဝင်ပစ္စည်းတိုင်းကတရုတ်ပြည်ကထွက်တာမဟုတ်ပါဘူး

မေး - Lianhua Qingwen အကြောင်းမေးပါမယ် သူ့ကို ဘယ်လိုလုပ်ထားတာလဲ
ဖြေ - အတိအကျတော့မပြောနိုင်ပါဘူး ပုံမှန်အတိုင်းပဲ အရွက်တွေ ထဲကနေ လိုချင်တဲ့ဓါတ်တွေကို အကြိမ်ကြိမ်ထုတ်ယူတယ် ပြီးတော့ပေါင်ဒါအဖြစ် ပြောင်းတယ်ပြီးရင်ဆေးတောင့်ပုံစံလုပ်တယ်

မေး - ဘာတွေနဲ့ထုတ်လုပ်တာလဲဗျ
ဖြေ - LIanhua Qingwen ကို Japanese honeysuckle flower, weeping forsythia, ephedra စတဲ့ herbs တွေကနေထုတ်ထားတာပါ

မေး - သူက ဘာအတွက်ကောင်းတာလဲ
ဖြေ - အဓိကတော့ Toxic lung heat ကိုသက်သာစေတာပေါ့ Toxic ဆိုတာကအဆုတ်မှာပြည်တည်သလိုမျိုးအဆိပ်တွေဖြစ်တာ Lung head ကတော့အဆုတ်အပူချိန်တက်တာ ဒီလိုဖြစ်လာရင်အသက်ရှုခက်မယ် ရောင်လာမယ် ဒါကိုလျော့ကျစေတာလို့ဆိုပါတယ်

မေး - ဆရာဝန်ညွှန်ကြားချက်လိုလား
ဖြေ - ဖိလစ်ပိုင်မှာတော့ TCM Concepts တွေကို သိပ်မရင်းနှီးသေးဘူးဗျ ဒီတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်တာ ပိုစိတ်ချရပါမယ်

မေး - အန္တရာယ်ကင်းရဲ့လား
ဖြေ - ယေဘူယျကြည့်မယ်ဆိုရင်တော့ safe ဖြစ်တယ်ပြောလို့ရပေမယ့် တစ်ခုရှိတာက Ephedra herb ကနေ ထုတ်ယူထားတဲ့ ephedrine ပေါ့လေ ဒီကောင်က ဖိလစ်ပိုင်မှာဆိုရင် အန္တရာယ်ရှိဆေးဝါးစားရင်းထဲပါတယ်ဗျ ဒါပေမယ့် တရုတ်တိုင်းရင်းဆေးသဘောက ingredient တစ်ခုထဲကိုမကြည့်ရဘူး အစအဆုံးကြည့်ရတာမျိုးဆိုတော့လည်းပြောရမှာခက်ပါတယ်

ဖိလစ်ပိုင်က ဒီဆေးက FDA က COVID ကုသဖို့မဟုတ်ပေမယ့် တိုင်းရင်းဆေးအဖြစ် အဆုတ်ရောဂါကုသဖို့ခွင့်ပြုချက်ပေးခဲ့တာကြောင့် တရားမဝင်တော့မဟုတ်တော့ပါဘူး ။ ဒီဆေးကို Philippines, Brazil, Romania and Mozambique,စတဲ့နိုင်ငံတွေမှာတော့ စသုံးနေကြပြီး under registration ကတော့နိုင်ငံ ၃၀ လောက်ရှိတယ်လို့ ဒီဆေးကိုထုတ်တဲ့ Yiling Pharmaceuticals ကဆိုပါတယ် ။

မြန်မာပြည်မှာလည်း FDA က သုံးခွင့်ပြုမှ သုံးတာ စိတ်ချရပါတယ် ။ ဆေးကုမ္မဏီတွေ ဆေးဝါးတင်သွင်းသူတွေက တဆင့် သွင်းပေးဖို့ လိုသလို FDA စစ်ဆေးမှုခံယူဖို့ ခွင့်ပြုချက်ရယူမှ သာ စိတ်ချရမှာပါ ။
အွန်လိုင်းမှာ ဆေးဝါးအတုအစစ်ဘယ်လိုခွဲမှာလဲ တရုတ်ပြည်မှာတော့အစစ် ဒီကိုရောက်လာတာတွေ တရားမဝင် အွန်လိုင်းမှာရောင်းနေတာတွေက အတုတွေဖြစ်နေမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးများတဲ့ အခြား ဆေးအတုတွေဖြစ်နေရင်တော့  သိပ်အန္တရာယ်များလွန်းပါတယ် ။

ဒါဟာ Lianhua Qingwen က အစွမ်းရှိတယ်မရှိဘူးဆိုတဲ့ ကိစ္စကိုပြောနေတာမဟုတ်ပါဘူး ။ ဆေးအစစ်လား အတုလားဆိုတာ ခွဲခြားမသိနိုင်လို့ပြောနေတာဖြစ်ကြောင်း သတိပြုစေချင်ပါတယ် ။

ကိုးကား
https://www.globaltimes.cn/content/1191897.shtml
https://www.cnn.ph/news/2020/8/12/Philippines-FDA-approves-Chinese-drug-Lianhua-Qingwen-.html
https://www.nutraingredients-asia.com/Article/2020/06/01/COVID-19-TCM-Lianhua-Qingwen-speeds-up-recovery-but-no-effect-in-preventing-conversion-to-severe-cases-two-week-RCT
http://burmese.dvb.no/archives/416288?fbclid=IwAR3A6qJcIZJq_zk1AJhEPNtheHWxSvl0lYhYK7ztzuDz2qwtsjZKwKzq2-Y
https://www.onenews.ph/us-health-agency-says-traditional-chinese-medicine-can-help-covid-19-patients-recover-faster
https://www.chinoy.tv/a-medical-doctor-answers-our-most-curious-lianhua-qingwen-questions/?fbclid=IwAR2BqrlFmp8sHwD4jpNlvWqAYjhcYo49e7BAjLUmvYZxGhL7MebZQCU1N7Y




No comments:

Post a Comment