Monday, April 2, 2012

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??



ဒီကြော်ငြာလေးက Mrtv-4 ရဲ့ V Guide စာစောင် ဧပြီလ အထူးထုတ်တွင် ပါဝင်သော စာမျက်နှာများထဲမှ တစ် ခုဖြစ် ပါတယ် ။ Album အလိုက်ကြည့်ချင်ရင် > https://www.facebook.com/media/set/?set=a.340676962656285.77163.144593305597986&type=3




မြန်မာ့ရိုးရာသင်္ကြန်တွင် လူငယ်သဘာဝ လန်းလန်းကလေးနှင့်ပျော်ကြသည်ကို ဘာမှမပြောလို ။ ကျွန်တော် လည်းလူငယ်တစ်ယောက်မို့ လန်းလန်းလေးနှင့်ပျော်ချင်သည် ။ သို့သော် အလန်းလွန်ပြီး လန်မထွက် သွားဖို့ တော့ လိုသည် ။



နေရာတိုင်းလိုလို တွင် အမျိုးသမီးများ ဘီယာသောက်ကာ ဟိုပေါ်ဒီပေါ်ကခုန်နေကြသည်ကိုကြည့်ရင်း တခါတ ရံ နိုင်ငံခြားတိုင်းပြည်တစ်ခုများရောက်နေသလားဟု ထင်မိသည် ။ မြောက်ဥက္ကလာပတွင် တချို့လမ်း များ တွင် ဆောင်းဘောက်များအသားကုန်ဖွင့်ပြီး ကောင်မလေးတွေ လမ်းမထွက် က ကြသည် ။ ယောင်္ကျားလေး အကို မောင်ဖွား များက ဘေးမှ ၀န်းရံကာ ထိမ်းကြရသည်။ ခေတ်ကြီးပြောင်းပြန်လန်နေပြီထင်သည် ။

ယခုနှစ်တွင် ရေစိုခံကင်မရာတစ်လုံးဝယ်ကာ ထို Sexy dance များ လိုက်ပြီးရိုက်ရမလား မပြောတတ် ။ သေချာ တာတစ်ခုက မနှစ်က ဘုန်းကြီးဝတ်ပြီး ဆွမ်းခံအကြွ လမ်းတွင် ထို Sexy dance များကို မနည်းရှောင် ရှားသွား ရသည် ။ အော် ဒီဘ၀တော့ သံသရာက လွတ်မည်မထင် ။ ဆိုင်ရာများက မိန်းကလေး Sexy များအား စင်ပေါ် တင်သာမက စင်အောက်တွင်ပါ မြင်မကောင်းအောင်ဖြစ်ခြင်းများ ထိရောက်စွာသတိပေးသင့်သည် ။



လန်းလန်းကလေးနှင့် ပျော်ကြပါ -- မလန်ထွက်ကြပါစေနဲ့ ကြည့်မကောင်းအောင် အမူးလွန်အောင် မသောက် ကြပါနဲ့ ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ်ဆိုပေမယ့် တချိန်ကိုယ့်သားသမီးတွေရှေ့ အွန်လိုင်းမှ ဓါတ်ပုံများ သက်သေ ခံဖြစ်ကာ ငါ့မေမေ ငယ်ငယ်က တော်တော်ကဲတာပဲဟု အပြောခံရလျှင် အရှက်တော်များရကြလိမ့်မည် ။

သင်္ကြန်နှင့် ကျန်းမာရေးဆောင်ရန်ရှောင်ရန်များရေးထားတာရှိသည် ။ မကြာမီရက်ပိုင်းတင်ပေးပါမည် ။

၂၀၁၂ သင်္ကြန်မှာ ရွှင်လန်းစွာ ခေတ်မှီစွာ ရေကစားနိုင်ကြပါစေ ။ လန်ထွက်စွာ ခေတ်လွန်စွာ ကစားခြင်း များ ရှောင် ကြစေလို ။

သက်တန့်ချို
2nd April 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ဟုတ်တယ်နော်။ဒါတွေကမဖြစ်သင့်ပါဘူး။မြန်မာ့ရိုးရာသင်္ကြန်ဆိုတာတဖြည်းဖြည်းနဲံ့ရိုးရာနဲ့မညီကြတော့ပါဘူး။မနှစ်ကလည်တုန်းကဆို မြင်ရတာနဲ့တင်အဲ့နေရာကချက်ချင်းပြန်ပြေးချင်စိတ်တောင်ပေါက်ပါတယ်။ရေတွေလောင်းတဲ့သင်္ကြန်လား။ဘီယာတွေသာက်ပြီးကကြတဲ့သင်္ကြန်လားစဉ်းစားရတောင်ခက်လာပါပြီ။

    ReplyDelete
  2. ဟုတ်ပါ၏... လာရောက်ဖတ်သွားတယ်။ အဲလိုလေးတွေ မြင်ရင်ဒီလိုပိုစ်တွေ များများတင်ပေး
    ပါ။ တကယ် အကျိုးရှိပါတယ်။


    ခင်မင်စွာဖြင့်
    အလွမ်းမြို့

    ReplyDelete
  3. အခုခေတ်ကအဲလိုတွေဖြစ်နေတာဆရာရေ

    ReplyDelete
  4. ဟန်ကြည်April 3, 2012 at 12:10 AM

    ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွတ်လပ်စွာရေးသားတင်ပြခွင့်ရှိပေမယ့် အခုလို တင်ရော၊ ရင်ပါပြတာကတော့ ဆိုးသပေါ့သက်တန့်ရယ်...ခက်တာက ယိုသူကလည်း မရှက်တော့သလို မြင်သူကလည်း မက်နေကြတော့ ခက်သကိုး...

    ReplyDelete
  5. ခေတ်မီတယ်ဆိုတဲ့စကားကို အတွေးချော်ပြီး
    ခေတ်ရဲ့တစ်ဖက်စွန်းကိုရောက်နေကြသူတွေအတွက်
    စိတ်မောမိတယ် မောင်သက်တန့်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. လွတ်လွတ်လပ်လပ် ပျော်ကြပါစေဆရာရယ်။ ဒါပေမဲ့ ဘီယာသောက်တဲ့ မိန်းကလေးတွေကတော့ဆိုးတယ်

    ReplyDelete
  7. ဘာမကောင်းတာလဲ ...ဒီလောက်ပူနေတာ ..

    ReplyDelete
  8. ဖြိုးဝေဝင်းApril 29, 2012 at 6:48 PM

    မပူပါဘူးဗျာ
    ရာာသီဥတုကကောင်းပါတယ်ဗျ

    ReplyDelete
  9. ယဉ်ကျေးမှုမြတ်နိုးတဲ့မြန်မာတွေကို အများကြီး လိုချင်လိုက်တာ။
    လာလည်ကြပါအုန်းကျွန်တော့ဘလော့လေးကိုလဲ www.wisdomlife7.blogspot.com ပါ

    ReplyDelete
  10. အကျိုးပြုစာလေးမို့ပီတိဖြစ်မိပါတယ်

    ReplyDelete