Monday, September 20, 2010

ချစ်သူ


ချစ်သူ

ဤသို့သာပေါ့...
လွမ်းရပါသည် ချစ်သူ.....
တနင့်တပိုး ထုပ်ပိုးထားတဲ့
သတိတရ ချစ်ခြင်းတွေ
စက္ကန့်ကိုယ်စီ
မိနစ်ကိုယ်စီ
အပြိုင်ကျဲနေကြလေရဲ့......
ကောင်းကင်ကို မော့ကြည့်တိုင်း
ဝိုင်းစက်လွန်းတဲ့ မျက်ဝန်းတစ်စုံ
မျက်တောင်ရှည်နက်နက်တွေနဲ့
ချစ်သူရဲ့ ရှက်ရိပ်သည်းဟန်
မေ့မရခဲ့ဘူးကွယ်.....
ဤသို့သာပေါ့...
ငါတို့ချစ်ခြင်းတွေ
ကမ္ဘာမြေရဲ့ ထောင့်တစ်နေရာပေါ်
အဆုံးမဲ့တည်နေပါလိမ့်မယ်...
ချစ်ခြင်းရဲ့ ဥယျာဉ်ထဲ
ချစ်သူရဲ့...လေးနက်တဲ့သစ္စာတရားတွေ
ကမ္ဘာတည်သရွေ့....ငါမမမေ့ဘူးကွယ်...
ဤသို့သာပေါ့....
သွေးအေးအေးနဲ့
တိတ်တဆိတ်လွမ်းဆွတ်မှုကသာလျှင်
ငါ၏ ချစ်ခြင်းဖြစ်ပေလိမ့်မည်..ချစ်သူ....။

သက်တန့်ချို
20 September 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. ချစ်သူ..ကဗျာလေး ဖတ်သွားတယ်...
    နတ်သမီးလည်း ချစ်သူကို လွမ်းနေလို့...
    ခံစားချက်ချင်းတူတယ်....

    ReplyDelete
  2. ဒေါက်တာတို့ ပျောက်နေတာ ပြန်လာတော့လဲ အလွမ်းကဗျာလေးနဲ့ပါလား... ကောင်းပါလေ့ ကောင်းပါလေ့...

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  3. ဟောဟော... ပြန်ပေါ်လာတာနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာပါရောလား။ တိုင်ပြောမယ်ကြည့်နေ
    ဟီဟိ

    ReplyDelete
  4. "သွေးအေးအေးနဲ့ တိတ်တဆိတ် လွမ်းဆွတ်မှုကသာလျှင်
    ငါ၏ ချစ်ခြင်းဖြစ်ပေလိမ့်မည်" ဆိုတဲ့စာသားလေးကို သဘောကျတယ်း)

    ReplyDelete
  5. nice and lovely poem,,but something is missing,,,,,,,,i dont really know what is that? thanks u.

    ReplyDelete
  6. :(( လွမ်းနေပါတယ်ဆိုမှ အလွမ်းကဗျာဖတ်မိပြန်ပြီ။ :)) လွမ်းတာချင်း ခံစားချက်တူနေလို့ ကိုယ်ချင်းစာစွာ ခံစားသွားပါတယ်

    ReplyDelete
  7. ချစ်သူ..ကဗျာလေးက အရမ်းကောင်းတယ်။ ဒီကဗျာလေးကို ဖတ်လိုက်မှ ပိုလွမ်းလာသလိုခံစားရတယ်။ ခံစားချက်တွေကိုမေ့ဖျောက်ထားကာမှ ဒီကဗျာလေးကြောင့် ပြန်အသက်ဝင်လာခဲ့ပြီ....

    ReplyDelete
  8.ွှအရမ်းကောင်းပါတယ်
    thanks

    ReplyDelete
  9. တကယ်မလွမ်းဘူးသေးဘူး ... ဒါပေမယ့် ဒီကဗျာလေးကြိုက်တယ် ...
    ဒေါက်တာသတ်တန့်ချိုတယောက် အလွမ်းတွေနဲ့ဝေးပါစေလို့ ...
    အိဆုတောင်းပေးပါတယ် ....

    :)

    ReplyDelete
  10. ကြွေတယ်...

    ReplyDelete
  11. ဤသို့သာပေါ့...
    လွမ်းရပါသည် ချစ်သူ.....
    တနင့်တပိုး ထုပ်ပိုးထားတဲ့
    သတိတရ ချစ်ခြင်းတွေ
    စက္ကန့်ကိုယ်စီ
    မိနစ်ကိုယ်စီ
    အပြိုင်ကျဲနေကြလေရဲ့.....
    တိုက်ဆိုင်နေတယ်လေ...

    ReplyDelete
  12. ချစ်သူ သိမှာပါ...။ တိတ်တဆိတ် လွမ်းနေတာကို လေ..။

    ReplyDelete