Monday, September 27, 2010

အပြောင်းအလဲတိုင်းကို ကြိုဆိုသင့်ပါသလား ? (*****Special Blog Post *****)

အပြောင်းအလဲတိုင်းကို ကြိုဆိုသင့်ပါသလား ? (*****Special Blog Post *****)



၂၁ ရာစုဟာ ဂလို ဘယ်လိုက်ဇေးရှင်းနဲ့အညီ အရာရာတိုင်းဟာ ပြောင်းလဲနေလျှက်ရှိပါတယ် ။ အဲဒီအထဲမှာမှ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စသည်တို့ဟာလည်း များစွာပြောင်းလဲလာလျှက်ရှိပါတယ် ။ တစ် နေ့ပြီး တစ်နေ့ ပေါ်လာလိုက်တဲ့ ရောဂါဆန်းတွေ တစ်ခါမှတောင် မတွေ့ဖူး မမြင်ဖူးတဲ့ ရောဂါ သစ်တွေ ကမ္ဘာမှာ တိုးတက်များပြားလာလိုက်တာ ။ SARS မှ အစ H5N1 အဆုံး ပေါ်လာလိုက်တဲ့ ဗိုင်းရပ်စ်တွေကလည်း ခေတ်နဲ့ အညီပါပဲ ။ စီးပွားရေးဈေးကွက်တွေချဲ့ထွင်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံအသီးသီးက ယဉ်ကျေး မှုတွေဟာ လည်း ရွှေမြန်မာ တွေဆီကို ကူးစက်လို့ လာခဲ့ပါပြီ ။ လတ်တလော ကျွန်တော်တို့နေထိုင်ရာ ရပ်ကွက်တွေ မြို့ရွာ တွေအတွင်းမှာ “ အိုပါး ” “ မီအာနဲ ” “ ဆားဒါးငယ် ” “ ရှဲရှဲနီ ” “ နီဟောင်မား ” “ သွေ့ဘုချိ” စတဲ့ အသံတွေဟာ အပြောင်း အလဲများရဲ့ ပြယုဉ်တွေပဲ ဖြစ်ပါတယ် ။ အခု ဆွေးနွေးလိုတာကတော့ ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲတိုင်းကို ကြိုဆိုသင့်ပါသလား ဆိုတာပါပဲ ။

၁ ။ ကိုရီးယားရုပ်သံဇတ်လမ်းတွေနဲ့ အင်္ဂလိပ်ဇတ်ကားတွေမှာ မြန်မာစာတမ်းထိုးတာ ကောင်းပါသလား ?

အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတယ် ဆိုသလိုပါပဲ ။ နိုင်ငံခြားဇတ်ကားတွေမှာ မြန်မာစာ တမ်းထိုး တာဟာ မိဘပြည်သူတွေ အလွယ်တကူ နားလည်နိုင်တယ် ။ ဘာသာစကား ကွာဟမှု အခက်အခဲကို ကျော်လွှား နိုင်တဲ့ အတွက် ဇာတ်လမ်းရဲ့ အနှစ်သာရ ပိုပြီး ပြည့်ဝလာတယ်ပေါ့ ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ လူငယ် လူ ရွယ်တွေ ဘာသာစကား လေ့လာလိုတဲ့လူတွေအတွက် အင်္ဂလိပ်စာတမ်းကိုဖျက်ပြီး မြန်မာလို ပြောင်းထား တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ ။ နိုင်ငံခြားကားတွေ ကိုရီးယားဇတ်လမ်းတွဲတွေကိုပါ အင်္ဂလိပ် စာတမ်းထိုးပေးရင်တော့ အင်္ဂလိပ်စာတမ်းကို တဖြည်းဖြည်းလိုက်ဖတ်ရင်းဖတ်ရင်းနဲ့ အင်္ဂလိပ်စာ Reading Skill လည်းတက်လာမှာ အမှန်ပါပဲ ။ နောက်ဆုံး အင်္ဂလိပ်စာကို စိတ်မ၀င်စားတဲ့ ကျောင်းသား လူ ငယ်တွေ တောင် ဇာတ်လမ်းရဲ့ ကျောရိုးကိုသိချင်လို့ အင်္ဂလိပ်စာကို လိုက်ဖတ်တတ်တဲ့ အကျင့် စွဲစေတဲ့ မဟာ အခွင့်အရေး ကြီး တစ်ရပ်ပါ ။ ဒါကြောင့် ဇတ်ကားတိုင်းကို မြန်မာ စာတမ်းထိုးတာထက်စာရင် International Language ဖြစ်တဲ့ English Subtitle ထိုးပေးခြင်းကမြန်မာတွေကို ကမ္ဘာနဲ့အမှီ ရင်ဘောင် တန်းစေနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ယူဆမိပါတယ် ။

၂ ။ ဇတ်လမ်းတွေထဲက ယဉ်ကျေးမှုတွေကို လက်ခံသင့်ပါသလား ?

