Wednesday, February 1, 2012

ခြေထောက်တွေမရှိပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲမလေး

ခြေထောက်တွေမရှိပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲမလေး



သာမာန်ရိုးရိုး သူလို ကိုယ်လိုမဟုတ်ဘူး ။ သူမမှာ ကျွန်တော်တို့ နဲ့မတူတဲ့ ခြားနားချက်များစွာရှိတယ် ။ သူမမျက် ၀န်းတွေဟာ အစဉ်ရီဝေနေတတ်ပေမယ့် အမြဲရွှန်းလဲ့တောက်ပနေခဲ့တယ် ။ သူမဟာ ဘယ်လို လူသားမျိုးလဲ ကမ္ဘာမြေပေါ်မှာ သူမ ဘယ်လို အသက်ရှင်သန်နေသလဲ ဘယ်လို အဓိပ္ပါယ်တွေနဲ့ဘ၀ကို ရှင်သန်နေခဲ့သလဲ ။



သူမ နာမည်က Qian Hong Yan လို့ခေါ်ပါတယ် ။ မတော်တဆမှုတစ်ခုကြောင့် သူမ ခြေတွေ ငယ်ငယ်က တည်းက ဆုံးရှုံးခဲ့ရတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ သူမကို ဒုက္ခိတ လို့မသုံးသင့်ဘူးမဟုတ်လား ။ သူမကို ကံမကောင်း အကြောင်းမလှလို့ ခြေလက်မစွမ်းရှာသူလို့ပဲ ကျွန်တော်တို့ မြင်ရမယ်မဟုတ်လား ။

တရုတ်ပြည်မှာ ရှိတဲ့ သူမ မိသားစုဟာ ဆင်းရဲချို့တဲ့လွန်းပါတယ် ။ ခြေတု တပ်ဆင်ဖို့ လောက်ငွေကြေးကို သူတို့မစွမ်း သာခဲ့ကြဘူး ။ ဒါကြောင့် သူမ တနေရာကနေ တနေရာကို ရွေ့သွားဖို့အတွက် ပုံမှာ မြင်ရတဲ့အတိုင်း ဘတ်စ် ကတ်ဘောလုံးတစ်လုံးကို အသုံးပြုနေခဲ့ရတယ် ။

Qian ဟာ သစ်သားနဲ့လုပ်ထားတဲ့ ဒေါက်လေးနှစ်ကို သူမကိုယ်သူမှ “ မ ” ဖို့ အသုံးပြုနေရတယ် ။ ဒါပေမယ့် သူမက ငယ်စဉ်ကတည်းက ဂျီးများတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး ။ သူမမှာ လဲလှယ်အ သုံးပြုဖို့ ဘော လုံး ခြောက်လုံးရှိပါတယ် ။



သူမ အတန်းပညာသင်ယူဖို့ ကျောင်းတတ်နေတဲ့ပုံပါ ။



သူမ ကိုဘယ်အချိန်ကြည့်ကြည့် အမြဲပြုံးနေခဲ့တယ် ။



အသက်အရွယ်ကြီးလာလည်း ပြုံးနေမြဲ ။





သူမကို ကျွန်တော် ဦးညွှတ်လေးစားပါတယ် ။ ကျွန်တော်တို့သာဆိုရင်ရော ဒီလို ခံနိုင်ရည်ရှိပါ့မလား

ဘ၀ကို နေထိုင်ဖြတ်သန်းတဲ့အခါ အမြဲပဲ အကောင်းမြင်ပါ ။ ကျွန်တော်တို့ဟာ ခြေတွေလက်တွေရှိရက်နဲ့ ဟင်းမကောင်းဘူး ၊ ဒါမစားချင်ဘူး ၊ ဟိုဟာ ၀ယ်ပေးပါ ဒီဟာ ၀ယ်ပေးပါ ၊ သူတို့ ၀တ်သလို ၀တ်ချင်တယ် ၊ မုန့်ဖိုးမလောက်ဘူး စသဖြင့် စသဖြင့် အကြောင်းပြချက်များစွာနဲ့ ဘ၀ကို အပေါ်ယံ ဖြတ်သန်းနေခဲ့ကြတယ် ။ ကျွန်တော်တို့ သူမနဲ့ယှဉ်ကြည့်လိုက်ရင် သူမ သတ္တိကို ကျွန်တော်တို့ လိုက်မှီနိုင်ပါ့မလား ။ သူမ အမြဲပြုံးနေသလို ကျွန်တော် တို့ ပြုံးနေခဲ့ကြရဲ့လား ??????? လူတိုင်းဟာ ကိုယ့်ဘ၀သာလျှင် ဆိုးတာတွေကြုံရတယ် ကိုယ်သာလျှင် အဆင်မပြေမှုတွေနဲ့ကြုံရတယ် စသဖြင့် ညည်းတွားလေ့ရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သေသေချာချာလေး လေ့လာကြည့်ကြစမ်းပါ ။ ကျွန်တော်တို့ ထက်ဆိုးတဲ့ဘ ၀တွေ ရေတွက် လို့မရအောင် အများကြီးရှိပါတယ် ။ ကျွန်တော်တို့အားလုံး ယခုအချိန်ကစလို့ မိမိကိုယ်ကိုယ် အားငယ်နေ တဲ့စိတ်တွေ ဘ၀ကို အရှုံးပေးချင်တဲ့စိတ်ဓါတ်တွေကို အပြီးအပိုင်ဖယ်ရှားလိုက်ကြပါစို့ ။

သက်တန့်ချို
1st Feb 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. တစ်ခါတစ်လေကလေးတွေကိုနှိင်းယှဉ်ဆုံးမရပါတယ်thank u

    ReplyDelete
  2. အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါ
    ကျေးဇူးတင်ပါသည်

    ReplyDelete
  3. အာဂျီးမားFebruary 1, 2012 at 2:05 PM

    ဖတ်သွား၊မှတ်သွားပါတယ်။ Qian လေးကိုလဲအရမ်းပဲလေးစားမိပါတယ်။ :)

    ReplyDelete
  4. တခါတလေ ဘ၀မှာ ခက်ခဲကြမ်းတမ်းတဲ့ ကိစ္စတွေရှိတဲ့အခါ လူတွေဟာ မကျော်လွှားချင်ကြဘူး...... ကျော်လွှားဖို့ သတ္တိမမွေးကြဘူး........ ဒီ သတ္တိခဲမလေး ကို အတုယူဖို့ကောင်းပါတယ်...... ကျေးဇူးပါ ကိုသက်တန့်........

    သဉ္ဇာ

    ReplyDelete