Friday, October 23, 2009

ကိုယ့်နာမည်နဲ့ စတဲ့ မြန်မာစာလုံးလေးတွေ(တဂ်)

ကိုယ့်နာမည်နဲ့ စတဲ့ မြန်မာစာလုံးလေးတွေ(တဂ်)

ဒီတဂ်က နှစ်မျိုးရှိမှန်း အခုမှသိရပါတယ် ။ နှစ်မျိုးစလုံးလည်း အတဂ်ခံရပါတယ် ဟီး ။ သတိတရနဲ့ တဂ်ပေးတဲ့ အစ်မလင်းကြယ်စင်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ် ။ ပြန်လည်ဖြေဆိုတာ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါနော် ။ အွန်လိုင်းမှာ အင်တာနက် ဒွတ်ခတွေ ကြုံရတာများတဲ့အတွက် စိတ်ညစ်ပြေအောင်လို့ အစ်မက တဂ်ထားခြင်းဖြစ်ပါတယ် ။ ကဲစပြီး ဖြေကြည့်မယ်နော် ။

1. What is your name - သက်တန့်ချို(လွယ်တယ်ဟိ)
2. A four letter word - သက်သက်ညှာညှာ (ဟုတ်တယ်လေ ဘယ်အရာဖြစ်ဖြစ်
သက်သက်ညှာညှာလေးနဲ့ စဉ်းစားရင်မကောင်းလား )
3. A boys name - သုဝဏ္ဏသာမ(ဘုရာလောင်းရဲ့ နာမည်ဖြစ်ပါတယ် )
4. A girls name - သီတာဒေ၀ီ
5. An occupation - သင်ကြားရေး ( ဆေးစာတွေကို လောလောဆယ် non-med တွေကို
သင်ကြားပေးနေပါတယ် )
6. A color - သက်တန့်ရောင်( မိုက်တယ်ကွာ..ဟိ အကုန်ပါသွားပြီ ရောင်စုံပဲ)
7. Something youll wear - သင်းပိုင် (ဘုန်းကြီး ၀တ်တုန်းက ၀တ်ခဲ့တာ ဟီး )
8. A food -သရက်သီး
9. Something found in the bathroom - သွားတိုက်တံ
10. A place - သုဿန်(လူတိုင်းရောက်မယ့်နေရာပေါ့ )
11. A reason for being late - သေနေလို့ ( အိပ်တာကို ဒီမှာက သေတယ်ပဲပြောတယ် ဟုတ်တယ်လေ
အိပ်ရင်အသေကောင်လိုပဲဟာ ဟီး အမြဲတမ်းသေနေလို့နောက်ကျနေတာ)
12. Something you'd shout - သယ်!!!!လုပ်လိုက်ရ ဟွန်း ( တခါတလေ ကိုယ့်ကိုယ်ကို ပြန်ပြောတာပါ)
13. A movie title -သီတာရေစင် ( ညွှန့်ဝင်း ၀ါဝါ၀င်းရွှေ )
14. Something you drink - သခွားသီးဖျော်ရည်
15. A musical group -တစ်ပ်စီ (http://tispsy.org)(ဟီး ရှာမတတ်တော့လို့ ဒါလေးပဲ နော့)
16. An animal - သမင်
17. A street name - သရက်တောလမ်း (အမှန်ကကိုယ်ကသရက်သီး ကြိုက်လို့ )
18. A type of car - တီကို (သေးသေးလေးလေ ကြိုက်တယ်ဟုတ်)
19. The title of the song - သံယောဇဉ် ( လေးဖြူပဲလေ ဟီး ဘင်္ဂလားပင်လယ်အော်ထဲက )
20. A verb - သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသေသည် ။ (ကောင်းကွာ
သ ၁၄ ခုတောင်ပါတယ် ပိုင်ချက် )

ကဲအစ်မလင်းရေ...ဖြေပြီးပြီနော်..ဟီး မှားတာပါရင် ဒီအမိုက်သားကို ခွင့်လွှတ်ပါ နော် ။

စာရေးသူ.....သက်တန့်ချို......(၁၁း၂၄ ည ၂၂.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. သက်တန့် အကြောင်းလေး လာဖတ်သွားတယ်နော်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. တူလည်း သနဲ့ တ မပီတာလား
    ရောချတာလားတော့ တိဘူး .. :P

    ReplyDelete
  3. 'သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသေသည် '
    ငယ်ငယ်ကပြောနေကျဗျ :)
    သီတာဒေဝီက ကိုသက်တန့်ချိုရည်းစားလား :P
    ညွှန့်ဝင်းနဲ့ ၀ါဝါ၀င်းရွှေတို့ရဲ့ သီတာရေစင်ကိုပြန်ကြည့်ချင်တယ်
    ငယ်ငယ်ကကြည့်ဖူးတယ် ခုတော့မေ့ကုန်ပြီဗျာ

    ReplyDelete
  4. ကိုသက်တန့် ချိုရေ..... ဖတ်သွားတယ်..... မိုက်တယ် လန်ထွက်နေတာပဲ........

    ReplyDelete
  5. “တက်သန့်”...
    မိုက်တယ်..ရေးထားတာ..
    နာလည်း..ပြီဘူး...“တ” နဲ့“သ”...
    လစ်ပြီ...

    ReplyDelete
  6. မောင်လေးရေ..
    သိုင်းကျူးနော .. နောက်ကျသွားတယ် ..နာ့မောင်လေး သက်တန့်က “သ”ရော “တ”ရော ပါအောင်ရေးသွားတာပေါ့လေ ..(ကဲ ..စိတ်ကလေး လန်းသွားတယ် ..ဟုတ် ..)

    ReplyDelete
  7.း) ရီစရာလေးတွေရေးတတ်တယ်
း)

    ReplyDelete
  8. သက်သက် သာသာ ရေးသွားတာ ကောင်းပါလေရဲ့ ကျနော်လည်း အကြွေးဆပ်ရဦးမယ် မအားတာနဲ့  ကိုသက်တန့်  ရေ
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete