Friday, March 30, 2012

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. အော် ဖြစ်ရမယ် ကြံကြံဖန်ဖန်။ လူကောင်းတွေ လက်ထဲကောင်းကောင်းမွန်မွန်ရောက်ရင် ကောင်းရဲ့။ မဟုတ်တရုတ် နှိပ်စက်တတ်သူတို့၊ အပျော်ကြံသူတို့ဆို အပျိုစင် မိန်းခလေးတွေဘ၀ သနားစရာပဲ။ အော် ဈေးထဲမှာ ဈေးရောင်းနေတဲ့ အတိုင်းပါပဲလား။ စလုံးက တရုတ်တွေလဲ ဗီယက်နန်အတွက် ဖောက်သည်တွေပဲလေ။ စလုံးမှာလဲ စင်္ကာပူရီယမ် အမျိုးသမီးတွေက educated ဖြစ်သွားရင် ယောက်ျားမရှာပဲ အပျိုကြီးတွေပဲ လုပ်တော့တယ်။ ပညာသိပ်မတတ်တဲ့ စင်္ကာပူရီယမ် အမျိုးသားတွေအတွက်ကျတော့ သူတို့လူမျိုး ရှာစရာမရှိတော့ ဗီယက်နမ်တို့ ပြည်ကြီး တရုတ်တို့က မိန်းခလေးတွေကို အေးဂျင့်တွေကနေ ငွေပေးပြီး ရှာကြတယ်။ အဲလိုကြားနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ ဒီလိုဈေးရောင်း သလိုမျိုးကြီးကတော့ လွန်တာပေါ့ကွယ်။

    ReplyDelete
  2. ဘာတွေဖြစ်ကုန်ပြီလည်းနော်..ဟူးးးးးးးး

    ReplyDelete
  3. အဟီး...စိတ်ဝင်စားသူများ ဗီယက်နမ်ကို ကြွကြပါဆို
    လို့.... နည်းနည်းတွေဝေသွားတယ်။ အလည်ရောက် ခဲ့ပါတယ်။



    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  4. သူတို့လေးတွေရဲ့ဘဝကလည်း ဆိုးလွန်းပါတယ်
    ဟင်းရွက်ကစွန်းရွက်လိုဈေးရောင်းခံနေရပါလားနော်။
    လူသားအားလုံးစိတ်ဓာတ်အစဉ်ကြည်လင်အေးမြကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. တရုတ်ပြည်မှာတော့...မြန်မာမလေးတွေ ယွမ် ၃ သောင်းကျပါတယ်...အပျိုစစ်မစစ် အာမမခံသလို ထွက်ပြေးရင်လည်းတာဝန်မယူပါဘူး...
    သော့ခတ်ထားမှ စိတ်ချ ရတယ်

    ReplyDelete
  6. ဟုတ်ပါ့ ဒို့တွေတော့သွားပါပြီ


    ReplyDelete