Tuesday, March 27, 2012

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်



၂၀၁၂ ခုနှစ်ရဲ့ ၃ လပိုင်းအတွင်းမှာ အလုပ်ကိစ္စနဲ့ ခရီးတွေခဏခဏ ထွက်နေရပါတယ် ။ ပူပြင်းလှတဲ့နွေရာသီမို့ အပူရှိန်ဟာ ပြင်းသထက်ပြင်းထန်လာနေပါတယ် ။ ယခုတစ်ခေါက်လည်း မွန်တို့ ဌာနေ မော်လမြိုင်မြို့ကို ခရီး တစ်ခေါက်ရောက် ခဲ့ပြန်ပါပြီ ။ သံလွင်မြစ်ကူးတံတားက မနက် ၄ နာရီမှဖွင့်တဲ့အတွက်ကားပေါ်မှာ တစ်နာ ရီလောက်တော့ ကားရပ်ပြီးစောင့်ခဲ့ရပါသေးတယ် ။ လှပတဲ့ သံလွင်မြစ်ကူးတံတားကို ဖြတ်ကျော် သွားတဲ့အ ခါမှာတော့ ရှုမငြီးဖွယ်ရာ မွန်တို့ဌာနေ မော်လမြိုင်မြို့က ဆီးလို့ ကြိုနေပါတော့တယ် ။ ခရီးသွားတဲ့အခါ အခက်အခဲ လည်း သိပ်မရှိလှပဲ တည်းခိုတဲ့ သံလွင်မြစ်ကမ်းပေါ်က ငွေမိုးဟိုတယ်ကလည်း အဆင်ပြေလှပါတယ် ။ ရောက်ရောက်ခြင်း ပထမရက်မှာပဲ တောင်ရိုးတန်းပေါ်က ဆိုင်ကယ်နဲ့သွားရတဲ့ နာမည်ကြီး ထန်းရည်ဆိုင် တစ်ခု ကို ရောက်ခဲ့ပါသေးတယ် ။

ထန်းရည်ချို ၊ ငါးအူမြင်းခြောက်ကြော် ၊ ပဲခြမ်းကြော်နဲ့ကြက်သွန်သုပ် ၊ လက်ဖက်သုပ်တို့က လေတဖြူးဖြူးနဲ့ စားလို့သောက်လို့ကောင်းတာကတော့အမှန်ပါပဲ ။



အဲဒီ နောက်မှာတော့ ညနေပိုင်းမှာ မော်လမြိုင်မြို့ က နာမည်ကြီးလို့ ပြောနေတဲ့ အသားလိပ် ၊ ကြာဇံကြော် ၀က်ခေါင်း သုပ်ဆိုင်ကို ရောက်ခဲ့ပါတယ် ။ ပုံမှာမြင်ရတဲ့အတိုင်း ၀က်ခေါင်းသုပ်တစ်ပွဲနဲ့ ၀က်အသား လိပ်ကြော် တစ်လိပ် အားပေးခဲ့တယ် ။ စားလို့ကတော့ အရမ်းကောင်းတာပါပဲ နာမည်ကြီးလောက်ပါပေတယ် ။



ဒီလိုနဲ့ အဲဒီညနေမှာဟိုတယ်ရှေ့က မြစ်ပတ်လမ်းမှာရှိတဲ့ ထိုင်ခံလေးမှာ ထိုင်ပြီး Sea view တွေကို ဓါတ်ပုံရိုက် ဖြစ်ခဲ့ ပါတယ် ။ လှပလွန်းတဲ့ ညနေ နေ၀င်ချိန်မို့ စာရေးလို့ ကောင်းမယ့်နေရာတစ်ခုပဲလို့တွေးမိသေးတယ် ။









နောက်တစ်နေ့မှာတော့ အလုပ်ကိစ္စလေးတွေရှိတဲ့အတွက် ဘယ်ကိုမှ မသွားဖြစ်ခဲ့ဘူး ။ ညနေပိုင်းအချိန်မှာတော့ သံလွင်မြစ် မှာ အရမ်းလှတဲ့ ဇင်ရော်ငှက်တွေအစာကျွေးတဲ့ဆီကိုရောက်သွားခဲ့ရတယ် ။ များပြားလှတဲ့ ဇင်ရော် ငှက်တွေ ကို ကမ်းခြေလိုနေရာမျိုးမှာပဲရှိမယ်ထင်ခဲ့တာ အခုလို သံလွင်မြစ်ကမ်းဘေးမှာ အစာကျွေး သူတွေနဲ့အ များကြီးတွေ့လိုက်ရလို့ ဗွီဒီယိုဖိုင်တောင်ရိုက်ခဲ့သေးတယ် ။ ဖိုင်ဆိုက်ကြီးလွန်းလို့ မတင်ဖြစ်တော့ပါဘူး ။ ဒါကြောင့်ဓါတ်ပုံတွေပဲ တင်ပေးလိုက်ပါတယ် ။





နောက်တစ်နေ့ တနင်္ဂနွေမနက်မှာတော့လိုက်ပို့မယ့်သူလည်းရှိတာကြောင့် ကျိုက်မရောဘုရားကြီးဘက်ကို သွားဖြစ်ခဲ့ တယ် ။ လမ်းမှာ ထန်းတောတွေနဲ့လှပလွန်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေအကြိုက်တွေ့မဲ့ ကျိုက် မရော နယ်ပယ်တစ်ခုဖြစ်ပါတယ် ။



မိနစ်၃၀ ကျော်ကျော်လောက် ကားမောင်းပြီးတဲ့အခါမှာတော့ ကျိုက်မရောဘုရားကိုရောက်ခဲ့ရပါပြီ ။ ဘုရားကို ၀င်ဝင် ခြင်း လူတစ်ရပ်ကျော်မြင့်တဲ့ ရှင်စောပုဘုရင်မ မောင်းတော်ကြီးကို တွေ့ခဲ့ရတယ် ။



ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးကို သွန်းလောင်းထုဆစ်ထားတဲ့ပုံသဏ္ဍာန်မှာ မြန်မာနိုင်ငံမှာ အလွန်ရှား တဲ့ ကိုယ်နေ ဟန်ထားဖြစ်ပါတယ် ။ လက်နှစ်ဖက်ကို ထောက်ပြီးပြန်ကြွတော့မယ့်ပုံသဏ္ဍာန်ဖြစ်ပါတယ် ။













ဘုရားမှာ ပန်းကပ်လှူနေတဲ့ပုံပါး)





ရှင်စောပုဘုရင်မကြီးပုံတူ





ထူးဆန်းလှသော အဖီးတစ်ရာပါသော ငှက်ပျောခိုင်





ဘုရားရှေ့မှာ ဒီလိုထူးထူးဆန်းဆန်းရုပ်ထုတွေရှိလို့ရိုက်ခဲ့တယ် သမိုင်းကြောင်းတော့ရှိမှာပါ



ဒါကတော့ အမတေ ဥတဲ့ ကျောက်ဥတွေပါ (နဂါးဥလို့လည်းခေါ်ကြတယ် အမတေရှိရာ အမတေစု ဆိုသလို အခု ဆို အမတေတွေအများကြီး အဲဒီဘုရားဝင်းအတွင်းက ဘုန်းကြီးကျောင်းမှာ စုမိနေပါပြီ



နွားနို့ထဲအမတေဥကို လပြည့်လကွယ် ထည့်ပြီးဘုရားကပ်ရင် နွားနို့က ပုံမှာပါတဲ့အတိုင်းပွက်လာပါတယ်



ဘုရားကြီးဝင်းအတွင်း ဘုန်းကြီးကျောင်းပေါ်မှ ဘုရားစင်



ဘုရားရှေ့ကားပါကင်တွင်အမှတ်တရ



ကျွန်တော့်အားလိုက်ပို့သော ရုံးအဖွဲ့သားများနှင့်အမှတ်တရ

ဒီလိုနဲ့ တနင်္ဂနွေ ညမှာ တည်းတဲ့ဟိုတယ်မှာပဲ ပွဲလုပ်ပြီး တနင်္လာနေ့မနက် ၆း၃၀ ကားနဲ့ ရန်ကုန်ပြန်ခဲ့ပါတယ် ။ ပထမဆုံး အကြိမ် ရောက်ရှိသွားတဲ့ မော်လမြိုင်ခရီးစဉ်ကတော့ အမှတ်တရများစွာနဲ့ ပြည့်နှက်လို့နေခဲ့ရပါတယ် ။

