Friday, October 23, 2009

ကိုယ့်နာမည်နဲ့ စတဲ့ မြန်မာစာလုံးလေးတွေ(တဂ်)

ကိုယ့်နာမည်နဲ့ စတဲ့ မြန်မာစာလုံးလေးတွေ(တဂ်)

ဒီတဂ်က နှစ်မျိုးရှိမှန်း အခုမှသိရပါတယ် ။ နှစ်မျိုးစလုံးလည်း အတဂ်ခံရပါတယ် ဟီး ။ သတိတရနဲ့ တဂ်ပေးတဲ့ အစ်မလင်းကြယ်စင်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ် ။ ပြန်လည်ဖြေဆိုတာ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါနော် ။ အွန်လိုင်းမှာ အင်တာနက် ဒွတ်ခတွေ ကြုံရတာများတဲ့အတွက် စိတ်ညစ်ပြေအောင်လို့ အစ်မက တဂ်ထားခြင်းဖြစ်ပါတယ် ။ ကဲစပြီး ဖြေကြည့်မယ်နော် ။

1. What is your name - သက်တန့်ချို(လွယ်တယ်ဟိ)
2. A four letter word - သက်သက်ညှာညှာ (ဟုတ်တယ်လေ ဘယ်အရာဖြစ်ဖြစ်
သက်သက်ညှာညှာလေးနဲ့ စဉ်းစားရင်မကောင်းလား )
3. A boys name - သုဝဏ္ဏသာမ(ဘုရာလောင်းရဲ့ နာမည်ဖြစ်ပါတယ် )
4. A girls name - သီတာဒေ၀ီ
5. An occupation - သင်ကြားရေး ( ဆေးစာတွေကို လောလောဆယ် non-med တွေကို
သင်ကြားပေးနေပါတယ် )
6. A color - သက်တန့်ရောင်( မိုက်တယ်ကွာ..ဟိ အကုန်ပါသွားပြီ ရောင်စုံပဲ)
7. Something youll wear - သင်းပိုင် (ဘုန်းကြီး ၀တ်တုန်းက ၀တ်ခဲ့တာ ဟီး )
8. A food -သရက်သီး
9. Something found in the bathroom - သွားတိုက်တံ
10. A place - သုဿန်(လူတိုင်းရောက်မယ့်နေရာပေါ့ )
11. A reason for being late - သေနေလို့ ( အိပ်တာကို ဒီမှာက သေတယ်ပဲပြောတယ် ဟုတ်တယ်လေ
အိပ်ရင်အသေကောင်လိုပဲဟာ ဟီး အမြဲတမ်းသေနေလို့နောက်ကျနေတာ)
12. Something you'd shout - သယ်!!!!လုပ်လိုက်ရ ဟွန်း ( တခါတလေ ကိုယ့်ကိုယ်ကို ပြန်ပြောတာပါ)
13. A movie title -သီတာရေစင် ( ညွှန့်ဝင်း ၀ါဝါ၀င်းရွှေ )
14. Something you drink - သခွားသီးဖျော်ရည်
15. A musical group -တစ်ပ်စီ (http://tispsy.org)(ဟီး ရှာမတတ်တော့လို့ ဒါလေးပဲ နော့)
16. An animal - သမင်
17. A street name - သရက်တောလမ်း (အမှန်ကကိုယ်ကသရက်သီး ကြိုက်လို့ )
18. A type of car - တီကို (သေးသေးလေးလေ ကြိုက်တယ်ဟုတ်)
19. The title of the song - သံယောဇဉ် ( လေးဖြူပဲလေ ဟီး ဘင်္ဂလားပင်လယ်အော်ထဲက )
20. A verb - သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသေသည် ။ (ကောင်းကွာ
သ ၁၄ ခုတောင်ပါတယ် ပိုင်ချက် )

ကဲအစ်မလင်းရေ...ဖြေပြီးပြီနော်..ဟီး မှားတာပါရင် ဒီအမိုက်သားကို ခွင့်လွှတ်ပါ နော် ။

စာရေးသူ.....သက်တန့်ချို......(၁၁း၂၄ ည ၂၂.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 22, 2009

သွေးအားနည်းရောဂါ ( Anemia )

သွေးအားနည်းရောဂါ ( Anemia )


အနီးမီးယားဆိုတာဘာလည်း .....?

အနီးမီးယားဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏသို့မဟုတ် သွေးနီဥဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန်မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။ တခါတလေမှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေးပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သောနည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။

ပုံမှန်သွေးပမာဏ လူတွေမှာ ဘယ်လောက်ရှိရမလည်း .....?

ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl

မိန်းမ............................11.5 - 16.5 g/dl


အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ ....?

