Saturday, March 3, 2012
မေမေ - သားချမ်းတယ် မေမေ
မေမေ - သားချမ်းတယ် မေမေ
မေမေ ---- သားကို မချစ်ဘူးလားဟင် -- အင်းပေါ့နော် မေမေ သားကို မချစ်လို့သာ ဒီလို အမှိုက်ပုံးထဲ ရက်ရက် စက်စက် ပစ်ထားရက်ခဲ့တာပေါ့နော်
မေမေ --- သား ချမ်းတယ်မေမေ နံစော်နေတဲ့ အမှိုက်တွေကြားမှာ သားဘာကြောင့်များ လူလာဖြစ် လာရ သလဲဟင် မေမေ --
မေမေ့ကို သားမမုန်းပါဘူး မေမေကတော့ဘာလို့ သားကိုမုန်းတာလဲဟင်--မေမေ သား ဘာများမှားခဲ့လို့လဲ သားမေမေ့ဝမ်းဗိုက်ထဲမှာ နွေးထွေးလုံခြုံမှုအပြည့်နဲ့နေခဲ့တုန်းကပေါ့သားကိုယ်သား စစ်သူကြီးတစ်ယောက် လိုလို -- စည်းစိမ် အပြည့်နဲ့ ဘုရင်ကြီးတစ်ယောက်လိုလို ဘ၀င်တွေမြင့်ခဲ့သေးတယ် မေမေရယ် --မေမေ့ ၀မ်းကြာတိုက်က သားအတွက်တကယ့်ကို နွေးထွေးတဲ့ ဘုံဗိမ္မာန်ကြီးတစ်ခုပါပဲ မေမေ ---ဒါနဲ့များ သားကို ဘာကြောင့် ဒီလိုစွန့်ပစ်ရတာလဲဟင် မေမေ --မေမေ ဖြေပေးပါဦး သားကိုဖြေပါဦးမေမေ
သားကိုမလိုချင်တော့ဘူးလားဟင်-- သားကြီးလာရင်မေ့မေ့ကို ဒုက္ခမပေးပါဘူး မေမေ -- မေမေဟာ သား လူ့ဘ ၀ကြီးထဲ စရောက်လာ ကတည်းက ပထမဆုံးထိတွေ့ခွင့်ရတဲ့လူသားဟာမေမေပါ
မေမေရယ်---တဖြည်းဖြည်းအေးလာပြီ မေမေသား ဒီလိုနဲ့ လူ့ဘ၀ထဲကနေ ပြန်ထွက်ခွာရတော့မယ် ထင်ပါ ရဲ့မေမေ ---မေမေ ကျန်းမာပါစေနော်---တစ်ခုပဲတောင်းဆိုချင်ပါတယ်မေမေရယ် မေမေ သားတို့ကိုမချစ် ရင် နောက် ဆို သားတို့ကို လူ့ဘ၀ထဲကိုမခေါ်ပါနဲ့မေမေရယ်မေမေတို့ခေါ်လို့သားတို့လာရတာပါ ဘာကြောင့်များ အခုမှ မလို ချင်လို့ စွန့်ပစ်ရက်တာလဲဟင်
မေမေရယ်---သား သွားရတော့မယ်လေ သား နေချင်ပါသေးတယ် မေမေတို့နဲ့အတူ လူ့လောက ထဲ ပျော်ပျော်ကြီးနေချင်ပါသေးတယ်မေမေ အို----မေမေ--ဘေးနား မှာ ခွေးနက်ကြီးတွေရောက် လာ ကြပြီမေမေ ---သူတို့အစာကို အမှိုက်ပုံးထဲလာရှာရင်းနဲ့သားကိုတွေ့သွားကြတော့မယ်သူတို့ --သားကိုရော စားပစ်မှာ လား ဟင်မေမေ ---မေမေ သားကြောက်တယ်မေမေ ---သားအရမ်းကြောက်တယ် သားကို မေမေ လှည့်မ ကြည့်တော့ဘူးလားဟင်
သားနှုတ်ဆက်ခဲပါတယ်မေမေ နော်--မေမေလည်း နေကောင်းအောင်နေပါနော် ---
သားအရမ်းချစ်တယ် မေမေ့ကိုလေသား အရမ်းချစ်ပါတယ်
မေမေ----
ေ မ ေ မ - - --
ေ မ ေ မ -- - - - - - --
သက်တန့်ချို ခံစားရေးဖွဲ့သည် ။
March 1-2012
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
6 comments:
  1. ဘယ်လိုမိဘတွေလည်းလူမှဟုတ်ရဲ့လား
    ဒီကလေးလေးကံကဆိုးလိုက်တာ
    နော်ဆိုအဲဒီလိုမလုပ်ကြပါနဲ့
    တောင်းပန်ပါတယ်
    ReplyDelete
  2. ကလေးလေးသနားပါတယ်နော်...ဘာလို့ များ ဒီလို လုပ်ရက်တာလဲမသိဘူး...
