Friday, March 16, 2012

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း



ဒီနေ့ ကျွန်တော် အထူးကြပ်မတ်ခန်းထဲ ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သတင်းမေးဖို့ ဆေးရုံကို ထွက်ခွာ လာခဲ့တယ် ။ ပန်းဆိုင်ရှေ့ရောက်တော့ သူ့အတွက် ပန်းဝယ်ပေးဖို့ ကျွန်တော် ပန်းဆိုင်ထဲ ၀င်ခဲ့တယ် ။

ဆေးရုံရောက်တဲ့အခါ သူနာပြုဆရာမက အထူးကြပ်မတ်အရေးပေါ်ခန်းထဲကို ပန်းသယ်မရဘူးလို့ပြောတယ်။ ကျွန်တော် ကောင်တာ စားပွဲပေါ်မှာပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ပန်းစည်းကို တင်ခဲ့ရတယ် ။

သတင်းမေးပြီးတဲ့အခါ ကောင်တာပေါ်က ပန်းစည်းကိုပြန်ယူပြီးဓါတ်လှေကားဆီ ကျွန်တော်လျှောက်လာခဲ့တယ် ။ အဲဒီမှာ အမျိုး သမီးတစ်ဦးဟာ နံရံကို မျက်နာမူပြီး ၀မ်းနည်းစွာ ငိုကြွေးနေတာကိုတွေ့လိုက်ရတယ် ။ ကျွန်တော် သူ့ကို အဆင်ပြေရဲ့လားလို့မေးလိုက်တယ် ။ အမျိုးသမီးက သက်ပြင်းချပြီး ပြောတယ် ။ “ ဒီနေရာကလူတွေဟာ ရှင်ကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေမှ ပေးမှာမဟုတ်တာ သေချာတယ် သူတို့က သူတို့ လူ့အသက်တွေ ကယ်နေရတဲ့အတွက် အရမ်းအလုပ်များနေကြောင်းပဲပြောကြလိမ့်မယ် ”

ကျွန်တော်တို့ တစ်မိနစ်လောက်စကားပြောခဲ့ကြတယ် ။ ဓါတ်လှေကားက ဘာကြောင့်ဒီလောက်ကြာတာလဲ ကျွန်တော်အံ့သြနေတယ် ။ နောက်မှ ကျွန်တော်နားလည်လိုက်တာက ကျွန်တော်တို့ အဲဒီအချိန်လေးအတွင်းမှာ အတူရှိပြီး အတူ နားလည်ခံစားမိနေကြလို့ပါပဲ ။

ကျွန်တော် ပန်းစည်းကို သူမကိုပေးပြီးပြောခဲ့တယ် ။ “ ခင်ဗျား ဒါကို လိုအပ်မယ်လို့ထင်ပါတယ် ကျွန်တော်ဒီ ပန်းစည်းခင်ဗျားကိုပေးပါ့မယ် ” ကျွန်တော်သူမပခုံးကို ဆုပ်ကိုင်နှစ်သိမ့်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ပြောခဲ့တယ် ။ သူမမျက်နှာ ဟာ အနည်းငယ်တောက်ပသွားပြီး မျက်လုံးကနေ မျက်ရည်တွေစီးကျလာခဲ့ပြီး ကျွန်တော့် ကို ကျေးဇူး တင်ကြောင်းပြောခဲ့တယ် ။ ဒီလိုနဲ့ ဓါတ်လှေကားကနေ ကျွန်တော်တို့ လမ်းခွဲခဲ့ကြတယ် ။

ကျွန်တော် ကားကို ကားပါကင်မှာ ထားခဲ့တဲ့အတွက် ကျွန်တော် ကားပါကင်ကိုလျှောက်လာခဲ့တယ် ။ အံ့သြစရာ ပါပဲ ဓါတ်လှေကားထဲက အမျိုးသမီးနဲ့ပြန်တွေ့ခဲ့တယ် ။ သူဟာ ကားပါကင်မှာ ကားတွေစောင့် ကြပ်ရတဲ့အမျိုး သမီးဖြစ်နေခဲ့တယ် ။ ကျွန်တော် ကျသင့်ငွေ လေးရာ ကျပ်ထုတ်ပေးတော့ သူက ရုတ်တရက် ပဲ ငွေလေးဆယ်ပဲယူခဲပြီး ကျနော့်ကိုပြောခဲ့တယ် ။ “ ဘာမှမစိုးရိမ်ပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ ” တဲ့ ။

###########################

ဘာရယ်မဟုတ်ဘူး ကျွန်တော်တို့ပြုမူလိုက်တဲ့ အပြုအမူလေးတစ်ခုက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အပံ့ပေးနိုင်ပါတယ် ။ အပြုံးလေးတစ် ချက်ဖြစ်ဖြစ် နှစ် သိမ့်စကားလေး တစ်ခွန်းဖြစ် ဖြစ်ထွေးပွေ့မှုလေးတစ်ခုဖြစ်ဖြစ် မျက်ရည်တွေကို အပြုံးတွေအဖြစ် ဖန်ဆင်းပေးနိုင်ပါတယ် ။

ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို လစ်လျှူရှုမထားပါနဲ့ ။ အားပေးပါ ကြင်နာပါ လက်တွဲခေါ်ပါ ကိုယ်ခန္ဓာ ကျန်းမာရေး က အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်းအရေးကြီးပါတယ် ။ ဂရုတစိုက်နွေးထွေး စွာ ဆက်ဆံ လိုက်ခြင်းက ကိုယ့်အတွက်အပန်းမကြီးလှပေမယ့် တစ်ပါးသူအတွက်ကြီးစွာ သော ခွန်အားနဲ့ စိတ်သက်သာရမှုကိုဖြစ်စေပါတယ် ။

သက်တန့်ချို
March 16-2012

Flowers For A Stranger အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. မှန်လိုက်တာဆရာရှင်
    မှတ်သားစရာလေးပါ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. အရမ်းမှန်တာပဲ ကိုသက်တန့်ချို..တခါတလေ ကိုယ်မကျန်းမာရင်တောင် စိတ်ကျန်းမာနေရင် လွယ်လွယ်နဲ့ မလဲ ကျနိုင်တော့ဘူး.
    အိမ်မက်

    ReplyDelete
  3. ခံစားသွားပါတယ်ဗျာ...
    စိတ်ခွန်အားလေးတွေ ရခဲ့ပါတယ်...
    ကျေးဇူးပါ...:)

    ReplyDelete
  4. ဖတ်သွားပါတယ် ခင်ဗျာ ... အတွေ့အကြုံတွေ သုံးသပ်ချက်တွေကို မျှဝေပေးနေတာ ကျေးဇူးတင်ဖို့ ကောင်းပါတယ်

    ReplyDelete
  5. ပို့ စ်လေးဖတ်ပြီး အတွေးမြင်သစ်တွေပိုရလာပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  6. ကျေးဇူးနော် သိပြီးသားလို့ ထင်ရပေမဲ့ မေ့သွားတဲ့အရာတွေ သတိပြန်ရလို့  ကျေးဇူးတင်တဉ်

    ReplyDelete