သက်တန့်ချို
March 27-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. သက်တန်.ချိုကို အခုမှ မမကျား တွေ.ဘူးသွားပြီ

    ReplyDelete
  2. ကျွန်တော်လည်း မရောက်ဖြစ်တာကြာလှပြီကော ရွှေမြိုင်နဲ့ ရွှေမြိုင်သူလေးတွေကိုလွမ်းထှာာား)း)


    မောင်ဘကြိုင်

    ReplyDelete
  3. snwchitthu88@gmail.comMarch 27, 2012 at 8:59 PM

    ကိုသက်တန့်ဆိုဒ်ထဲကနေပဲမော်လမြိုင်ကဘုရား
    တွေဖူးလိုက်ပါတယ်ထူးဆန်းတဲ့ငှက်ပျောခိုင်လည်းကြည့်သွားတယ်နော်

    ReplyDelete
  4. မောင်သက်တန်.ဆိုက်ထဲမှကျိုက်မရောဘုရားကိုဖူးတွေ.ရလို.ကျေးဇူးနော်ငှက်ပျောခိုင်လည်းအားပေးသွားတယ်နော်ခင်တဲ.အန်တီလေး.

    ReplyDelete
  5. မမဟန်နီMarch 28, 2012 at 2:15 AM

    သတိရလိုက်တာရွှေမြိုင်.. ဓတ်ပုံတွေပြန်မြင်ရတော့ အလွမ်းပြေပါတယ်.... ပြန်မရောက်ဖြစ်တာ ကြာလှပေါ့

    ReplyDelete
  6. မော်လျြမိုင်ေ၇ာက်သွားသလိုခံစားမိပါတယ်
    ကျေးဇူးတင်ပါတယ်ရှင်..

    ReplyDelete
  7. မော်လမြိုင်လိုက်လည်ရသလိုဘဲ..
    ပုံတွေတင်ပေးတဲ့အတွက်ကျေးဇူး..
    အထဲက မင်းသားကလဲ ချောပါ့။း)

    ReplyDelete
  8. စားလိုက်တာများတော် ဟွန့်
    သူများတွေသွားရေကျအောင်စားတဲ့ ဆြာဝန်ဂျီးး))
    မော်လမြိုင်သူတွေအကိတ်လို့ပြောတယ်မငမ်းခဲ့ဖူးလားဗျိုးးးးး

    ဂျာရစ်

    ReplyDelete
  9. ပျော်တယ်လား မောင်လေး။ မော်လမြိုင်က ဒီထက်လှတာတွေ အများကြီးရှိပါသေးတယ်။ ကျိုက်မရောက မော်လမြိုင်မြို့ပြင်ဖြစ်နေပြီလေ။ နောက်တခါသွားရင် မြို့တွင်းက ဘုရားတွေ ဖူးခဲ့ဦးနော်။ အစ်မလည်း မောင်လေးကျေးဇူးနဲ့ မော်လမြိုင်ကို အလွမ်းဖြေလိုက်ရတယ်။ ကျေးဇူးတင်ပါတယ်ရှင့်
    မောင်လေး ကျန်းမာပျော်ရွှင်ပါစေ
    ချစ်တဲ့ အစ်မမေလေး

    ReplyDelete
  10. ကိုသက်တန့်လေးရေ ကျနော်ရှိနေတုန်းလာရင်ကောင်းမှာပဲဗျာ ကျနော်ပြန်လာတာ မကြာသေးဘူးဗျ နောက်တခါပေါ့

    ReplyDelete
  11. ကျွန်တော်လဲ ရောက်ဖူးချင်နေတာ.. ဒီလထဲ မန္တလေးချည်းပဲ နှစ်ခေါက်ရောက်သွားတယ်.. ကျောင်းကိစ္စ အိမ်ကိစ္စတွေနဲ့ဆိုတော့ ခါတိုင်း သွားနေကျ နေရာတွေကိုတောင် မရောက်ဖြစ်ခဲ့ဘူး.. မော်လမြိုင်ဝန်းကျင်က ရှုခင်းတွေ ကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ..

    စိုင်းစိုင်း (Z@!)

    ReplyDelete