Monday, March 5, 2012

ဘယ်လောက်ပဲ ချို့ယွင်းချက်တွေများနေပါစေ - - -

ဘယ်လောက်ပဲ ချို့ယွင်းချက်တွေများနေပါစေ - - -




တစ်ခါတုန်းက စတိုင်းဆိုင်တစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထားလေသည် ။

“ ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည် စိတ်ပါဝင်စားသူများ လာရောက်လေ့လာဝယ်ယူနိုင်ပါသည် ”

တိရိစ္ဆာလေးတွေကိုချစ်တတ်သူတွေနဲ့ အိမ်မွေးခွေး ၀ါသနာပါသူတွေအဖို့တော့အကြိုက်ပါပဲ ။ အဲဒီထဲမှာ ကလေးလေးတွေ လည်း ပါပါတယ် ။ ဆိုင်းဘုတ်ချိတ်ပြီး နောက်ရက်မှာ စတိုးဆိုင် ကို ကောင်လေး တစ်ယောက်ရောက် လာပါတယ် ။

“ ခွေးတစ်ကောင်ကို ဘယ်လောက်ပေးရမလဲခင်ဗျ ”
“ ဒေါ်လာ ၅၀ ကနေ ၁၀၀ အထိ အမျိုးအစားအမျိုးမျိုးရှိပါတယ် ”

ကောင်လေးက သူ့မှာ ပါလာတဲ့ပိုက်ဆံကို ရေတွက်လိုက်တယ် ။

“ ကျွန်တော့်မှာ ဒေါ်လာ ၂၀ လောက်တော့ပါပါတယ်ခင်ဗျ ကျွန်တော် ခွေးကလေးတွေ တချက်လောက် ကြည့်လို့ရမလားဟင် ”

စိတ်သဘောထားကောင်းတဲ့ ဆိုင်ရှင်က ကောင်လေးကို ခွေးကလေးတွေဆီခေါ်သွားလိုက်တယ် ။ ခွေးပေါက် ကလေးတွေ ချစ်စရာလေးအများကြီးကို ကောင်လေးတွေ့လိုက်ရတယ် ။ ဒါပေမယ့် အခန်းထောင့် မှာ ခွေး ကလေးတစ်ကောင်က ထော့နဲ့ထော့နဲ့နဲ့ လမ်းသိပ်မလျှောက်နိုင်ရှာပဲ ငြိမ်နေတာကို ကောင်လေးတွေ့ လိုက်ရ တယ် ။ ကောင်လေးက မေးလိုက်တယ် ။

“ အဲဒီခွေးကလေးက ဘာဖြစ်တာလဲဟင် ”
“ မွေးတုန်းကတော့ ငါးကောင်ပြိုင်တူမွေးတာပဲကောင်လေးရဲ့ ဒါပေမယ့် အဲဒီထောင့် က ခွေး ကလေး ကတော့ မွေးကတည်းက တင်ပဆုံရိုးချို့ယွင်းချက်ကြောင့် လမ်းမလျှောက်နိုင်ရှာဘူးလေ အဲဒါကြောင့် ထော့ နဲ့နဲ့ဖြစ်နေ တာပါ ”

ကောင်လေးရဲ့မျက်လုံးမှာ အရောင်တွေတောက်ပသွားတယ် ။ “ ကျွန်တော် အဲဒီခွေးကလေးကို ၀ယ်လို့ ရမလား ခင်ဗျ ”

ဆိုင်ရှင်က အံ့သြသွားတယ် ။ “ ဘာလို့ဝယ်မှာလဲကောင်လေးရ မ၀ယ်ပါနဲ့ မင်းတကယ်လို ချင်တယ်ဆို ရင်ငါအလကားပေးပါ့မယ် ” ကောင်လေးက ဆိုင်ရှင်ကို စူးစိုက်ကြည့်ပြီး ပြန်ပြောတယ် ။

“ အလကားပေးတာ ကိုတော့ ကျွန်တော်မလိုချင်ပါဘူး ဒီခွေးကလေးမှာလည်း တခြားခွေးတွေနဲ့တန်းတူ ခွေး ဆိုတဲ့ ဂုဏ်သတ္တိရှိနေတာပဲမဟုတ်လား သူ့မှာ ဘာတန်ဖိုးမှမလျော့ပါဘူး ကျွန်တော် ခွေး ကလေးတန်ဖိုး အတိုင်းပေး ပါ့မယ် အခုဒေါ်လာ ၂၀ အရင်ပေးခဲ့ပါတယ် နောက်ရက်တွေ ဒေါ်လာ ၂၀ စီထပ်လာပေးပါ့မယ် ပြည့်တဲ့နေ့ ကျရင် ခွေးကလေးကို ကျွန်တော်ခေါ်သွားပါ့မယ် ”