မင်းသမီးနဲ့ မင်းသားကြိုက် ၊ ဟော်တယ်ရောက် ၊ နောက်တော့ကွဲ ၊ မင်းသမီး ကလပ်တက် ၊ အရက်သောက် နောက် ပျက်ဆီး ၊ ဒါတွေဟာ ဇတ်ကားတိုင်းလိုလိုမှာပါတဲ့ အကြောင်းတရားတွေပါပဲ ။ ကိုရွှေမြန်မာတို့ကလည်း အတုယူ တဲ့နေရာမှာ မြန်ပါဘိသနဲ့ ။ အရွယ်မတိုင်ခင် (၁၈ နှစ်မကျော်ခင်) တည်းခိုခန်းရောက် ၊ ကိုယ်ဝန်တွေရ (အရင်တုန်းကပါ ) ဇတ်လမ်းပေါင်းများစွာပါပဲ ။ အခု အရေးပေါ် သန္ဓေတားဆေး တစ်မျိုးဖြစ်တဲ့ Levonorgestrel 0.75mg ဆေးတွေ မြန်မာပြည်ကို ၀င်ရောက်လာတာဟာ တစ်ဖက်ကကြည့်ရင် ကိုယ်ဝန် မရနိုင် အောင်တားပေးတာ မှန်ပေမယ့် တစ်ဖက်ကကြည့်ရင်တော့ ကြောက်မက်ဖွယ် အန္တရာယ်ဆိုးကြီးပါပဲ ။ လူငယ်တွေက ငါတို့ အတူတူနေလိုက်ကြမယ်ကွာ ဘာဖြစ်လဲ အရေးပေါ်သန္ဓေတားဆေးရှိနေတာပဲ ဆိုပြီး Sex ကိစ္စကို လွယ်လွယ်လေး စဉ်စားလာကြတာကိုလည်း တွေ့ရပါတယ် ။ တခြားနိုင်ငံတွေအတွက် မထူးပေမယ့် ယဉ် ကျေးမှု ဂါရ၀တရား ထွန်းကားတဲ့ ရွှေမြန်မာအတွက်တော့ ၁၆ နှစ် ၁၇ နှစ်အရွယ်လေးတွေ ဆေးဆိုင်တွေမှာ အရေးပေါ်သန္ဓေတားဆေးလာဝယ်ကြတာတွေ့တိုင်း ဒါဟာ တို့ နိုင်ငံအတွက် မအပ်စပ်လှဘူးလို့ပဲ ထင်မိပါတယ် ။ သူတို့လေးတွေ ဒီကိစ္စအတွက် ကျွန်တော့်ကို လာတိုင်ပင်တဲ့အခါတိုင်း ကျွန်တော့်ရင်ထဲမှာ တစ်စုံတစ်ခု ပျောက် ရှသွားသလို ၊ နှမျောတသမိသလို ခံစားရလေ့ရှိပါတယ် ။

ငါ့ညီငယ်ညီမငယ်တွေ မှားယွင်းပြီးတာတောင် နောင်တရဟန်မရှိပဲ အရေးပေါ်သန္ဓေတားဆေးအကြောင်း ပွင့် ပွင့် လင်း လင်းမေးရဲတဲ့သတ္တိကို ချီးကျူးပဲချီးကျူးရမလား ၊ အံ့ပဲအံ့သြရမလား မတွေးတတ်တော့ပါဘူး ။ တ ခါတ ခါလည်း အော်..ငါတို့နိုင်ငံမှာ Sex ဟာ ဒီလောက်တောင်လွယ်ကူပွင့်လင်းနေကြပြီလားလို့လည်း တွေးမိပါတယ် ။ ဒါတွေဟာလည်း အပြောင်းအလဲတွေထဲက ကြိုဆိုသင့်ပါသလား ၊ ပယ်ချသင့်ပါသလား ။

၃ ။ လက်မထပ်ပဲအတူနေခြင်း Living Together ကို ကြိုဆိုသင့်ပါသလား ?


Hip Hop ဂီတတိုးတက်လာခြင်း ၊ လူငယ်လေးတွေ အထူသဖြင့် ယောင်္ကျားလေးတွေ လက်သည်းတွေမှာ အမည်း ရောင်ဆိုးခြင်း (Punk သင်္ကေတ ) ၊ နားကပ်ဝတ်ဆင်ခြင်း စတာတွေကတော့ ရိုးအီနေပြီး ရွှေမြန်မာ တွေအတွက် အသားကျနေပြီဖြစ်တဲ့အတွက် ထူးပြီး ပြောမနေတော့ပါဘူး ။ ပြောလိုတာကတော့ နိုက်ကလပ် တွေပါပဲ ။ မတော်တဆ ခဏတာ အသဲကွဲခြင်း ၊ စိတ်ညစ်ခြင်း တို့ကြောင့် ကျောင်းသားလူငယ်တွေ နိုက်က လပ် တတ် ရန်ဖြစ်ကြတဲ့ သတင်းတွေလည်း ကြားရပေါင်းများနေပါပြီ ။ အဓိကပြောချင်တာကတော့ နိုက်က လပ်က အပြန် ဟော်တယ်တွေမှာ Living Together နေမိတဲ့အဖြစ်တွေပါပဲ ။

၂ ဖက်လုံးသဘောတူပြီး အရာရာ ok နေရင် နိဗ္ဗာန်ဘုံပဲပေါ့ ။ တစ်ယောက်ယောက်က ဖောက်ပြီဆိုရင်တော့ “ နင်ယောင်္ကျားမပီသဘူး ” “ နင်ငါ့ကို တာဝန်မယူဘူး ”“ နင်စားပြီး နားမလည်ဘူးလား ” “ ယောင်္ကျားမပီသဘူး ” “ နှမချင်းမစားနာဘူး နင့်နှမဆိုရင် နင်အဲဒီလိုနေမလား ” ဆိုပြီး မိန်းကလေးတွေဖက်စွပ်စွဲသလို ယောင်္ကျား လေး တွေ ဖက်ကလည်း “ အို..နင်သဘောတူလို့ ဖြစ်တာပဲ ” “ နင့်ကို လက်ထပ်ပါ့မယ် ဘယ်တုန်းက အာမခံဘူးလို့လည်း ” “ ဒီတစ်ညလေးအိပ်ယုံနဲ့ နင့်ကို ငါက ယူရမလား ” “ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည် တာ ပါကွာ ” စသဖြင့် ဆင်ခြေတွေပေးတတ်ကြပါတယ် ။ တကယ်တမ်း နစ်နာတာ ဘယ်သူတွေပါလဲ ။ မိန်း ကလေး တစ်ဦးတည်းသာလျှင်ဖြစ်ပါတယ် ။