    ReplyDelete
  3. ဖြစ်ရပ်မှန်လေးတစ်ခုပါ...လွန်ခဲ့တဲ့ ၁နှစ်ကျော်ကပါ...၀ဋ်လိုက်တယ်လို့ ပြောလို့ ရပါတယ်...ဒီလိုပါ...
    ကောင်မလေးတစ်ယောက်ပေါ့...သူ့ မှာ အရမ်းချစ်ရတဲ့ (သူ့ ဘက်က အရင်ချစ်ခဲ့ရတဲ့) သူ့ ရဲ့ အချစ်ဦးတစ်ယောက်ရှိပါတယ်...ကောင်လေးကလည်း သိပ်မကြာပါဘူး...သူ့ ကို ချစ်တယ်လို့ ပြော...ကောင်မလေးဘက်ကလည်း အစကတည်းက ချစ်ပြီးသားမို့ ခေါင်းညိတ်လိုက်တယ်လေ...အဲဒီလိုနဲ့ သူတို့ တွေ ချစ်သူဖြစ်လာတာ ၂နှစ်ပြည့်ကာနီးမှာပေါ့...
    ကောင်မလေးက သူ့ သူငယ်ချင်းတွေနဲ့ သူ့ ချစ်သူနဲ့ ချိန်းတွေ့ ခဲ့တဲ့ နေရာလေးကို အလွမ်းပြေအနေနဲ့ အသွားမှာ တခြားကောင်လေးတစ်ယောက်နဲ့ တွေ့ ပါလေရော...
    အဲဒီကောင်လေးကို ကောင်မလေးက မကြိုက်ပါဘူး...ဒါပေမယ့် လူငယ်ဆိုတော့လည်း နောက်တစ်ယောက်က ထားချင်တယ်လေ...ကောင်မလေးနဲ့ အဲဒီကောင်လေး ရည်းစားတွေဖြစ်သွားပါသတဲ့...ပထမကောင်လေးက သူ့ ကောင်မလေး နောက်တစ်ယောက်ထားတယ်ဆိုတာလည်း သိရော ပေါက်ကွဲတော့တာပေါ့...ကောင်မလေးကို နာလည်း နာကြည်းသွားတယ်...ဒါပေမယ့် ချစ်တုန်းပါပဲ...
    ကောင်မလေးကတော့ အဲဒါတွေသိပ်ဂရုမစိုက်ပါဘူး...သူသိတာက ပထမတစ်ယောက်က ရိုးသွားပြီဆိုတာပါပဲ...
    တစ်နေ့ မှာ နောက်တစ်ယောက်နဲ့ ကောင်မလေးနဲ့ လည်ကြရင်း လွန်ကုန်ကြတယ်...ကောင်မလေးဆန္ဒမပါပါဘူး...ငြင်းတယ်...ရုန်းတယ်...ဒါပေမယ့် မရတော့ပါဘူး...