ဆိုင်ရှင်က ကောင်လေးကို အတော်လေးအံ့သြသွားတယ် ။

“ ဘာလို့ ၀ယ်ချင်တာလဲ ကောင်လေးရယ် မင်း ကြာလာရင်စိတ်ပျက်သွားမှာပါ ဒီခွေးကလေးက တစ်သက် လုံး ပြေးလွှားဆော့ကစားနိုင်မှာမဟုတ်ဘူးလေ မင်းကို ကူပြီးလည်း သူကစားနိုင်မှာမဟုတ်ဘူး ”

အဲဒီတော့ကောင်လေးက သူ့ ဘောင်းဘီအရှည်လေးကို အပေါ်ကို ဆွဲတင်ပြပြီးဆက်ပြောတယ် ။

“ ကျွန်တော်လည်း ကောင်းကောင်း ပြေးလွှားမကစားနိုင်ပါဘူး ဦးဦးရယ် ဒီခွေးကလေးမှာလည်း သူ့ကို ကိုယ်ချင်း စာမယ့် ပိုင်ရှင်တစ်ဦး ရှိဖို့လိုအပ်တာပေါ့နော် မဟုတ်ဘူးလား ”

တကယ်တော့ ကောင်လေးခြေထောက်မှာ မွေးကတည်းက တင်ပဆုံရိုး ချို့ယွင်းချက်ကြောင့် သတ္တုတံတွေ ခွဲစိတ်ထည့်ပြီး ပြုပြင်ထားတာဖြစ်ပါတယ် ။ ကောင်လေးလမ်းလျှောက် ရင်လည်း ထော့နဲ့ထော့ နဲ့နဲ့ ခြေထောက် ဟာ နဂိုအကောင်းအတိုင်းမဟုတ်ခဲ့ပါဘူး ။

##############################

ကျွန်တော်တို့ဘ၀တွေမှာ ဘယ်လောက်ပဲ ချို့ယွင်းချက်တွေများနေပါစေ “ လူ ” ဆိုတဲ့ တန်ဖိုး ကတော့ လျော့သွားတယ်ဆိုတာမရှိပါဘူး ။လူဖြစ်လာတယ်ဆိုတာနဲ့ အသိဥာဏ် စဉ်းစားဆင်ခြင်နိုင်မှုနဲ့ ကိုယ် ချင်းစာ တရားတွေက Humanity ဆိုတဲ့ လူသားဆန်မှု ကို ပြသနေမှာဖြစ်ပါတယ် ။

- ဘယ်လောက်ကြီးပဲ ချို့ယွင်းနေပါစေ စိတ်ဓါတ်မကျပါနဲ့ -- အနာဂါတ်တွေမှာ လင်းလက် တဲ့ကောင်းကင်ကြီးရှိစမြဲပါ
- ဘယ်လောက်ကြီးပဲ ဆင်းရဲနေပါစေ စိတ်ဓါတ်မကျပါနဲ့ -- အနာဂါတ်မှာ စည်းစိမ်ချမ်းသာတွေက လက်တစ် ကမ်းအကွာမှာရှိပါတယ်
- ဘယ်လောက်ကြီးပဲ အပယ်ခံနေရပါစေ စိတ်ဓါတ်မကျပါနဲ့ --- လူ့ အရည်အသွေးဆိုတာ ကျဆင်းသွား တယ်ဆိုတာမရှိပါဘူး ။

သက်တန့်ချို
March 5-2012

Chicken soup for the soul မှ Puppies for sold အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ဘယ်လိုချွတ်ယွင်းချက်တွေပဲ ရှိရှိ..လူဆိုတဲ့ ဂုဏ်သတ္တိကတော့ အမြဲရှိနေတာပဲလေ.. ကြိုက်တယ်အကို။။။ :)

    ReplyDelete
  2. မှတ်သားသွားပါတယ် အကိုရေ

    ReplyDelete
  3. လူဆိုတဲ့ ဂုဏ်သတ္တိဆိုတာ လူတိုင်းမှာ ရှိနေတယ်..အဲဒီအမြင်လေးကို အရမ်းကြိုက်တယ်ဗျာ...ဘယ်လိုချို့ယွင်းချက်ဘဲရှိရှိ လူဆိုတာ လူပါပဲဗျာ.......

    ReplyDelete