အပျိုစင်ဘ၀ ( Virgin ) ကိုလည်းဆုံးရှုံးရသေး ၊ တာဝန်လည်းမယူ အခန့်မသင့်ရင် ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရ မယ့် ကိစ္စ ။ ဒူးနဲ့ မျက်ရည်သာ သုတ်ပေရော့ ။ ဒါကြောင့်ကို ယောင်္ကျားတို့ သတိထားဆင်ခြင်ပြီး ငါ့နှမသာဆိုရင် ဆိုတဲ့ အတွေးလေးတွေ ထားကြမယ်ဆိုရင် ပွင့်သောပန်းတိုင်းမွှေးနေမှာ အမှန်ပါပဲ ။ ဒီကိစ္စဟာ ဆွေးနွေး ရမယ်ဆိုရင် နက်နဲကျယ်ပြန့်လွန်းပါတယ် ။ လူမှာ အဓိကခွဲရင် Love နဲ့ sex ကို အတူတူပဲ Sex မပါပဲLove မဖြစ်နိုင်ဘူးလို့ လက်ခံကျင့်သုံးတဲ့လူမျိုးနဲ့ love နဲ့ sex တခြားစီ ၊ အချစ်ဆိုတာ အေးမြဖြူစင် နူးညံ့တဲ့ ရင်ခုန်သံဖြစ်ပြီး Sex ကတော့ သွေးသားအလိုဆန္ဒ ရမ္မက်လို့ ခံယူထားသူဆိုပြီး ၂ မျိုးရှိပါတယ် ။ ဒုတိယအမျိုးအတွက် ဘာမှ ပြဿနာ မရှိလှပါဘူး ။

Love နဲ့ Sex အတူတူပဲလို့ လက်ခံထားတဲ့သူတွေအတွက် အထူးသဖြင့် ယောင်္ကျားလေးတွေက “ နင့်ရဲ့ ခန္ဓာကိုယ်ကို ငါ့ကို မပေးနိုင်ဘူးဆိုရင် နင်ငါ့ကို တကယ်မချစ်လို့ပဲ ” “ နင့်ကို တကယ်ချစ်တာပါဟာ နင်နဲ့ အတူနေချင်လို့ပါ င့ါကို မလိုက်လျောပေးနိုင်ဘူးလားဟင် ” စသဖြင့် ကိုယ့်ရဲ့သွေးသားဆန္ဒတပ်မက်မှုကို အချစ် လို့ ခေါင်းစဉ်တပ်ပြီး ချစ်သူမိန်းကလေးရဲ့ကာမကို ရယူဖို့ ကြိုးစားလေ့ရှိပါတယ် ။ ဒါကြောင့် မှာချင်တာ က မိန်းကလေးတွေအနေနဲ့ ယောင်္ကျားလေးတွေရဲ့ စိတ် အနေအထားကို သိဖို့ လိုအပ်ပါတယ် ။ ယောင်္ကျားလေး အများစု ( အားလုံးကို မဆိုလိုပါ) တစ်ခုခုကို လိုချင်ပြီဆိုရင် အသည်းအသန်ကြိုးစားပြီး တကယ်တမ်းလက်ထဲ ရောက်လာပြီဆိုရင်တော့ ရိုးအီသွားတတ်ကြပါတယ် ။ မိန်းကလေးရဲ့ အပျိုစင်ကိုရယူပြီးတကယ်လည်းရရော လက်မှမထပ်ရသေးတာပဲ ဆိုပြီး တခြားတစ်ယောက်ကို ပြောင်းဖို့ ၀န်မလေးတတ်ကြပါဘူး ။ ဖတ်ဖူးတဲ့ ရှေးစာအုပ် တွေအရ ကျားဆိုတဲ့ သဘာဝဟာ ဘယ်တော့မှ မိန်းမတစ်ဦးနဲ့ တင်းတိမ်လေ့မရှိဘူးတဲ့ ။ ကြောက် စရာကြီးပါ ။

မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူရည်းစားကို လိုရာ ပုံသွင်းနိုင်တာဟာလည်း အရည်အချင်းတစ်ခုပါပဲ ။ ဒါ ကြောင့် ကာမပေးပြီးမှ အပိုင်ချည်မယ်ဆိုတဲ့ အပိုင်စွဲအောင်လုပ်မယ်ဆိုတဲ့ ငါသူ့ကို တကယ်ချစ်တယ်ဆိုတာ သူယုံသွား မယ် စတဲ့ အတွေးတွေကို ဖယ်ထုတ်စေချင်ပါတယ် ။ နစ်နာရင် ၂ ဖက်စလုံး နစ်နာပြီး မိန်းကလေးက ပိုနစ်နာပါတယ် ။ ဒါကြောင့် ယောင်္ကျားတိုင်းလည်းမကောင်းသလို မိန်းမတိုင်းလည်း မကောင်းပါဘူး ။ အခြေအ နေ ၃ ခုကို တင်ပြရမယ်ဆိုရင်

၁ ။ ယောင်္ကျားပျက်နဲ့ မိန်းမပျက် တွေ့ဆုံခြင်း

ဒါကတော့ ပြဿနာ သိပ်မရှိလှပါဘူး ။ နှစ်ယောက်လုံးက sex ကို အလေးမထားတဲ့အတွက် living together နေ ကြတယ် ။ သဘောထားခြင်းမတိုက်ဆိုင်ရင်လည်း အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်ပြီး အသစ်ရှာယုံပါပဲ ။

၂ ။ ယောင်္ကျားကောင်းနဲ့ မိန်းမပျက် တွေ့ ဆုံခြင်း

ပညာရေးတွေ မျှော်လင့်ချက်တွေ ရွှေရောင်အနာဂါတ်တွေနဲ့ ယောင်္ကျားကောင်းတစ်ယောက် ဟာ မိန်းမလည် မိန်းမပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့မလွယ်လှပါဘူး ။ မိန်းမပျက်ရဲ့ မာယာ ကျော့ကွင်း တွေအောက် သက်ဆင်းပြီး ဘ၀ ပျက်သွားနိုင်ပါတယ် ။ တစ်ညတာ အိပ်စက်ပြီး တစ်ဘ၀တာ တာဝန်ယူရမယ်ဆိုပြီး အပိုင် ချည် တတ်ကြပါတယ် ။ ဒါမျိုးဆို ရင် ယောင်္ကျားကောင်းတော့ နစ်နာပြီး ဘ၀ ဟာ အဖတ်ဆယ် မရ တော့ ဘူးလို့ သာ မှတ်ပေတော့ ။

