ဒြပ်မဲ့ နိယာမ
တော်ပါပြီကွာ....
သိက္ခာတွေခြစားနေတဲ့
အကျင့်ပျက်လောကကြီးကိုက
အသက်ရှူရတာ ညှီစို့စို့နဲ့
တခါတခါတော့လည်း...အသက်ရှူမဝ
ငါ့ဘ၀ရဲ့ နေ၀င်ချိန်ထိ...
ရှင်းသန့်ဖြူစင်နေချင်ခဲ့တာ..
ဇတ်ဆရာဆိုတဲ့လူ...
သူ့ရဲ့ ကကြိုးကွက်မှာ ....
ငါလည်း...အလိုက်သင့်က...
ဒီလိုနဲ့ပဲ...
မိုးခါးရေတွေသောက်
မာနတွေလည်း တဖြည်းဖြည်းမှိုတက်လို့...
တော်ပါပြီကွာ
နေရတာကိုက
မလင်းမရှင်း မှောင်မှောင်မိုက်မိုက်
ကိုယ့်ကိုယ်ကိုယ်ချကျွေးလိုက်တာမှ
နားအေးပါးအေး
" ပလုံ " လို့မြည်ဦးမယ် ...
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment