Friday, November 12, 2010

သူငယ်ချင်းပူးတေသို့ ကျေးဇူးတင်လွှာ

သူငယ်ချင်းပူးတေသို့ ကျေးဇူးတင်လွှာ





သူငယ်ချင်းပူးတေရေ

မြန်မာနိုင်ငံကနေ Credit card မရှိလို့ တို့တွေအားလုံး domain တွေ hosting တွေကို ဈေးကြီးပေး ပြီးဝယ်သုံး နေကြရတယ် ။ ပြီးတော့ ဒီနိုင်ငံက Credit card holder တွေ company တွေကလည်း ကဒ်သုံးပြီး ၀ယ်ပေးရ မယ်ဆိုရင် 20% ယူမယ်တဲ့ ။ ဒီတော့ ဈေးက အများကြီး တက်သွားတာပေါ့ ။ Grou.ps Hosting ၀ယ်တဲ့နေရာမှာ သူငယ်ချင်း ရဲ့ကူညီပေးမှုတွေကြောင့် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ရပါတယ် ။ အထူးပဲ လှိုက်လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ်သူငယ်ချင်း ။

တခါတခါတော့လည်း စဉ်းစားမိတယ် ပူးတေရ ။ တို့ ရွှေပြည်ကြီးမှာလည်း ဒီလို credit card တွေသုံးနိုင်ပြီး online ငွေချေမှု တွေ ပြုလုပ်နိုင်ရင် အတော်ကြီးကို ကောင်းမယ်လို့ ပေါ့ ။ အခုတော့ ဒီလိုပဲ နိုင်ငံခြားမှာ ရှိတဲ့သူငယ်ချင်း တွေကို အကူအညီတောင်းရင်တောင်း ဒါမှမဟုတ် ဒီက ကြားခံ company တွေမျာ ဈေးကြီးပေးပြီး ၀ယ်သုံး နေကြရဦးမှာပါပဲ ။ သူငယ်ချင်းရဲ့ အကူအညီရတာ အရမ်းပဲ ၀မ်းသာမိပါတယ် ။ သူငယ်ချင်းရဲ့ ရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်းတလျှောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာပန်းတိုင် ကို အရောက်လှမ်းနိုင်ပါစေဗျား)

သူငယ်ချင်း

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. သူငယ်ချင်း နှစ်ယောက်လုံး အဆင်ပြေ ပျော်ရွှင်ပါစေ။

    ReplyDelete
  2. သယ်ရင်းရေ
    ကျေးဇူးတင်စရာမလိုပါဘူး...ဒီလူနဲ့ ဒီလူ တမြေထဲနေ တရေထဲသောက်လာကြတဲ့ ကိုယ့်နိုင်ငံသား အချင်းချင်းတွေပဲ ကျေးဇူးတင်စရာမလိုပါဘူး... စိုင်းထီးဆိုင် သီချင်းထဲကလိုပေါ့

    (တမြေထဲသားချင်း တရေထဲသားချင်း တစိမ်းများမဟုတ်ကြပေ....) ဆိုတဲ့ စာသားလိုပေါ့

    ပူးတေကတောင် အားနာနေတာ... ပိုက်ဆံ ပြန်ယူလိုက်ရလို့လေ.... ပူးတေစင်္ကာပူထီကြီးပေါက်ရင် သယ်ရင်းတို့လိုချင်တဲ့ hosting တွေကို ၁၀ နှစ်စာလောက် တခါထဲဝယ်ပေးထားချင်တာ... ထီပေါက်အောင် ဆုတောင်းပေးနော် ဟိ ဟိ

    သယ်ရင်းတို့ ရွာလေးလဲ ဒီထက်မကတိုးတက်အောင်မြင်ပါစေ... သူငယ်ချင်းတို့ ဝါသနာပါတဲ့ စာရေးတဲ့ အလုပ်ရော ဆရာဝန်ဆေးကုသတဲ့ အလုပ်ရော ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

    ခင်တဲ့
    သူငယ်ချင်း ပူးတေ

    ReplyDelete
  3. ကိုသက်တန့်ကိုယ်စားကျွန်တော်လည်းကျေးဇူးတင်တယ်
    ကျွန်တော်တို့မှာ အဲလိုပါပဲ နိုင်ငံခြားက သူငယ်ချင်းတွေကိုပဲ အပူကပ်နေရပါတယ်ဗျာ


    မောင်ဘကြိုင်

    ReplyDelete
  4. အောင်မလေးဗျာ
    အကြွေးရရင် ဆင်ဝယ်စီးမဲ့ ရွှေတို့နဲ့ ကလက်ဒစ်ကဒ်နဲ့သာတွေ့လိုက်လို့တော့

    လာထား - - - ပါဂျဲရိုး

    ReplyDelete