၃ ။ ယောင်္ကျားပျက်နဲ မိန်းမကောင်းတွေ့ဆုံခြင်း

ရိုးသားတဲ့ မိန်းကလေးတွေ ယောင်္ကျားပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့ ဆုံးရှုံးရမှာတွေကတော့ အများ ကြီးပါပဲ ။ ကိုယ့်ရဲ့ အပျိုစင်ဘ၀သာမက တခြား စိတ်ဓါတ်ရေးရာတွေနဲ့ မလိုလားအပ်တဲ့ ကိုယ် ၀န်ပြ ဿနာ တွေကိုပါ ရင်ဆိုင်ရနိုင်ပါတယ် ။

ဘယ်သူမပြုမိမိ မှု ဆိုသလိုပါပဲ ။ ကိုယ် အားနာလိုက်မိလို့ ၊ လိုက်လျောလိုက်မိလို့ ၊ အယုံလွယ်လိုက်မိလို့ ၊ မချစ်ဘူး လို့ ထင်မှာစိုးလို့ စတာတွေကြောင့် ဘ၀ပျက်ခဲ့ကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ မတော်တဆ ကိုယ်ဝန် တွေဘာတွေ ရလာရင်လည်း ဖျက်ကြဖို့အထိ ကြံစည်တတ်ကြပါတယ် ။ ဒါကြောင့် မမှားခင်က ရှောင်နိုင် ရင်တော့ အကောင်းဆုံးပါပဲ ။ ကဲ..ဒါဆို မှားပြီးပြီ ဘာဆက်လုပ်ကြမလည်း ဆိုတဲ့ ပြဿနာကိုလည်း ခေါင်းအေး အေး ထားပြီးစဉ်းစားဖို့လိုပါတယ် ။ ကိုယ်သည် မရှောင်နိုင်လို့ လိုက်လျောတော့မယ်ဆိုရင် ချစ်သူရည်းစားကို condom သုံးခိုင်းတာ အကောင်းဆုံးပါပဲ ။

သူမသုံးနိုင်ဘူးဆိုရင်လည်း ကိုယ်ဝန်မရအောင် သန္ဓေတား ကာကွယ်နည်း တစ်ခုခုကို ကိုယ်က သုံးထားပါတယ် ။ တစ်ကြိမ် တစ်ခါ အတွက်တော့ အရေးပေါ်သန္ဓေတားဆေးတွေက ကောင်းကောင်းကြီးဖြေရှင်းပေးနိုင်ပါတယ် ။ Composition က Levonorgestrel 0.75 mg ပါဝင်ပြီး သူ့ ရဲ့စွမ်းအင်လေးတွေကို ဗဟု သုတအနေနဲ့ပြောရရင် ဒီဆေးက လိင်ဆက်ဆံပြီးချင်း ၇၂ နာရီ အတွင်းသောက်ရတာဖြစ်ပါတယ် ။ မိန်းကမလေးတွေမှာ မျိုးဥကြွေခြင်းကို တားဆီးပေး ခြင်း (Ovulation)၊ အကယ်၍ ဖို သုတ်ကောင် sperm နဲ့ ထိတွေ့မိပါက Fertilization မျိုးအောင်ခြင်းကို တားဆီးပေးခြင်း ၊ အကယ်၍ မျိုးအောင်သွားပါကလည်း သန္ဓေတွယ်ခြင်း Implantation ကိုတားဆီးပေးခြင်း စတဲ့ Action တွေရှိပါတယ် ။ ယောင်္ကျားလေးတွေမှာတော့ Sperm count သုတ်ကောင်အရေအတွက်ကိုနည်းစေခြင်း နဲ့ သေစေခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ် ။ ပထမ ဆေးသောက်ပြီး နောက် ၁၂ နာရီကြာတဲ့အခါ နောက်ဆေးကို သောက်ဖို့လိုပါတယ် ။ ပြန်အန်ခဲ့ရင်တော့ ပြန်သောက် ပေါ့ ။ ဒါက အရေးပေါ်တစ်ကြိမ်တစ်ခါအတွက်ပါ ။ ကွန်ဒုံးမသုံးနိုင်တဲ့သူတွေအတွက်ပါ။ အကြိမ်ကြိမ် အခါခါ မှားလိုသူတွေကတော့ သုံးလခံဆေး Depo injection ထိုးထားရင်ထိုး မဟုတ်ရင်တော့ OC Pills လို့ခေါ် တဲ့ မြှားထိုးတဲ့ကဒ်လေးတွေသောက်ဖို့လိုပါတယ် ။

ကွန်ဒုံးကတော့ အကောင်းဆုံးလို့ ထင်မိပါတယ် ။ ဘာကြောင့်လည်းဆိုရင် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တဲ့အပြင် တခြား လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ (Sexually Transmitted Diseases) တွေကိုလည်း တားဆီးပေးနိုင်ပါတယ် ။ ကဲ ထားပါတော့ ကိုယ်ဝန်ရတဲ့အဆင့်ကို ရသွားပြီဆိုပါတော့ ။ ဒါဆိုရင် တော့ အရေးကြီးလာပါပြီ ။ ကိုယ်နဲ့ ဖြစ်ခဲ့တဲ့လူက သစ္စာရှိတယ်ဆိုတော်ပါသေးရဲ့ ။ တာဝန် ယူနိုင်သေးတယ် ။ အဲ့ ပေါ့ပေါ့ပျက်ပျက်ကောင် မလေးမထားတဲ့ကောင်ဆိုရင်တော့ မိန်းကလေးဘ၀ ပျက်ပြီ ဖြစ်ပါတယ် ။ တချို့က ဒါကို ပြုမှုခဲ့တဲ့ ယောင်္ကျားလေးကိုတော့ အပစ်မတင်ပဲ ကိုယ်ဝန်ကို ဖျက်ချဖို့ မိုက်မိုက်မဲမဲ ကြံစည်တတ်ကြပါသေးတယ် ။နည်းမျိုးစုံနဲ့ပေါ့ ။ ဒါဆို ကိုယ်ဝန်ရလာရင် ဘာလုပ်ရမလည်း ဆိုရင်တော့ ကောင်းကောင်းမွန်မွန်မွေးလိုက်ပါ ။ အမှန်တော့ ကြားဖူးတာ တစ်ခုရှိပါတယ် ။

“ ပြင်ဆင်ထားခြင်း မရှိပဲ ဧည့်သည်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင်တာဝန်မကျေဘူး ” တဲ့ ။ အခု လိုရုတ် တရက် ပြင်ဆင်ချိန်မရှိပဲ ဧည့်သည်ကို လက်ခံလိုက်ရတာဟာ အိမ်ပေါက်ဝကနေဆီးပြီး ရင်ဝကို လှံနဲ့ ထိုးတာ ထက်စာရင်တော့အ များကြီးတော်ပါသေးတယ် ။

၂၁ ရာစုရဲ့ အပြောင်းအလဲတွေထဲမှာ လက်ခံသင့်တာတွေရှိသလို လက်မခံသင့်တာတွေလည်း တပုံကြီး ရှိနေပါသေးတယ် ။ အထူးသဖြင့် ဒီနေ့လို ခေတ်ကြီး အရာရာကို အလွယ်တကူရနေတဲ့ခေတ်ကြီးမှာ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာဟာလည်း မရှိသင့်တော့တဲ့အရာတစ်ခုဖြစ်ပါတယ် ။ ကဲ ညီငယ်ညီ မငယ် လေးတွေရေ... ဘာတွေလုပ်ကြမှာလဲဘာတွေကာကွယ်ကြမှာလဲဘာတွေပြင်ဆင်ကြမှာပါလဲ။ တတ်သိနား လည် တဲ့ လူတွေနဲ့ တိုင်ပင်ကြပါ ။ မိန်းကလေးတွေဘ၀ဟာ ပန်းကလေးတွေလိုပါပဲ ။ အချိန်မတိုင်ခင် နွမ်းသွား ပြီဆိုရင် တော့ စွန့်ပစ်ခံရဖို့ နီးစပ် လာပြီဖြစ်ပါတယ် ။ ပန်းကလေးတွေ မနွမ်းစေဖို့ ပန်းကိုင်ဥယျာဉ်မှူး တွေက လည်း ပန်းကလေးတွေကို မြတ်နိုးတတ်ဖို့လိုပါတယ် ။ ချစ်ခင်ကြပါ ။ ယုယကြပါ ။ နှမချင်းစာနာပြီး တန်ဖိုး ထားပေးကြပါ ။

ပွင့်သောပန်းတိုင်း မွှေးနိုင်ကြပါစေခင်ဗျာ ။

သက်တန့်ချို
26 September 2010

(ကျေးဇူးတင်ပါတယ် ...ဖတ်သွားပါတယ် စတဲ့ ယေဘူယျဆန်တဲ့ ဆွေးနွေးမှုတွေထက် သင်ရဲ့ခံယူချက်ကရော ဘာ လည်းသိချင်ပါတယ် ။ သင်သာဆိုရင်ရော ဘယ်အယူအဆတွေ ပြောင်းလဲမှုတွေကို လက်ခံပြီး ဘယ်ဟာ တွေကိုတော့ လက်မခံဘူးစတာတွေကို အကျယ်တ၀င့်ဆွေးနွေးစေလိုပါတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

19 comments:

  1. ၂ ဖက်လုံးသဘောတူပြီး အရာရာ ok နေရင် နိဗ္ဗာန်ဘုံပဲပေါ့ ။ တစ်ယောက်ယောက်က ဖောက်ပြီဆိုရင်တော့ “ နင်ယောင်္ကျားမပီသဘူး ” “ နင်ငါ့ကို တာဝန်မယူဘူး ”“ နင်စားပြီး နားမလည်ဘူးလား ” “ ယောင်္ကျားမပီသဘူး ” “ နှမချင်းမစားနာဘူး နင့်နှမဆိုရင် နင်အဲဒီလိုနေမလား ” ဆိုပြီး မိန်းကလေးတွေဖက်စွပ်စွဲသလို ယောင်္ကျား လေး တွေ ဖက်ကလည်း “ အို..နင်သဘောတူလို့ ဖြစ်တာပဲ ” “ နင့်ကို လက်ထပ်ပါ့မယ် ဘယ်တုန်းက အာမခံဘူးလို့လည်း ” “ ဒီတစ်ညလေးအိပ်ယုံနဲ့ နင့်ကို ငါက ယူရမလား ” “ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည် တာ ပါကွာ ” စသဖြင့် ဆင်ခြေတွေပေးတတ်ကြပါတယ် ။ တကယ်တမ်း နစ်နာတာ ဘယ်သူတွေပါလဲ ။ မိန်း ကလေး တစ်ဦးတည်းသာလျှင်ဖြစ်ပါတယ် ။

    ReplyDelete
  2. သဘောတူပါတယ် ရေးထားတာကအတည်ပေမဲ့ ကိုယ့်အတွေးနဲ့ ကိယ်တခွိခွိရယ်သွားပါတယ် နယ်ကား
    တွေကိုကြည့်ပါက ရိုက်မယ်...ထိုးမယ်...ဖဲ့ မယ်ဆို
    တာကြီးပါပဲ မြန်မာကားတွေကိုယ်တိုင်ကိုက အတုယူမှား
    စရာတွေပါဗျာ... သူများနိုင်ငံကကားတွေကတော့မ
    ပြောတော့ပါဘူး... အင်းဘယ်လိုပြောရမလည်းဆိုတော့
    အဟီးး) အင်းတစ်ချို့အပိုဒ်တွေတော်တော်သဘောကျပါ
    တယ်...အပြင်းပွားစရာမရှိပါး)