အသိများတဲ့ ထင်ရှားတဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့

သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။
။ ရာသီလာတဲ့ သွေးပမာဏဟာ အလွန်အမင်း များပြားနေခြင်း ၊ သွေးထွက်များသော အနာများ ၊ အစာအိမ်နှင့် အူလမ်း
ကြောင်း တွင် အနာများဖြစ်ပေါ်ခြင်း ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေတဲ့ အတွက်ကြောင့် အနီးမီးယားကိုဖြစ်ပေါ်စေပါတယ် ။

Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား
။ ။ ရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကို လိုအပ်ပါတယ် ။ အိုင်းယွန်းဟာ
Hemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ အကယ်၍ အိုင်းယွန်းရရှိမှုဟာ ကန့်သတ်ထားတယ် ဒါမှမဟုတ်အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင် ဘူးဆိုရင် အကျိုးဆက်အနေနဲ့ အနီးမီးယား ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သော အနီးမီးယား
။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ်ကိုတော့
ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။

ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား
။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင်
ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့လူတွေမှာ ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ် ။ တဆက်တည်းမှာပဲ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ် ။ ဒီလိုမျိုးကိုတော့ anemia related to chronie kidney diseases လို့ခေါ်ပါတယ် ။

အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ်ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း သွားစေတဲ့ အတွက် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏလျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia
။ ။ အချို့လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့ပြသနာ ရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေက သွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped
( sickle cells ) တံစဉ် ပုံစံလိုမျိုးဖြစ်ပေါ်စေပါတယ် ။သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခုဖြစ်ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ရှိပါတယ် ။Alcoholism ။ ။ အရက်သောက်သုံးသူတွေမှာ အာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာ ဆက်နွယ်နေပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီကို အဆိပ်အတောက်ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ် ။ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas တွေဟာ သွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်းလည်းစေပြီး သွေးဆဲတွေအားလုံးထုတ်လုပ်မှုကို နည်းစေပါတယ် ။ Hemolytic anemia ။ ။ ပုံမှန်သွေးနီဥရဲ့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာ ပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့ချက်တွေကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇနဲ့ဆိုင်တာတွေ ခဲအဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ရောဂါတွေ ပဲဖြစ်ပါတယ် ။

သွေးအားနည်းရင်ဘာ လက္ခဏာတွေ ဖြစ်တတ်သလည်း ?


လက္ခဏာတွေကတော့

ဦးခေါင်းပိုင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းမှုးခြင်း သတိလစ်ခြင်း

မျက်လုံးမှာ ၀ါလာခြင်း
အရေပြားမှာ ဖျော့တော့လာခြင်း အေးလာခြင်း ၀ါလာခြင်း

သွေးကြောမှာ သွေးပေါင်ချိန်ကျလာခြင်း

အသက်ရှုလမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း တနည်း တိုခြင်း

နှလုံးမှာ ရင်တုန်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်း ရင်ဘတ်အောင့်ခြင်း (angina)
နှလုံးတိုက်ခိုက်ခံရခြင်း
ကြွက်သားမှာ အားနည်းလာခြင်း

အူလမ်းကြောင်းမှာ မစင်အရောင်ပြောင်းလာခြင်း

သရက်ရွက် (spleen)မှာ ကြီးမားလာခြင်း


အနီပြထားသောအရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာတွေ့ရလေ့ ရှိပါတယ် ။


သွေးအားနည်းရောဂါ ဘယ်လိုကုမလည်း ?


အိမ်မှာဆိုရင် - ကိုယ့်ဘာသာကုဖို့ နဲနဲလေးပဲလုပ်ဆောင်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် ဆေးကုသမှုလိုပါတယ် ။ ဥပမာ အနီးမီးယားက အစာအိမ်အနာကြောင့် ဖြစ်တယ်ဆိုရင် aspirin , ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကို ရှောင်သင့်ပါတယ် ။ဒါမှမဟုတ်လည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရပါမယ် ။ဆေးရုံမှာဆိုရင် - သိပ်မပြင်းထန်ဘူးဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C , Iron ပါတဲ့ဆေးတွေပေးလေ့ရှိပါတယ် ။ ဒါမမဟုတ် Tot'hema လို ဆေးလည်းပေးပါတယ် ။ ပြင်းထန်တယ်ဆိုရင်တော့ သွေးသွင်းကုသပါတယ် ။

ဘယ်လိုကာကွယ်မလည်း ?