    အဲဒီအဖြစ်အပျက်ဖြစ်ပြီး သိပ်မကြာပါဘူး...ဒုတိယကောင်လေးက ခရီးထွက်သွားခဲ့တယ်...ဖုန်းလည်း မဆက်...ဆက်တော့လည်း မကိုင်...
    နောက်ထပ် ၂လ လောက်ကြာတဲ့အခါ ကောင်မလေးသိလာတယ်...သူ့ မှာ ကိုယ်ဝန်ရှိနေပြီဆိုတာနဲ့ သူ့ ကောင်လေး သူ့ ကို ပစ်သွားပြီဆိုတာကိုပေါ့...ကောင်မလေးက တကယ်ချစ်ခဲ့ရှာတာပါ...သူ့ အတွက်နဲ့ သူဆံပင်ရှည်တွေ ညှပ်ပစ်ဆိုတော့လည်း တိုတိုလေး ညှပ်ပေးခဲ့ရတယ်...အများကြီးပေးဆပ်ခဲ့တယ်ပေါ့...
    ကောင်မလေးလည်း ကြံရာမရဖြစ်ပြီး ပထမကောင်လေးကို တစ်နေရာမှာ ချိန်းပြီး သူ့ မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေပြောပြလိုက်တယ်...
    ပထမတော့ ကောင်လေး အံ့လည်း သြ...ကရုဏာဒေါသတွေလည်း ထွက်...လူသတ်ချင်စိတ်တွေလည်း ပေါက်လာတယ်...
    ပြီးတော့မှ သူ...ဒီကိုယ်ဝန်ကို တာဝန်ယူမယ်ဆိုတဲ့ အကြောင်းပြောတယ်...ကိုယ်ဝန်ကို မဖျက်ဖို့ လည်း ပြောတယ်...
    သူပြောခဲ့တဲ့ စကားလေးက “ကို...ချစ်တဲ့သူ ဘာပဲဖြစ်နေပါစေ...ဘယ်သူနဲ့ ပဲ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့...ကိုယ်ချစ်တာက မင်းရဲ့  ၀ိဥာဉ်ပါ...မင်းရဲ့ သန့် စင်နေတဲ့ စိတ်ကလေးကိုပါ”တဲ့...
    အဲဒီအချိန်မှာ ကောင်မလေးက ကိုယ်ဝန် ၄ လရှိနေပါပြီ...သူ...ဟိုလူယုတ်မာရဲ့ သွေးကိုလွယ်မထားနိုင်တော့ပါဘူး...
    ကိုယ်ဝန်ကို ဖျက်ပစ်မယ်လို့ စိတ်ကူးနေရင်းနဲ့  မိုးရေစိုနေတဲ့ လှေကားပေါ် ခြေထောက်အချ...ချော်လဲပြီး ကိုယ်ဝန်ပျက်သွားခဲ့တယ်...
    ReplyDelete
  4. အင် ဒီကလေးဘ၀က ဆိုးလိုက်တာဗျာ လူ့လောကထဲေ၇ာက်လာပြီးမှ မိဘတွေရဲ့စွန် ပစ်မှုကိုခံရပြီး လူ့လောကထဲကပြန်ထွက်သွားရတာ ၀မ်းနည်းစရာကောင်းတယ်ဗျာ....
    ReplyDelete
  5. အင် ဒီကလေးဘ၀က ဆိုးလိုက်တာဗျာ လူ့လောကထဲေ၇ာက်လာပြီးမှ မိဘတွေရဲ့စွန် ပစ်မှုကိုခံရပြီး လူ့လောကထဲကပြန်ထွက်သွားရတာ ၀မ်းနည်းစရာကောင်းတယ်ဗျာ....
    ReplyDelete
  6. တကယ့်အဖြစ်လား။
    ReplyDelete