    ReplyDelete
  3. ၂ ။ ယောင်္ကျားကောင်းနဲ့ မိန်းမပျက် တွေ့ ဆုံခြင်း

    ပညာရေးတွေ မျှော်လင့်ချက်တွေ ရွှေရောင်အနာဂါတ်တွေနဲ့ ယောင်္ကျားကောင်းတစ်ယောက် ဟာ မိန်းမလည် မိန်းမပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့မလွယ်လှပါဘူး ။ မိန်းမပျက်ရဲ့ မာယာ ကျော့ကွင်း တွေအောက် သက်ဆင်းပြီး ဘ၀ ပျက်သွားနိုင်ပါတယ် ။ တစ်ညတာ အိပ်စက်ပြီး တစ်ဘ၀တာ တာဝန်ယူရမယ်ဆိုပြီး အပိုင် ချည် တတ်ကြပါတယ် ။ ဒါမျိုးဆို ရင် ယောင်္ကျားကောင်းတော့ နစ်နာပြီး ဘ၀ ဟာ အဖတ်ဆယ် မရ တော့ ဘူးလို့ သာ မှတ်ပေတော့ ။

    ReplyDelete
  4. ဒီပိုစ့်မှာစာရေးသူရဲ့ စေတနာတွေကိုတွေ့ရပါတယ်း)
    အပေါ်ကအပိုဒ် ယောကျာ်းကောင်းနဲ့ မိန်းမပျက်ကို
    တော်တော်ကြိုက်ပါတယ်... ဟုတ်တယ်ဗျာ...တော်ရုံ
    တန်ရုံဆိုရင်မှတ်ချက်ပေးခဲပါတယ်... သဘောကျလို့
    မှတ်ချက်တွေများသွားတာပါဗျား)

    ReplyDelete
  5. ယောင်္ကျားလေး အများစု ( အားလုံးကို မဆိုလိုပါ) တစ်ခုခုကို လိုချင်ပြီဆိုရင် အသည်းအသန်ကြိုးစားပြီး တကယ်တမ်းလက်ထဲ ရောက်လာပြီဆိုရင်တော့ ရိုးအီသွားတတ်ကြပါတယ် ။ မိန်းကလေးရဲ့ အပျိုစင်ကိုရယူပြီးတကယ်လည်းရရော လက်မှမထပ်ရသေးတာပဲ ဆိုပြီး တခြားတစ်ယောက်ကို ပြောင်းဖို့ ၀န်မလေးတတ်ကြပါဘူး ။ ဖတ်ဖူးတဲ့ ရှေးစာအုပ် တွေအရ ကျားဆိုတဲ့ သဘာဝဟာ ဘယ်တော့မှ မိန်းမတစ်ဦးနဲ့ တင်းတိမ်လေ့မရှိဘူးတဲ့ ။ ကြောက် စရာကြီးပါ ။

    အဲဒီလို ကောင်လေးတွေပဲ ပတ်ဝန်းကျင်မှာ အတွေ့များနေတယ်။ ကိုသက်တန့် စေတနာတွေက တော့ စာထဲမှာ အဖွေးသားမြင်နေရတယ်။ ထို့အတူ နန့်နန့်တက် မိကဲတွေကလဲ အများကြီးဗျ အခုလို စေ့စေ့စပ်စပ်ပြောပေးတာ ကျေးဇူးတင်တယ်ဆိုတဲ့ စကားနဲ့ မလုံလောက်ဘူးကို သက်တန့်ရေ။ မြန်မာပြည်က စုံတွဲတွေ ဖတ်မိ လိုက်နာမိရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ ယဉ်ကျေးမှုတွေ ဘယ်လိုပဲ ၀င်ရောက်လာလာ ငါဘာလဲ သိနေသင့်တယ်။ ဒါလိုမဟုတ်ရင် အမျိုးပျောက် သွားမှာပါ သတိထားသင့်တယ်။ ခေတ်မှီတာရယ် ခေတ်လွန် တာရယ်။ တိုးတက်တာနဲ့ ဆုတ်ယုတ်တာကို ခွဲခြားသိသင့်နေပါပြီ။ ကိုသက်တန့် ဒီပို့စ်လေးကို သေချာပြန်ဖတ်ပြီး အတွေးနယ်ချဲ့လိုက်ဦးမယ်ဂျာ။

    ReplyDelete
  6. အင်္ဂလိပ်စာတန်းထိုးတာကြည့်ချင်ရင် အခွေဝယ်ကြည့်လို့ရပါတယ်၊ ဘယ့်နှယ် မြဝတီနဲ့ မြန်မာ့အသံကို နေရင်ထိုင်ရင်း.......

    ReplyDelete
  7. ကောင်းသော အပြောင်းအလဲ ကို ကြိုဆိုမိပါတယ် ..
    ငြိမ်းစိုးဦး

    ReplyDelete
  8. မိန်းမပျက်တော့မသိပါ။ အခုခေတ်က မိန်းမသွက်တွေကတော့အရမ်းများလာတာ အမှန်ပဲ။ အခုခေတ် ဆယ်ကျော်သက်မိန်းခလေးတွေ အရမ်းလက်သွက်တာကိုတော့ မြင်နေရပါတယ်။

    ReplyDelete
  9. မိန်းကလေးအပျိုမစစ်ရင် တန်ဘိုးမရှိသလောက်ထင်တဲ့ အာရှ အထူးသဖြင့် ဗမာတွေ အယူအဆကို ဒီကလူတွေ နားမလည်ကြပါ ..သူတို့ကလဲပြောပါတယ် နင်လဲလူပျိုမစစ်ရင် နင်လဲတန်ဖိုးမရှိဘူးပေါ့တဲ့ ..ဟုတ်တော့လဲ ဟုတ်သား..သဘာဝက ဖန်တီးပေးတဲ့ လိင်ကွဲပြားမှုအပေါ်မှာ ကိုယ့်ကြသာစေ သူ့ကြနာစေဆိုတဲ့ အာရှသားတွေအတွေးအခေါ်ကိုသဘောမကျတာအမှန်ပါ.. အဓိကကတော့ အိမ်ထောင်သည်ဘဝမှာနားလည်မှုရှိဖို့..အိမ်ထောင်မကျခင် လိင်ဆက်ဆံကြတဲ့အခါ အန္တရာယ်ကင်းအောင် ကွန်ဒွန် သုံးကြဖို့၊လင်ဆိုးမယားတဖါးဖါးဆိုပြီးတသက်လုံးကြိတ်မှိတ်စိတ်ညစ်ခံမနေပဲ ဘဝကို ရဲ၇ဲရင့် ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်..ခက်တာက ဗမာလူမှုအသိုင်းအဝိုင်းက နိုင်ငံတကာနဲ့ မဆက်ဆံဖူးပဲ တခါးပိတ်နေတော့ ဒီခေါက်ရိုးကျိုးနေတဲ့ လူမှုဆက်ဆံရေးကို ဘယ်လိုမှလွန်ဆန်နိုင်မယ်မထင်

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ရပါတယ်ခင်ဗျာ ကြိုက်တဲ့နေရာမှာ share လုပ်နိုင်ပါတယ် ။

    ReplyDelete
  12. ၄၊။ ကောက်ကျစ်သော ယောကျာင်္းနဲ့  မအူမလည်မိန်းမ

    Digital ခေတ်တွင် Hand ph (သို့ ) i pod များဖြင့် အတူနေပုံကို မှတ်တမ်းတင်ကာ Internet သို့ တင်ခြင်း သို့  ဟိုကို ပို့ မယ် ဒီကိုပြမယ် ခြိမ်းခြောက်ကာ ခိုင်းစေခြင်းများ ခေတ်စားနေပါသဖြင့် မအူမလည်များ ပိုဒုက်ခ ရောက်ရပါသည် ။
    Internet cafe များတွင် အလကားတင်သွားခြင်းများလဲ ရှိနေပါသည် ။

    ReplyDelete
  13. ကိုသက်တန့်ရေ တကယ်တမ်းက ဇာတ်ကားကြည့်သူ တွေအင်္ဂလိပ်စာတန်းထိုးမကြည့်တာက သူတို့အပြစ်ပါ။ မြ၀တီနဲ့ မြန်မာ့အသံဟာ လူတိုင်းအဆင်ပြေပါစေ ဆိုတဲ့စေတနာနဲ့ ပြန်ဆိုပေးတာပါ။ အဲလိုပြန်ဆိုပေးရာ မှာ လူကြီးလူငယ်တောသူတောင်သားအဆင်ပြေအောင် ဆိုတဲ့ ရည်ရွယ်ချက်ကပိုပါတယ်။ အဲဒါကို တစ်ဖက်သတ် ဘာသာပြန်ပေးသူတွေကိုပဲ ပြောသလိုကြီးဖြစ်နေသလားလို့။ ဒီလိုပြောလို့လည်း စိတ်မဆိုးစေချင်ပါဘူး။ နောက်ပြီး အခုလက်ရှိ တော်တော်များ အကျင့်ဖောက်ပြားကြတဲ့ မှောက်မှားမိကြတဲံ ယောကျားမိန်းမတွေထဲမှာ တော်တော်များများအမြင်မတော်တာတွေတွေ့ ပါတယ်။ ဒါပေမယ့် သူတို့ဆိုတာမျိုးက ပြောရလည်း အခက်သားကလား။ ပြောလို့အကောင်းမမြင်။ ကိုယ့်ဟာကိုယ်ဖြစ်တာဘာဖြစ်လဲဆိုတာ ယောကျားသာမက မိန်းမတွေကောပါ။ အဲဒီတော့ ကိုးတို့လည်း ဘေးကပဲထိုင်ကြည့်နေလိုက်ရတော့ တာပါ့ဗျာ....
    ခင်မင်လျှက်
    ကိုကိုးအိမ်(မန္တလေး)

    ReplyDelete
  14. လက်မထပ်ဘဲ တူတူနေတာကို တအားကြီးကောင်းတယ်လို့ မပြောချင်ပါဘူး။ ဒါပေမဲ့ ဘယ်အရာမဆို နှစ်ဖက်မြင်တတ်ဖို့လိုပါတယ်။ ဒီနှစ်ပုဒ်ကို ဖတ်ကြည့်စေချင်ပါတယ်။

    http://www.blackdream21.com/2009/11/22/%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/#more-920

    http://www.blackdream21.com/2009/11/24/%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%82/#more-924

    ReplyDelete
  15. ဦးစစ်မင်း (TTCရွာသား)February 24, 2011 at 2:49 AM

    အားလုံး က နွေးဆွေး ကြတာ ပြည့်စုံနေတော့ ဘာပြောရမှန်းမသိဘူး... ကျွန်တော်ကတော့ ကိုသက်တန့် ချိုပြောသွားတဲ့ Love နဲ့ sex ကို ခွဲခြား ပါဆိုတဲ့ စကား စု ကိုနှစ်သက်တယ်..။ အကို ပြောသလို ပဲ ခုခေတ် က အဲ့လိုဖြစ်နေကြတာ.. ခက်တယ် ဗျာ ပြောမရဆိုမရလေးတွေ အတုမြင် အတတ်သင်တွေ..။ပြီးတော့ အတုယူမှားစေတဲ့ မြန်မာ ကားတွေ ... ဘာအနှစ်သာရ မှ မရှိ ဘာဖော်ကျူးမှု့ မှ မရှိတဲ့ ကား (များသောအားဖြင့်).. ရိုက်လိုက်သော ဇာတ်ကားတိုင်း ဟာလဲ ပြင်ဦးလွင် မှ မလွတ် .. ဇာတ်ညွှန်းတွေကလဲ အချစ် အိမ်ထောင်ရေး လင်မယားကွဲ နောက်ဆုံးသေ ဒါတွေနဲ့ ပတ်လည်ရိုက်နေတယ်..။ ပြောချင်တာကတော့ပြောင်းလဲလာတာတွေ ကို သေချာ ထိန်းမတ်ပြုပြင်ရင်း ကြိုဆိုသင့်တာတော့ ကြိုဆိုရမှာပေါ့... မပြောင်းလဲတဲ့ ဇာတ်ကားများကို လဲ ပြောင်းလဲ စေချင်ပါတယ်..


    မဆိုင်တာများပါသွားရင်ခွင့်လွှတ်ပါ ။

    ReplyDelete
  16. အချစ်ဆိုပြီး sex ကိုကျူးလွန်နေကြတဲ့သူတွေရဲ့
    မျက်နှာဖုံးကိုခွာချလိုက်သလိုပါပဲ။
    ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့မောင်စိတ်
    နှမစိတ်ထားပြီးကိုယ်ကျင့်တရားကိုထိမ်းသိမ်း
    လေ့ရှိတဲ့လူမျိုးတွေပါ။
    တဏှာရူးတွေမဟုတ်ဘူးလို့ယုံကြည်လာခဲ့
    တာပါ။
    တသက်လုံးလဲယုံကြည်သွားချင်ပါတယ်။

    ReplyDelete
  17. ငယ်သွေးFebruary 16, 2012 at 1:33 PM

    ဒီနေ့ ခေတ်ကာလ မှာ အဲလို Living together ကိုပဲ သာမန် ကိစ္စ တခု လို သဘောထားနေတာ တွေ တွေ့နေရတယ် ကိုသက်တန့်ရဲ့ စာကို သူတို့တွေကို ဖတ်စေချင်တယ် သိလား အသိတရား တခုခု ရသွားစေချင်တာပါ အခု လို လူသားတွေအတွက် အကျိုးပြုစာတွေ ရေးပေးစေချင်တယ် ကျေးဇူနော်

    ReplyDelete
  18. အရမ်းကောင်းပါတယ်....အရမ်းလည်းကြိုက်ပါတယ်....

    ReplyDelete
  19. ၂ ။ ဇတ်လမ်းတွေထဲက ယဉ်ကျေးမှုတွေကို လက်ခံသင့်ပါသလား ? esp: Premarital Sex or Living Together
    အဲဒီအကြောင်းနဲ့ပတ်သက်လို့ ကိုယ်တိုင်လဲ တခြားသူတွေနဲ့ ပြောဖြစ်ခဲ့ဖူးတယ်။ ခုခေတ်မှာ Value Change ဖြစ်လာခဲ့ပြီပဲဆိုတဲ့ အဖြေကို မကြာခဏရခဲ့ဘူးတယ်။ Value change ဖြစ်လာပေမယ့် ကိုယ့်မြန်မာမလေးတွေ အထူးသဖြင့် ဘာကိုမှ သေချာမဆုံးဖြတ်တတ်သေးတဲ့ ဆယ်ကျော်သက်အရွယ်တွေနဲ့ ၂၀ ကျော်စလေးတွေကိုတော့ ကိုယ့်ရဲ့ အပျိုစင်ဘ၀ကို တန်ဖိုးထားစေချင်တယ်။ Love & Sex က ရောထွေးမှုရှိတယ်ဆိုပြီး အများစုက ကန့်ကွက်သလိုနဲ့ လက်ခံကျင့်သုံးနေကြတဲ့အပေါ်မှာ ဒီနေ့ထိ ကန့်ကွက်ချင်နေတုန်းပဲ။ ကိုသက်တန့်ပြောတဲ့ ဒုတိယတစ်မျိုးထဲမှာပါလို့ထင်တယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ ရေစီးကြောင်းတွေ ဘယ်လောက်ပဲပြောင်းပြောင်း ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာတန်ဖိုးထားတတ်တဲ့ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ သူမျိုးတွေပဲ ဖြစ်စေချင်ခဲ့တယ်။ လက်တွေ့မှာတော့ ရှားပါးသွားခဲ့ပြီဆိုတာလည်း ပြန်ပြန်ကြားရချိန်မှာ စိတ်မကောင်းဘူး။ ၂၀၁၂ သင်္ကြန်မှာ ရောင်းအားအကောင်းဆုံးက EmOC pills လို့ နောက်ကြတဲ့အချိန်၊ သိလိုက်ရတဲ့အချိန်မှာ စတင်တီထွင်ခဲ့သူက အဲသလိုမှ စဉ်းစားမိခဲ့ရဲ့လား.. misuse တွေပဲ လူတွေက လုပ်ကြတော့တာလားလို့ တွေးမိပြီး ရင်မောဘူးတယ်။EmOC pills အကြောင်းတွေ သူများကို ပညာပေး ရှင်းပြမိတိုင်း ငါများ Sex Promotion လုပ်မိသလိုဖြစ်နေပြီလားဆိုတဲ့ အတွေးတချို့က ခြောက်လှန့်တယ်။ Love & Sex ကို ခွဲခြားခံယူမိသလို တော်တော်များများ အဲလို ခံယူနိုင်ပါစေလို့လဲ ဆုတောင်းမိတယ်။ မဟုတ်ရင် ရောထွေးမိတဲ့အတွက် အပြစ်ဒဏ်တစ်ခုလိုနဲ့ ခံစားနေရတဲ့ သူတွေ ပိုပိုများပြီး ဆိုးကျိုးတွေ ပိုများလာမှာကိုလဲ မဖြစ်စေချင်ပါဘူး။

    ReplyDelete