အများစုကတော့ ပုံမှန်အာဟာရပြည့်တဲ့အစားအစာနဲ့ အရက်ကို ထိန်းချုပ်ခြင်း ဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြသပြီး ဇစ်မြစ်ကို ရှာဖွေသင့်ပါတယ် ။ သွေးအားကောင်းတဲ့အစားအစာတွေ စားပေးပါ ။အသား ပဲအမျိုးမျိုး အသည်း အမြစ် အရွက်များ ငါးသေးသေးလေးများ စသည် ။


Ref;emedicine health( october 6 2009)
;wikipedia

စာရေးသူ....သက်တန့်ချို.......(၁၁း၁၁ ည ၁၈.၁၀.၀၉)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခဏခဏ ဆိုညဉ်းမိတဲ့ သီချင်းလေးတွေ

ခဏခဏ ဆိုညဉ်းမိတဲ့ သီချင်းလေးတွေ

သံစဉ်....အဲဒီသံစဉ်လေးတွေက ကျနော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့... ။ ကျနော်ကငယ်စဉ်ကတည်းက သံစဉ်တွေကို နှစ်သက်ခဲ့သူပါ ။ ဟိုး..ကလေးအရွယ် ချာတိတ်ဘ၀ကတည်းက အစ်ကိုတွေ ဂစ်တာတီးရင် ဘေးမှာသွားသွားထိုင်ပြီး..သီချင်းတွေ ညည်းနေတတ်သူ... ။ နောက်ဆုံးဂစ်တာတီးတဲ့သူ... တစ်ယောက်ဘဲကျန် နေတာတောင် သူ့ကိုအဖော်လုပ်ပေးပြီး သီချင်းတွေလိုက်ဆိုပေးခဲ့သူ... ။ ၇ တန်းလောက် ကျတော့ ဂစ်တာတီး ချင်တဲ့ပိုးက လုံးဝကိုထိမ်းမရတော့ဘူး ။အဲဒါနဲ့ အစ်ကိုတွေဆီမှာ ဂစ်တာတီးသင် စာအုပ်တွေဝယ်..လေ့ကျင့်နဲ့ ...၈ တန်းလောက်မှာတော့ ဂစ်တာကို တစ်ယောက်တည်း အတော်အတန်တီးတတ်နေပါပြီ ။ ဂစ်တာတီး စသင်တုန်းက လက်ထိပ်လေးတွေ အသားမာတက်အောင်တီးခဲ့ရတာကို သူမမေ့ခဲ့ဘူး ။ သွေးချည်ဥ နေတာတောင် အံကြိတ်ပြီး ဆက်တီးခဲ့တယ် ။ အဲဒီလောက်ထိဇွဲကြီးတာ..သံစဉ်ဂီတကို ။ အရွယ်ရောက် တော့လည်း ညနေကျောင်းက ၆ နာရီပြန်ရောက် ထမင်းစား ပြီးရင် ဂစ်တာလေးကိုင်ပြီးအိမ် ရှေ့ကထိုင်ခုံတန်းလေးဆီမှာ တစ်ယောက်တည်းလည်း နေ့စဉ်ရှိနေမြဲ... ။

အထူးသဖြင့် ဂစ်တာလေးတီးပြီး မျက်လုံးကိုမှိတ် သီချင်းလေးညဉ်းနေရတာကို သူအနှစ်သက်ဆုံးပေါ့ ။ သူကဂီတကို အစုံခံစားတယ်... ။ မြန်မာသီချင်းတွေလည်းကြိုက်တယ် ။ rock pop rap alternative punk melody အကုန်လုံးပဲ ။ ကလပ်စစ်လည်း ကြိုက်တာပဲ ။ unplugged ကိုလည်းလေ့ကျင့်လိုက်သေးတယ် ။ အဲဒီအထဲကမှ သူအနှစ်သက်ဆုံးငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ အဆိုတော်ကတော့ rocker လေးဖြူပေါ့ ။ သူ့သီချင်းတွေဆို အကုန်ကိုကြိုက်ခဲ့တာ ။ပင်လယ်အော်သံကစ ...အိပ်မက်ကဗျာအလယ် ... BOB အဆုံး အကုန်လုံးကိုကြိုက်ခဲ့တယ် ။ အခုလတ်တလောမှာတော့ သူ အနှစ်သက်ဆုံးနဲ့ အမြဲညဉ်းနေတဲ့သီ
ချင်းကတော့ ............................

(အမည်မဖော်နိုင်တဲ့ ..သောကများဒီအရှိုက်ထဲထိ...မှင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလိုစူးနင့်ပြီး ..အ၀တ်စုတ်တစ်ခုလိုငါ့အတွေးတွေ..စွန်းပေနွမ်းခဲ့............ အရိပ်တွေတစ်ခု ဆီငါ့ရင်ဘတ်ထဲထည့်ကာ .... ကြယ်ရင်ပြင်ထဲ မိုးညွန့်များငါ..ခုန်လွှားရင်း...ဗျာပွေနေတဲ့ငါ့ရဲ့စိတ်တွေလွှတ်ချရင်း....ငယ်ဘ၀အတိတ်တွေ ..လက်ထဲငါ.. အန်ထုတ်ကာထားရင်း..... တခုစီတခုစီငါ့အိပ်မက်ထဲထည့်ကာ....ငါဟာမိုးတိမ်တွေထဲဝဲ....
ငါဟာမိုးတိမ် တွေထဲ.၀ဲ..လေနေတဲ့အခုချိန်ခဏ.. အတိတ်မေ့ပြီး.. ခဏနောက်ချန်ပြီး... ခဏမေ့နေပြီး ...ငါဟာမိုးတိမ်ထဲဝဲ...)

ဆိုတဲ့..လေးဖြူရဲ့ BOB ထဲက မိုးတိမ်ထဲဝဲဆိုတဲ့သီချင်းလေးပါ ။ အလုပ်တွေပိလာရင် အဲဒီလို မိုးတိမ်တွေထဲမှာ ပေါ့ပေါ့လေးပဲ လွင့်သွားချင်တယ်.. အရာအားလုံးကိုခဏမေ့ပြီးတော့ပေါ့ ။

နောက်ထပ်ညဉ်းမိတဲ့သီချင်းကတော့...

(ည..တိမ်တွေစီးရင်းပျံသန်းတော့...၀င်လာချင်တော့....မီးဇာ..ခန်းဆီးနဲ့မှန်ပြတင်းပေါက်...မျော်နေပါဖွင့်ဟပြီး...
ရင်မှာလှိုက်မော....ငါသေငယ်ဇောနဲ့လွင့်ပြီးမျော..မင်းဆီကိုပေးဖို့ငါရောက်ရှိ...အိပ်မက်တွေ....)

ဆိုတဲ့ဖြူဖြူကျော်သိန်းရဲ့ ချစ်သူ့အမုန်းကျိန်စာဆိုတဲ့ စီးရီးထဲက ဆုံဆည်းရာဆိုတဲ့သီချင်းလေးပါ ။ ...ကျနော် သေဆုံးပြီးဝိညဉ်ဘ၀နဲ့ဆိုရင်တောင် ချစ်သူ..တခဏတာပျော်ရွင်ဖို့အတွက်..အိပ်မက်လေးတွေပေးချင်သူပါ... ။
နောက်ဆုံး အလင်း ကိုမခံနိုင်တော့တဲ့ အာရုံမိုးသောက်အချိန်အထိပေါ့... ။

အဲဒီသီချင်းလေးတွေကိုလိုချင်ရင်တော့....MP3 ဖိုင်လေးတွေပါ ။

မိုးတိမ်ထဲဝဲ
ဆုံဆည်းရာ

တဂ်လေးကိုအကြောင်းအမျိုးမျိုးကြောင့်ပြန်ဖြေဖြစ်တာနောက်ကျသွားတာကိုခွင့်လွှတ်ပေးပါ ..သူငယ်ချင်းရေ... ။

စာရေးသူ....သက်တန့်ချို.......(၁၀း၅၇ ည ၁၅.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 19, 2009

ကိုယ့်နာမည်နဲ့စတဲ့ အင်္ဂလိပ်စာလုံးလေးတွေ ( တဂ်)

ကိုယ့်နာမည်နဲ့စတဲ့ အင်္ဂလိပ်စာလုံးလေးတွေ ( တဂ်)

ဘလော့စပေါ့ကို ၀င်မရတာနဲ့ပဲ တဂ်တွေဖြေတာလည်း နောက်ကျသွားပါတယ် တယ်ရင်းတို့ရေ.... ။ တဂ်ထားတဲ့ သူငယ်ချင်းတွေလည်း ခွင့်လွှတ်ပေးကြပါနော် ။ ဒီတစ်ခါတော့သူငယ်ချင်း ပန်းရင့်ရောင် တဂ်ထားတဲ့ ကိုယ့် နာမည်နဲ့စတဲ့ အင်္ဂလိပ် စာလုံးလေးတွေ ဖြေပေးရမှာပါ ။ သူ့ရဲ့ မူရင်းစာသား လေးကတော့ ဒီလိုပါ ။

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက်ဆိုသလိုပါပဲ ။ ဘာဖြစ်ဖြစ်ကြိုးစားပြီး ဖြေပေးထားပါတယ် ။ တဂ်ထားတဲ့ သူငယ်ချင်းလည်း ကျေနပ်နိုင်မယ်လို့ ထင်ပါတယ် ။

1. What is your name - Thet Tant Cho
2. A four letter word - Twist ( I am so boring of normal , regular things)
3. A boys name - Thomas Addison
4. A girls name - Tin Zar Maw (My favourite vocalist)
5. An occupation - Thinking of diseases and patient's history , Traning to non-
medicals about medicine products for detailing to doctors
6. A color - Tan
7. Something you’ll wear - T-Shirts ( I like it very much !!!)
8. A food - Tomato
9. Something found in the bathroom - Towers ( necessory for cleaning at bathroom)
10. A place - Trader's Hotel
11. A reason for being late -Traffic jam
12. Something you'd shout - Try harder!!!! ( I am always saying that words to myself)
13. A movie title -Titanic ( So missing)
14. Something you drink - Tea
15. A musical group -Tispsy (http://tispsy.org)
16. An animal -Tiger
17. A street name - Thunan dar ( My house locate at Thunandar street)
18. A type of car -Toyota
19. The title of the song - Ta Yout Htal Nat ( Lay Phyu - BOB)
20. A verb -Trying to get success and give human to that success is the
duty of a man .( It is my own words)
ဟုတ်မဟုတ်တော့မသိဘူး.... ။ အတတ်နိုင်ဆုံးတော့ ကိုယ့်ဘာသာတွေးပြီးတော့ရော... ဂူဂဲလ် အကူအညီနဲ့ရော... ရှာဖွေပြီး ဖြေဆိုထားတာပါ ။ အင်း ဂူဂဲလ် သာမရှိရင်တော့ သိပ်တော့လွယ်မယ်မထင် .... ဟီး ။ သတိတရနဲ့ တဂ်ထားတဲ့ သူငယ်ချင်းကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်နော်..... ။

စာရေးသူ......သက်တန့်ချို......(၁၀း၃၀ ည ၁၆.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သို့.....http://formmbloggers.blogspot.com

သို့ ....http://formmbloggers.blogspot.com

ဒီပို့စ်လေးကို တင်မယ်စဉ်းစားထားတာ ဘလော့ဝင်မရတာနဲ့တင်တာနောက်ကျသွားပါတယ် ။ ကျနော် ဘလော့ဝင်မရတာ ၂ ရက်မြောက်နေ့မှာပေါ့ ဂျီတော့မှာ အစ်မနမ်းမ၀( အဖြူရောင်နတ်သမီး) တက်လာပါတယ် ။ အဲဒီမှာ ကျနော်ကသူ့ကို ထုံးစံအတိုင်း နေကောင်းလားဘာညာနှုတ်ဆက်တာပေါ့ ။ သူက စာတွေကို ဆက်တိုက်ဆိုသလို ရေးပြီး ပြောလာပါတယ် ။ သူ့အကြောင်းကို ဘလော့တစ်ခုကနေ ပယ်ပယ်နယ်နယ် ဝေဖန်ပုတ်ခတ်ထားတဲ့ အကြောင်းပေါ့ ။ ကျနော်လည်း ပထမတော့ကြောင်သွားတယ် ။ အစ်မက သူ့ဘာသာသူ အေးအေးနေတတ်တဲ့သူတစ်ယောက်ပါ ။ တစ်ခါတစ်ခါ ကဗျာလေးတွေရေးတယ် ။ တခါတခါ ကိုယ်တွေ့အတွေ့အကြုံလေးတွေရေးတယ် ။ သူ့ကို အဲဒီလို တိုက်ခိုက်နစ်နာအောင်လုပ်တဲ့သူရှိတယ် ဆိုတော့ ကျနော်လည်း အံ့သြသွားတာပေါ့ ။ နောက်တော့သူက အဲဒီလင့်လေးမှာ ဖတ်ကြည့်မောင်လေးရေဆိုပြီး ကျနော့ကို ဒီလင့်လေး(http://formmbloggers.blogspot.com)ကို ပေးလာပါတယ် ။ ကျနော်လည်း Vtunnel ဆိုက်နဲ့ကျော်ပြီးဖတ်ကြည့်လိုက်တော့ အားလားလား...ပြောထားတာမှ ရစရာကိုမရှိဘူးဗျာ... ။ စုံနေတာပဲ ဘာတဲ့..နတ်သမီးဆိုလို့သွားကြည့်ပါတယ် ။ အသားမဲမဲ အသက်ကြီးကြီး ၀၀နဲ့မိန်းမကြီးတဲ့ ။ နောက်ကိုဘဆိုတာလည်းပါသေးတယ် ။အဲဒီကိုဘဆိုတာကလည်း ကျနော်တို့ရဲ့ ဘလော့ဂါကြီး ကိုဘ မဟုတ်မှန်း ကျနော်ကအတတ်သိတယ် ။ဘာလို့ဆို ကျနော်တို့ကိုဘ ကြီး ကလူမှန်ကြီးလေ ။ သူက သူများတွေ စာလုံးပေါင်းမှား ရင်တောင် စေတနာနဲ့ အမုန်းခံပြီး လိုက်ပြင်ပေးတဲ့သူ.. ။ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ကိစ္စ ... ။ သူပြောတဲ့ကိုဘက အဲဒီဘလော့ဂါရဲ့ မိန်းမလိုမိန်းမရ သူငယ်ချင်းဖြစ်ပါလိမ့်မယ် ။ဘာလို့ဆို မိန်ကလေးတစ်ယောက်ကို ဓါတ်ပုံလေးတင်ယုံနဲ့ လင်လိုချင်နေလို့ဘာညာပြောထွက်တာဟာ သူ့ မိန်းမစိတ်ဝင်နေခြင်း တစ်နည်းအားဖြင့် မိန်းမဆန်နေခြင်း ( မိန်းမဟော်မုန်းဖြစ်တဲ့ estrogen) များနေလို့ ဖြစ်ပါလိမ့်မယ် ။ ဒါကထားပါတော့ ...သူ့ဘ၀ကံအကျိုးပေးပေါ့ ။

ပထမဆုံးစပြောချင်တာကတော့ အတင်းပြောယုံသက်သက် သူများမကောင်းကြောင်းပြောယုံသက်သက်နဲ့ ဘလော့တစ်ခု ဖန်တီးပြီး တိုက်ခိုက်တဲ့ အဲဒီလူရဲ့ စိတ်ဓါတ်ညံ့ဖျင်းမှုနဲ့ ခံယူချက်ကိုပါ ။ သူက ဘ၀မှာ ဘယ်လိုခံယူထားပါသလည်း ။ဒီဘ၀မှာ အင်တာနက်ဆိုတာပေါ်လာကတည်းက လူတွေအချင်းချင်းရင်းနှီး လာကြတယ် ။ဖေးမလာကြတယ် ။ ကူညီရိုင်းပင်းလာကြတယ် ။မိတ်ဆွေကောင်းသူငယ်ချင်းတွေ တိုးပွားလာကြတယ် ။ အဲဒီကြားထဲကမှ သနားစရာသတ္တ၀ါလေးတွေလည်း တခါတခါပေါ်ပေါ်လာပါတယ်။ သူတို့ကတော့ သူများစီဘောက်တွေမှာ လိုက်ဆဲမယ် ။ မိန်းကလေး တွေရေးတဲ့ဘလော့တွေထဲမှာ မကြားဝံ့မနာသာ အမေနှမ မဖတ်ဝံ့တဲ့ စကားလုံးတွေ ရေးပြီး ကိုယ့်အဆင့်အတန်းကိုဖော်ပြလေ့ရှိကြတယ် ။ စီဘောက်ရဲ့ အဓိက အားနည်းချက်က အဲဒါပါပဲ ။ အပြည့်ဝဆုံးလွတ်လပ်မှုကို ပေးထားတယ် ။ ဒီမှာ တင် အဲဒီသကောင့်သားတွေက အခွင့်အရေးတွေရပြီး အခွင့်သင့်ရင် သင့်သလို ကိုယ့် ဇာတိ ကိုဖော်ပြကြတာပဲ ။ ဘာကြောင့်ဆို စီဘောက်က နာမည်လေး ရေးယုံနဲ့ ရေးချင်တာရေးလို့ရတာကိုး .... ။သူတို့စိတ်ထဲမှာတော့ ထင်နေမှာပေါ့ ... ငါတို့ရေးတာ ဘယ်သူမှ မသိပါဘူးလေ ... ရေးချင်တာရေးမယ်ဆိုပြီးတော့လေ ...။ တကယ်ကတော့ သူတို့ရေးတာကို သူတို့ကိုယ်တိုင် သိနေတာပါပဲ ။ ကိုယ့်လိပ်ပြာကသိနေတာပဲလေ ။ အော်..ဒါငါရေးထားတာပါလားလို့လေ ...။

အမှန်တော့ အစ်မနမ်းမ၀ နဲ့ အဲဒီဘလော့ဂါက ဘာရန်ငြိုးတွေရှိလည်း ကျနော်မသိပါဘူး ။ သိစရာ လည်းမလိုအပ် ပါဘူး ။ သူကယောက်ျားပဲလေ ... မကျေနပ်ရင် ... Cyprus ကိုလိုက်သွားပြီး ဓါးနဲ့ခုတ်ပေါ့ ။ အခုတော့ မိန်းမလိုမိန်းမရ ဘလော့ပေါ်ကနေ တစ်ဖက်သား ဂုဏ်သိက္ခာ ညိုးနွမ်းအောင် တိုက်ခိုက်တာကတော့ သတ္တိနည်းသူတွေရဲ့ လုပ်ရပ်ပါ ။ အဲဒီလိုကျနော်က ပြောနေတဲ့အတွက် မေးစရာရှိလာပါတယ် ။မင်းနဲ့ နမ်းမ၀က ဘာတော်လို့ မင်းက သူ့ဖက်ကနေနာနေရတာလည်းလို့လေ ။ ဟုတ်ကဲ့ ဖြေပေးပါ့မယ် ။ဘာမှမတော်ပါဘူး ။နမ်းမ၀ဆိုတာ ကျနော်တို့ဘလော့ပေါ်မှာ ခင်မင်ခဲ့တဲ့ အစ်မတစ်ယောက်ပါ ။ ကျနော့် သွားလည်နေကျ သူငယ်ချင်းတွေ စာရင်းထဲမှာလည်းပါပါတယ် ။ ကျနော်ကသတ်မှတ်ထားတာတစ်ခုရှိတယ် ။ ကျနော့် ဘလော့သူငယ်ချင်းစာရင်းထဲမှာ ပါတဲ့သူမှန်သမျှဟာ ကျနော်ရဲ့ အစ်ကို အစ်မ ညီ ညီမ အရင်းတွေကြီးပဲလို့ ။ ဒါကြောင့် အဖြူရောင်နတ်သမီးမှမဟုတ်ပါဘူး ကျနော့်ဘလော့သူငယ်ချင်းထဲက ဘယ်သူ့ကို ထိခိုက်ခိုက် တိုက် ခိုက်ခိုက် ကျနော့ကို တိုက်ခိုက်သလိုနာပါတယ် ။ ဒါကြောင့် ကျနော် ဒီပို့စ်ကိုရေးပါတယ် ။ နောက်တချက်က အဲဒီဘလော့ဂါ မိန်းမတစ်ပိုင်းယောက်ျားတစ်ပိုင်းက အတော့်ကို သနားစရာကောင်းပါတယ် ။ ဘာလို့ဆို ဘလော့လောကကိုစ၀င်ကတည်းထဲက သူများကိုထိုးနှက်ပြီး မှ ၀င်လာတဲ့အတွက် ဘလော့ဂါ အသိုင်းအ၀ိုင်းက ၀ိုင်းပယ်ခံရမှာကို တွေးမိတဲ့အတွက်ပါ ။

နောက်တစ်ချက်ကတော လွတ်လပ်မှုဆိုတဲ့ စာလုံးသုံးလုံးကို ပြောချင်တာပါ ။ လွတ်လပ်မှုဆိုတာ ဘာကိုဆိုလိုပါသလည်း ။ ကိုယ်လုပ်ချင်တာလုပ်မယ် ပြောချင်တာပြောမယ် ဘယ်သူ့ထိခိုက်ခိုက် မထိခိုက်ခိုက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာ သူခံယူကျင့်သုံးနေတဲ့လွတ်လပ်မှုလား ။ နမ်းမ၀ (အဖြူရောင်နတ်သမီး) ဟာ ဘလော့စလုပ်ကတည်းက ပြောထားတာရှိပါတယ် ။သူက ဓါတ်ပုံရိုက်အရမ်းဝါသနာပါတယ်လို့ ။ ဒါကိုလည်း အဲဒီသကောင့်သား ဖတ်ကြည့်မယ့်ပုံမပေါ်ပါဘူး ။ နမ်းမ၀ဆိုတာက မြန်မာနိုင်ငံက မော်ဒယ်တစ်ဦးပါ ။ ကျနော်တို့ စုပေါင်းဖန်တီးထားတဲ့ ပန်းပျိုးသူတို့ အလင်္ကာ ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကလောင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ် ။သူ့ကြော်ငြာတွေကို မဂ္ဂဇင်းတွေထဲမှာလည်း တွေ့ရပါတယ် ။ Follow me green tea shampoo ကြော်ငြာလည်းရိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ ။ နောက်ပြီး ဂရေဟန်နဲ့လည်း VCD မှာ သရုပ်ဆောင်ဖူးပါတယ် ။ ကဲ... ကျနော်တို့ အဲဒီသကောင့်သားပြောတာဟုတ်မဟုတ် ကြည့်ရအောင် ။ အသားမဲတယ်တဲ့ ။ သူငယ်ချင်းတို့ အားလုံးသူ့ဓါတ်ပုံတွေကြည့်ကြည့်ပါ ။ အသားမဲတာ ရုပ်ဆိုးတာ ကိုလက်ခံပါသလား ။ ၀တယ်တဲ့ ။ ၀တော့ သူနဲ့ဘာဆိုင်သတုန်း ။ သူကထမ်းထားရတာလည်းမဟုတ် ။ တင်ကျွေးထားထားရတာလည်း မဟုတ် ။ ဘာကို အသားလွတ် မနာလိုနေရပါသလည်း ။

ဘလော့ဆိုတာဟာ မိမိစိတ်ကြိုက် ဖန်တီးခွင့်ရှိတဲ့ ပန်းခင်းလေးတစ်ခုပါ ။ အဲဒီပန်းခင်း လေးထဲမှာ ပျားလေးတွေလာနားအောင် ဥယျာဉ်မှုးတွေက မိမိတတ်နိုင်သလောက် ပန်းလေးတွေစိုက်ပျိုးကြတယ် ။ အဆင်တန်ဆာလေးတွေ ဆင်ယင်ကြပါတယ် ။ ကိုယ့်ဓါတ်ပုံကို မိမိကိုယ်ပိုင်ဘလော့မှာ တင်ခွင့်မရှိဘူးလို့ ဘလော့မှာ သတ်မှတ်ထားပါသလား ။ မိမိနှစ်သက်ရာ ဖန်တီးပိုင်ခွင့်ရှိပါတယ် ။ အရာအားလုံးဟာ အကန့်အသတ်နဲ့တည်ရှိပါတယ် ။ ပင်လယ်သမုဒ္ဒရာတောင်မှအနားသတ်ကမ်းစပ်ဆိုတာရှိပါတယ် ။ အကန့်အသတ်ဘောင်ကိုကျော်လာပြီး ထိပါး ပြောဆိုလာပြီဆိုရင်တော့ ဒါဟာ Foul ပါ ။ ခင်ဗျားဟာ ခင်ဗျားနှစ်သက်သလို ဘလော့ကိုဖန်တီးခွင့်ရှိတယ် ။ ဒါပေမယ့် သူများ ဘလော့ကိုတော့ အကန့်အသတ်နဲ့ပဲ ဝေဖန်ပိုင်ခွင့်ရှိပါတယ် ။ ခင်ဗျားဟာ မြန်မာလူမျိုး အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဘလိုင်းကြီး မိန်းမတစ်ယောက်ကို တိုက်ခိုက်ခွင့်မရှိဘူး ။ ကိုယ့်ကိုယ့်ကို ယောက်ျားလို့ ခံယူထားပြီး ရှက်တတ်မယ် မိမိအဆင့်ကို မိမိအားနာတတ်မယ် ဆိုရင်ပေါ့လေ ။ နောက် တစ်ခုက သူက Comment တွေကို Moderation လုပ်ထားတယ် ။ Owner approval ဖြစ်မှ တင်ပေးမယ်ပေါ့လေ ။ သွေးမရှိလိုက်ပုံက ။ သူလုပ်ရပ်ကို သူမှန်တယ်ထင်ရင် အရာအားလုံးကို open လုပ်ထားရမှာပေါ့ ။ သူများကိုတော့ ပြောမယ် ငါ့ကိုတော့လာမပြောနဲ့ဆိုတဲ့ သဘောမျိုး ..ဟဟ အတော်သနားဖို့ကောင်းတဲ့ လူ။

သူငယ်ချင်းတွေအားလုံးကိုလည်း ပြောချင်ပါတယ် ။ အဲဒီဘလော့ကို ၀ိုင်းပြီး ဘလော့အသိုင်းအ၀ိုင်းကနေ ပယ်ထုတ်ကြဖို့ပါပဲ ။ ကျနော်ကတော့ ကိုယ့် သူငယ်ချင်း မောင်နှမတွေကိုထိရင် ဆတ်ဆတ်ထိမခံ နာတတ်ပါတယ် ။ လွန်တာရှိ ၀န္တာမိ ပါ ။ ပြောဆိုခဲ့တာအားလုံး မကျေနပ်ဖူးဆိုရင် thettantchocho@gmail.com ကိုတိုက်ရိုက် ဆက်သွယ်ပြီး ပြောဆိုနိုင်ပါတယ် ။ အချိန်မရွေးကြိုဆိုပါတယ် ။

သက်ရောက်မှုတိုင်းမှာ တုံပြန်မှုဆိုတာရှိတယ်ဆိုတာ မမေ့ပါနဲ့ ။ ယောက်ျားပီသနိုင်ပါစေ ။

စာရေးသူ.....သက်တန့်ချို......(၁၁း၃၀ ည ၁၆.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................