Tuesday, January 31, 2012

“ က ” နေသော ဒေါင်းငှက် နှင့် ဂုဏ်ယူကြွားဝါမာန်တတ်မိခြင်း

“ က ” နေသော ဒေါင်းငှက် နှင့် ဂုဏ်ယူကြွားဝါမာန်တတ်မိခြင်း




ဟိုး ရှေရှေတုန်းကပေါ့ ။ ခြေလေးချောင်းသတ္တ၀ါတွေဟာ ခြင်္သေ့ကို သူတို့ရဲ့ ဘုရင်အဖြစ် တင်မြှောက်ခဲ့ကြတယ် ။ ပင်လယ်ပြင်ထဲမှာလည်း အလွန်ကြီးမားတဲ့ငါးကြီးတစ်ကောင်ရှိတယ် ။ အဲဒီငါးကြီးကို ရေသတ္တ၀ါတွေက သူ တို့ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြတယ် ။ ငှက်တွေကတော့ အဲဒီအချိန်တုန်းက အလှအပကို သိပ် မက်မောကြတယ် ။ ဒါနဲ့ သူတို့က ရွှေရောင် ငန်းကြီးတစ်ကောင်ကို သူတို့ ခေါင်းဆောင်အဖြစ် တင်မြှောက် လိုက်ကြတယ် ။

ဘုရင် ရွှေရောင်ငန်းကြီးမှာ အလွန်လှပတဲ့ ရွှေရောင် ငန်းမလေးတစ်ကောင်ရှိတယ် ။ သူမ ငယ်ရွယ်စဉ် တုန်း မှာတော့ ဘုရင်ငန်းကြီးဟာ သူ့သမီးတော်လေး အကြိုက်လိုချင်တာမှန်သမျှ ခွင့်ပြုခဲ့တယ် ။ သူမ အရွယ်ရောက် လာပြီး ခင်ပွန်း ယူနိုင်မယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ငန်းမလေးဟာ သူ့သဘောအတိုင်းယူဖို့ ဆန္ဒရှိခဲ့တယ် ။ သူ့သမီးလေး အသက်အရွယ်ရောက်လာတဲ့အခါ ဘုရင်ရွှေရောင်ငန်းကြီးဟာ အာရှအလယ် ပိုင်းမှာ ရှိတဲ့ Himalayan တောင်ဝန်းကျင်မှ ငှက်တွေကုန်လုံးကို စုစည်းခေါ်ယူစေခဲ့တယ် ။

ရည်ရွယ်ချက်ကတော့ သမီးငန်းမလေးနဲ့ သင့်တော်မယ့် ခင်ပွန်းကို ရှာဖွေဖို့ဖြစ်ပါတယ် ။ ငှက်တွေဟာ တိဗက် အစွန် လိုမျိုး ဟိုးအဝေးကြီးကနေတောင် လာကြရရှာတယ် ။ ငှက်တွေထဲမှာ ဘဲငန်းတွေပါတယ် သိန်း ငှက်တွေ ပါတယ် စွန်ရဲတွေ ဇီးကွက်တွေ ငှက်ပိတုန်းတွေ ဥသြငှက်တွေနဲ့ တခြားငှက်အမျိုးအစား စုံလင်စွာ လာရောက်ကြတယ် ။ ငှက်တွေစုဖို့ကို ကြီးမားမြင့်မားတဲ့ ကျောက်ချပ်အပြားကြီးပေါ်မှာ စီစဉ်ထားတယ် ။ စိမ်း လန်း စိုပြည်တဲ့ နိပေါနိုင်ငံရဲ့ လှပတဲ့နေရာတစ်ခုပေါ့ ။ ဘုရင်ရွှေရောင်ငန်းကြီးဟာ သူ့သမီးငန်းမလေးကို သူလို ချင်တဲ့ ခင်ပွန်းကို ရွေးချယ်ယူစေဖို့ ခွင့်ပြုပေးခဲ့တယ် ။

ရွှေရောင်ငန်းမလေးက ငှက်တွေအပေါ်ကို စီးပြီးကြည့်လိုက်တယ် ။ သူမမျက်ဝန်းတွေကို ဖမ်းစား စွဲဆောင် သွားနိုင်တာကတော့ တောက်ပပြီး မြစိမ်းရောင် လည်ပင်းအရှည်နဲ့ ဒေါင်းငှက်ကြီးတစ်ကောင်ပါပဲ ။ ဒေါင်း ငှက်ကြီး က သူ့ရဲ့ အလွန်လှပကောင်းမွန်တဲ့ အမြီးတွေကို ရိုးရိုးလေးချထားလျှက်ပေါ့ ။ ပြီးတော့ သူမက ဖခင် ကိုပြောတယ် “ ဒီငှက် ဒေါင်းငှက်ကို သမီးခင်ပွန်းအဖြစ်လက်ခံပါ့မယ် ” လို့ပေါ့ ။

ဒီစကားကို ကြားရတဲ့အခါ ဒေါင်းငှက်ဟာ ကံအကောင်းဆုံးငှက်ဖြစ်သွားပါပြီ ။ ဒီတော့ တခြားငှက်တွေက သူ့ဘေး ကို ၀ိုင်းအုံလာကြပြီး ဂုဏ်ပြုစကားလာပြောကြတယ် ။ သူတို့က “ ဒီလောက်လှပ တဲ့ငှက်တွေအ များကြီးထဲ မှာမှ ရွှေရောင် ငန်းမင်းသမီးလေးဟာ ခင်ဗျားကိုရွေးချယ်ခဲ့တယ် ခင်ဗျားရဲ့ ကောင်းမွန် တဲ့အနာဂါတ် အတွက် ကျွန်တော် တို့ ဂုဏ်ပြုပါတယ် ” လိုပြောဆိုခဲ့ကြတယ် ။

ဒေါင်းငှက်ဟာ ဂုဏ်ယူစွာနဲ့ လေတစ်ချက်ချွန်လိုက်ပြီး သူ့ရဲ့လှပတဲ့ အမွှေးအတောင်တွေကို ဖြန့်ကားလို့ စတင် ကပြခဲ့တယ် ။ သူ့ရဲ့ အံ့သြဖွယ်ရာ ခမ်းနားတဲ့ အမွှေးအတောင်တွေကို ဖြန့်ခင်းပြီး သူ့ရဲ့ လှပလွန်းတဲ့အမြီးကို ပြသဖို့ စက်ဝိုင်းပုံစံ လှည့်ပတ်ပြခဲ့တယ် ။ အလွန် ပဲ သွေးနားထင်ရောက်သွားတဲ့အတွက်ကြောင့် သူ့ဦးခေါင်း က ကောင်းကင် ကိုမော့ပြီး သူ့ရဲ့ နဂိုဟန် ရိုးရိုးကုပ်ကုပ် နေတတ်တဲ့ပုံစံဟာ ပျောက်ကွယ်သွားခဲ့တယ် ။ ပြီးတော့ သူ ဟာ သူ့ရဲ့ ဖုံးကွယ်အပ်တဲ့ အရာတွေကိုလည်း အားလုံးမြင်သာအောင်ပြသခဲ့ပါသတဲ့ ။

တခြားငှက်တွေ အထူးသဖြင့် ငှက်အငယ်လေးတွေက တခစ်ခစ်နဲ့ ရယ်ကုန်ကြတာပေါ့ ။ ဒါပေမယ့် ဘုရင်ရွှေရောင် ငန်းကြီးကတော့ လုံးဝ မရယ်ပါဘူး ။ ဒီလိုနည်းလမ်းနဲ့ သူ့သမီးရဲ့ ရွေးချယ်မှုကု သူ့ကို အိုးမဲသုတ် ရမလားဆိုပြီး ဘုရင်ကြီးက အရှက်ရတော်မူနေခဲ့တယ် ။ ဘုရင်တစ်ယောက်နဲ့မသင့်တော်တဲ့ အပြုအမူမျိုးတွေ မပေါ်ပေါက်စေဖို့အတွက် သူဟာ ဒေါသတွေကို အပြင်ကိုမထွက်စေခဲ့ဘူး ။ ဘာကြောင့် သူ့သမီးလေးက ဒီလို ဥာဏ်နည်း တဲ့ ရွေးချယ်မှုမျိုးနဲ့ သူ့ကို အရှက်ရစေခဲ့သလဲ ??

ငှက်အားလုံးရဲ့ အလယ်မှာ ဘုရင်ကြီးဟာ မတ်တပ်ရပ်ပြီးပြောခဲ့တယ် ။ “ ဆရာ ဒေါင်းငှက်ကြီးခင်ဗျာ ခင်ဗျားရဲ့ အသံ ဟာ အလွန်ကို ချိုသာလှပါတယ် ခင်ဗျားရဲ့ အမွှေးအတောင်တွေဟာ အလွန်ကို လှပလွန်းပါတယ် ခင်ဗျားရဲ့ လည်ပင်းဟာလည်း မြစိမ်းရောင်နဲ့အလွန်တောက်ပပါတယ် ခင်ဗျားရဲ့အမြီးဟာဆိုရင်လည်း ရှုမော ဖွယ် ရာ ခန့်ညားလွန်းလှပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ ဒီနေရာမှာ အကြောက်အလန့်မရှိတဲ့ အရှက်မရှိတဲ့ ငှက်တစ်ကောင် လို ခင်ဗျား “ က ” နေခဲ့တယ် ကျုပ်ဟာ ဒီလို ပညာမဲ့မယဉ်ကျေးတဲ့ အရူး နဲ့ ကျုပ်ရဲ့ ရိုးသား လှတဲ့ သမီးတော်လေးကို ပေးစားဖို့ ခွင့်မပြုနိုင်ပါဘူး ”

#################################################

မှန်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းပေါ်ကို ဂုဏ်ယူဝံ့ကြွားမှုတွေ ရောက်လာခဲ့ပြီဆိုရင် အဲဒီအရာတွေက သင့်ကို မာန်တတ် သွားစေအောင် ဒါမှမဟုတ် အသိဥာဏ်မဲ့သွားစေအောင် ပြုလုပ်နိုင်ပါတယ် ။ ကိုယ့်ကိုယ်ကို အ ထင်ကြီး လွန်းခြင်းနဲ့ဂုဏ်မောက်ခြင်းဟာလည်း လူတစ်ယောက်ကို အရူးဖြစ်အောင်အသိပညာမဲ့ အရှက် နည်းအောင် လုပ်နိုင်စွမ်းရှိပါတယ် ။ ကျွန်တော်တို့အားလုံး ဂုဏ်ယူစရာ ကိစ္စနဲ့ကြုံလာတဲ့အခါ ဒါမှမဟုတ် ၀ံ့ကြွားစ ရာ ကိစ္စ ရှိလာတဲ့အခါ မာန်မတက်မိဖို့ ရိုင်းစိုင်းတဲ့အပြုအမူတွေမလုပ်မိကြစေဖို့ လိုအပ်ပါတယ် ။

သက်တန့်ချို
31st Jan

Ref : http://www.inspireme.worldofwisdom.asia/2011/12/dancing-peacock.html

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. မှတ်သားသွားပါတယ်ခင်ဗျာ... ကျေးဇူးတင်ပါတယ်...

    ReplyDelete
  2. မှတ်သားသွားပါတယ် နော် ....ကျေးဇူးအများကြီးတင်ပါတယ်...

    ReplyDelete
  3. ဒေါင်းတွေကရင် -င်ပေါ်တယ်ဆိုတာ ကြားဖူးတယ်... ဟီးးးးးးးး။။ ဒါဆို ဒေါင်းကြိးတော့ ဘုရင့်သမက် မဖြစ်တော့ဘူးပေါ့။။။ ဆိုးပါ့။။

    ReplyDelete
  4. အသိတိုးစေတဲ့ အပြင် ဆင်ခြင်စရာ ပို့စ်လေးမို့ ကျေးဇူးပါအကို....

    ReplyDelete
  5. Yes Christian View also same view . Shameless and should cover show to all who from back.

    ReplyDelete
  6. Why burmese people like Peafowl or Peacock?I feel Peafowl was sign of proud and don't care any body.Why they value it? Burmese history also value Peafowl it means they only see front side when it turn back it will show shameless ....Peacock tail cover for shame but it dancing time didn't cover shame.Should conside every side view. Be intelleect!

    ReplyDelete
  7. မှတ်သားစရာလေးပါ။

    ReplyDelete