Saturday, September 25, 2010

Peru မှာရှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့သစ်သားစားငါး

Peru မှာရှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့သစ်သားစားငါး

ပါရူးနိုင်ငံမှ Amazonian တောနက်ထဲမှာ ဇွန်းပုံသဏ္ဍာန် သွားတွေနဲ့ သစ်သားတွေကို စားသောက်တတ်တဲ့ ထူး ဆန်းတဲ့ ငါးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

US National Science Foundation မှ သိပ္ပံပညာရှင်များက လွန်ခဲ့တဲ့လက Northeastern Peru မှ Alto Purus ဧရိယာမှာ စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြပါတယ် ။ သစ်ပင်ကသစ်သားတွေကို ကိုက်ဖဲ့စားသောက်တဲ့ ဒီငါးဟာ ၇၀ စင်တီမီတာ ( ၂ ပေ သုံးလက်မရှည်ပြီး) ဇွန်းပုံသဏ္ဍာန် သွားတွေပါပြီး မြစ်ထဲ မှာမျောပါလာတဲ့ သစ်တုံး တွေကို ကိုကိုက်ဖဲ့စားသောက်ပါတယ် ။

ဒေသခံလူတွေကတော့ ဒီငါးကို ဖမ်းယူပြီးစားသောက်နေခဲ့ကြတာတော့ကြာပြီဖြစ်ပြီး သူတို့ကို ရေထဲမှာ မှိန်းနဲ့ ထိုးပြီး ဖမ်းယူကြတယ်လို့ဆိုပါတယ် ။ ဒါပေမယ့် ဒါဟာ ပညာရှင်တွေ လေ့လာဖို့ ဖမ်းယူခဲ့တဲ့ ပထမ ဆုံးငါး အရှင်လည်းဖြစ်ပါတယ် ။ Harvard University မှ သတ္တဗေဒပညာရှင်Paulo Petry က ဒီငါးဟာ ဇီဝ နည်းအရကြည့်ရင် ရှင်သန်ကြီးထွားဖို့ ခက်ခဲတဲ့ နေရာတွေမှာ ပေါက်ဖွားလာရတယ်လို့ ဆိုခဲ့ပါတယ် ။ ဒါ့အပြင် ဒီငါးအရှင်က နေ တစ်ရှူးနမူနာကိုယူပြီး လေ့လာမှုတွေဆက်လုပ်နေပါသေးတယ်လို့ ဆိုပါတယ် ။

" တကယ်တော့ ဒီငါးမျိုးဟာ ဖမ်းဖို့အလွန်ခက်တဲ့အကောင်တွေပါ သူတို့ကို ခင်ဗျားဖမ်းမယ်ဆိုရင်တော့ လှောင် အိမ်လို ဇကာလို မျိုးနဲ့ဖမ်းရင်ဖမ်းဒါမှမဟုတ် မှိန်းနဲ့ အသေသတ်ပြီးမှ ဖမ်းလို့ရပါမယ် သူတို့က သစ်သား တွေကို စားတဲ့အတွက် ငါးမျှားတံနဲ့ ထောင်ဖမ်းဖို့တော့ ခင်ဗျား မစဉ်းစားပါနဲ့ "


သက်တန့်ချို
25 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. Dude, this is sucker fish. You can buy them at every fresh water aquarium store in the whole world including Myanmar. I know because I have had couple of them which i raised them from 1 inch till 12, 13 inches . Everyone who knows about aquarium fish knows this fish. It is also called "Hypostomus" which is its scientific name. And it eats ALGAE not wood. There are several different colors depending on the species. I'm actually kinda believe in your topics until I see this topic. So, if you really wanna give out reliable infos about all these things, you better start educating yourself about these things.
    FYI, check this link.,
    http://en.wikipedia.org/wiki/Hypostomus

    ReplyDelete
  2. http://www.telegraph.co.uk/news/worldnews/southamerica/peru/8002101/Wood-eating-catfish-discovered-in-Peru.html

    ReplyDelete
  3. အဲဒါစုပ်ခွက်လို့ ခေါ်တာလေ

    ReplyDelete
  4. အဲဒါစုပ်ခွက်လို့ ခေါ်တာလေ

    ReplyDelete