Thursday, July 8, 2010

Ramygala မှာကျင်းပခဲ့တဲ့ ဆိတ်အလှပြိုင်ပွဲ

Ramygala မှာကျင်းပခဲ့တဲ့ ဆိတ်အလှပြိုင်ပွဲ




ဦးခေါင်းမှာ တပ်ဆင်ထားတဲ့ သရဖူကို ဆွတ်ခူးခဲ့တဲ့ ဆိတ်နာမည်ကတော့ Grazyolyte လို့ခေါ်ပါတယ် ။ဒီသရ ဖူကို ၂၀၁၀ ခုနှစ် ဂျူလိုင် ၅ ရက်နေ့က မြို့တော် Vilnius မှ ၁၅၀ ကီလိုမီတာ(၉၃ မိုင်) ကွာဝေးတဲ့ Ramygala မှာကျင်း ပခဲ့တဲ့ ဆိတ်အလှပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ဆိတ်ကို ပေးအပ်ခဲ့ပါတယ် ။ ဒီပြိုင်ပွဲကို ဆိတ်ပေါင်း ၁၃ ကောင် ၀င်ပြိုင်ခဲ့ပါတယ် ။ ဒီပွဲတော်ကို ဒီနှစ်မှာ ဒီရွာလေးကို Lithuanian ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ပြီး ဒီရွာ လေးရဲ့ နှစ်ပေါင်း ၆၄၀ ပြည့်နှစ်အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းပဲ ဖြစ်ပါတယ် ။ ဒီလို ပွဲတော် အချိန်မှာ တော့ ဆိတ်ဟာ ရွာရဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ် ။



Grazyolyte လို့ခေါ်တဲ့ဆိုက်ကို ဆိတ်အလှရှင်အဖြစ် သရဖူကို ၂၀၁၀ ခုနှစ် ဂျူလိုင် ၅ ရက်နေ့က မြို့တော် Vilnius မှ ၁၅၀ ကီလိုမီတာ(၉၃ မိုင်) ကွာဝေးတဲ့ Ramygala မှာကျင်းပခဲ့တဲ့ ဆိတ်အလှပြိုင်ပွဲမှာ ပေးအပ် နေပုံ ပဲဖြစ်ပါတယ် ။



Bertalyte ဆိုတဲ့ ဆိတ်ကလေး ဆိတ်အလှပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နေပုံပဲဖြစ်ပါတယ် ။



ဆိတ်မည်းလေးနဲ့သူ့ရဲ့ဆိတ်ပိုင်ရှင်တို့ ပြိုင်ပွဲအဖြေကြေငြာတာကို စောင့်နေတဲ့ပုံပဲ ဖြစ်ပါတယ် ။

သက်တန့်ချို
8 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment